Saturday, August 1, 2009
မျက်ရည်
တခါတခါ
ဘဝမှာ
လိုတာတွေမရတဲ့အခါ....
တခါတခါ
ဘဝမှာ
လိုတာတွေရတဲ့အခါ....
တခါတခါ
ဘဝမှာ
ကိုယ်ဟာအဖော်မဲ့နေတဲ့အခါ....
တခါတခါ
ဘဝမှာ
ဘော်ဒါဟောင်းတွေနဲ့ပြန်ဆုံတဲ့အခါ....
မျက်ရည်တွေက
ပျော်ရင်ကျတယ်
ကြေကွဲရလဲ
ကျရတာဘဲ
ကိုယ့်ဘဝထဲ
သူလဲ...မရှိမဖြစ်အရေးပါတယ်.....
(ဘာရယ်မဟုတ်ပါဘူး... မအားတာရယ်... ဘလော့လေးကိုလဲပစ်မထားချင်တာရယ်ကြောင့်... ပေါ့ပေါ့ပါးပါးကဗျာလေးဘဲ စပ်လိုက်တာပါ)
23 comments:
  1. ဝမ်းသာလို့ ကျရတဲ့ မျက်ရည်များသာ ဖြစ်ပါစေ ။
    (ဝမ်းနည်းနေတုံး အားရပါးရ ငိုချလိုက်ရရင်လဲ မဆိုးပါဘူး ထင်တယ်နော် )
    ခင်မင်လျှက် ...
    ကိကီ ။
    ReplyDelete
  2. ဒါပေါ. မကြီး မျက်ရည်က မကြီးတို.
    မိန်းမသားတွေ ရဲ. အပြင်းဆုံးနဲ. အထိရောက်ဆုံး
    လက်နက်မဟုတ်လား အကိုကြီးတော. ဘယ်လောက်
    ခံစားခဲ.ရပြီးပြီလည်း သိဘူးနော် :D :P
    ReplyDelete
  3. ဘာရယ်မဟုတ်ပါဘူး.. ၀င်လာလိုက်တာ...
    ဘာရယ်မဟုတ်ပါဘူး...ဖတ်ဖြစ်လိုက်တယ်...
    ဘာရယ်မဟုတ်ပါဘူး....မန့်ချင်လာလို့....
    ဘာရယ်မဟုတ်ပါဘူး.တကယ်ပါ
    ဘာရယ်မဟုတ်ပါဘူး
    ReplyDelete
  4. မျက်ရည်ကျလိုက်ရင်တော့ နဲနဲပေါ့ပါးသွားတယ်လို့ ခံစားရတယ်။
    ReplyDelete
  5. မမရေ ဟုတ်တယ်နော်
    ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ်
    ဝမ်းနည်းလွန်းလို့ မျက်ရည်ကျတယ်နဲ့
    တကယ်တော့ မျက်ရည်ကျတာဟာ သူများတွေက ပြောတော့ အရှုံးပေးတာတဲ့
    အနော်ကတော့ ငိုလိုက်ရင် စိတ်ထဲပေါ့ပါးသွားလို့
    ခန ခန ငိုတယ် ဟိဟိ
    ReplyDelete
  6. ဟုတ်တယ်။ မျက်ရည်လေးက သူ့နေရာနဲ့သူ အရေးပါတယ်နော်။ ညီမတော့ အခုလအတွင်း ကျလိုက်ရတဲ့မျက်ရည်တွေ။ ပရော်ဖက်ဆာက ဆူလို့ ကျရတာနဲ့။ အိမ်ကိုလွမ်းလို့ ကျရတာနဲ့။ စက်ဘီးစီးရင်း ကလေးတစ်ယောက်ကို ရှောင်လိုက်တာ ကိုယ်စက်ဘီးကလဲပြီး ခါးနာသွားလို့ မျက်ရည်ကျရတာနဲ့။ ဟဲဟဲ ဒီလ ငိုလိုက်ရတဲ့ မျက်ရည်တွေစုထားရင် ပုံးတစ်ပုံးစာတော့ ရမယ်။ အပေါ်က အနော်ပြောသလိုပဲ။ ငိုလိုက်ရင် ပေါ့သွားတာဆိုတော့လေ။ :p ။ ဒီကဗျာလေးက တိုတိုလေးနဲ့ ထိရောက်တယ်။ မျက်ရည်ရဲ့တန်ဖိုးကို ပိုခံစားသိရှိရပြန်ပြီ။ ဖတ်လို့ကောင်းတယ် :D
    ReplyDelete
  7. ပေါ့ပေါ့ပါးပါးကဗျာလေးကို
    ပေါ့ပေါ့ပါးပါးလေးပဲလာဖတ်သွားပါတယ်ခင်ဗျ
    မျက်ရည်ကတော့ကျနော့်ဆီမှာခမ်းခဲ့တာကြာပေါ့
    ReplyDelete
  8. မျက်ရည်ဆိုတာငံကျိကျိနဲ့ခင်ဗျ ဟီးဟီး
    ReplyDelete
  9. မရေ............
    ဟုတ်တယ်နော် မျက်ရည် ကလေ
    မကျချင်ဘူး
    ချစ်တဲ့
    မြူးလေး
    ReplyDelete
  10. Kiki၊မြူးလေး၊ရှင်လေး၊လသာည လာလည်ပြီးcommentတွေရေးသွားတာကျေးဇူးအထူးတင်ပါတယ်...း)
    ReplyDelete
  11. မိုးစက်အိမ်-လူဆိုး-ခလေးကခလေးလိုနေစမ်းပါကွယ်း)
    အနော်-ခဏခဏငိုတာဟိဟိတဲ့-နောက်တယ်နော်း)
    သားကြီး-မျက်ရည်ငံတယ်ဆိုတော့ခမ်းသွားတာကရှိသမျှမျက်ရည်တွေ အကုန်သောက်ပစ်လိုက်လို့ထင်ရဲ့နော်း)
    ရေတမာ-ဘာရယ်မဟုတ်ဘဲမန့်ချင်လို့မန့်သွားတာကျေးဇူးတင်ပါတယ်း)
    ReplyDelete
  12. မမလို့ ခေါ်ရမလား ဘယ်လိုခေါ်ရမလဲ ဟင် ရှုပ်ပါတယ် နှင်းဆီလို့ပဲခေါ်မယ် အဲလိုခေါ်တာမကြိုက်ရင်ပြောနော် ဘယ်လိုခေါ်ရမလဲလဲပြောဦးသိလား ဟိဟိ
    လာတယ်နော် ကဗျာလေးလဲ ဖတ်သွားတယ် မျက်ရည်တွေ သိပ်မကျနဲ့ဦးလေ ကောင်းဘူးတဲ့ ဟဟဟ ဆရာလုပ်သွားတယ် ဘိုင် တာ့တာ
    ReplyDelete
  13. ငယ်ငယ်ကလည်း အားကြီး အငိုလွယ်တယ်လို့ လူကြီးတွေက ပြောကြတယ်။ တခါတလေ ပြောငိုလေးက ပါသေးတဲ့...။ အခုလည်း မျက်ရည်က လွယ်ပါတယ်။ ပို့စ်တွေဖတ်ရင်း၊ ရေးရင်းတောင် သူက အဖေါ်ဖြစ်နေလို့
    ReplyDelete
  14. rose ရေ
    မျက်ရည်ကတော့ မအယ်က လွယ်တယ်။ ဘလော့ပို့ စ်တွေ ဖတ်ရင်းတောင် ခဏခဏ မျက်ရည်ကျတယ်။
    မအယ်ဆီလာလည်တာကျေးဇူးတင်ပါတယ်။ မအယ်လည်း ရောက်ပါတယ်။
    နောက် အချိန်ရတော့မှ rose ရေးတာတွေ လာဖတ်ပါအုန်းမယ်။
    ချမ်းမြေ့ပါစေ
    မအယ်
    ReplyDelete
  15. မရေ....... ကဗျာလေး လာဖတ်ပြီးတော့ မျက်ရည်ဝဲသွားတယ် သဘောကျလို့ ။ ဘာရယ်မဟုတ်ပါဘူး.... သန်းရင်တောင် မျက်ရည်လေးက ၀ဲသေးတာပဲ။
    ပျော်လို့ ကျတဲ့မျက်ရည်လေးတွေပဲ ဖြစ်ပါစေလို့။
    ReplyDelete
  16. အပေါ်ကလူတွေပြောသလိုပဲ ငိုရင်ပေါ့သွားတယ် အမရ။
    ဒါပေမယ့် မငိုရပါစေနဲ့လို့ ဆုတောင်းပေးတယ်နော်။
    ခင်မင်လျှက်
    ReplyDelete
  17. ကဗျာလေးကအသက်ဝင်တယ်။
    အရမ်းကောင်းပါတယ်။
    ခင်တဲ့
    ဂျာမုန်း
    ReplyDelete
  18. ငှက်ကလေးရေ...မမလို့ခေါ်တာပိုကြိုက်ပါတယ်...
    ဟုတ်တယ်နော်မသီတာ.... သူကအဖော်လဲဖြစ်သေးတယ်...
    မျက်ရည်လွယ်တဲ့မအယ်...လာလည်ပြီးcommentရေးသွားတာကျေးဇူးပါရှင်...
    Angel Shaper>ကျေးဇူးတင်ပါတယ်... ပျော်လို့ကျတဲ့မျက်ရည်တွေဘဲဖြစ်ရပါစေမယ်...
    Phoe>ဆုတေင်းပေးတာကျေးဇူးပါရှင်...
    ReplyDelete
  19. ခင်စရာကောင်းတဲ့ဂျာမုန်းရေ... ကျေးဇူးတင်ပါတယ်နော်...
    ReplyDelete
  20. စည်သူကမန့်မရလို့Gtalkကနေမန့်သွားတာလေးပါ
    အားလုံးကငိုရင်ပေါ့သွားတယ်ဘဲပြောကြတယ်
    ကျနော်တောင်ငိုချင်လာပြီ
    ဟင်း(န်)..ဟင်း(န်)..ဟင်း(န်)..
    ဟင်...ပေါ့သွားပြီ
    ပျော်ရွှင်ပါစေ
    စည်သူ
    ReplyDelete
  21. တို့အဖော်ကလဲ မျက်ရည်ပါပဲ
    ReplyDelete
  22. ဟုတ်တယ်နော်... ကောင်းကင်ပြာ... လာလည်ပြီးကော်မန်းရေးသွားတာကျေးဇူးတင်ပါတယ်...း)
    ReplyDelete
  23. ကော်မန့်ရေးသွားကြတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်
    ReplyDelete