Thursday, July 23, 2009

ဖူးစာ(သို့မဟုတ်)နံရိုး


ကျမတို့ဆယ်ကျော်သယ်အရွယ်လောက်တုန်းက ညီအမတွေ သူငယ်ချင်းတွေ အားလုံးလိုလို ကိုယ့်ဖူးစာရှင်ဘယ်သူဖြစ်မလဲလို့ အရမ်းသိချင်ပြီး ကြားဖူးသမျှတွေနဲ့စမ်းသပ်ခဲ့ကြတယ်... အများစုကဖူးစာရှင်လို့ပြောကြတယ်... ကျမတို့ခရစ်ယာန်အသိုင်းအဝိုင်းမှာတော့ နံရိုးပိုင်ရှင်လို့ပြောကြပါတယ်...အာဒံအတွက်လက်တွဲဖော်ကိုဘုရားသခင်ကဖန်ဆင်းတော့ အာဒံရဲ့ကိုယ်ထဲကနေနံရိုးတချောင်းကိုထုတ်ပြီး ဧဝကိုဖန်ဆင်းခဲ့လို့ပါ... အိမ်ထောင်ရေးအဆင်မပြေကြရင် ဖူးစာလွဲလို့ သို့မဟုတ် နံရိုးလွဲလို့ ဆိုပြီးပြောကြတာ ကြားဖူးပါတယ်... ဖူးစာရှင်သိချင်လို့စမ်းသပ်ကြသူ သူငယ်ချင်းတချို့က မအိပ်ခင်ကြက်ဥစားပြီးရေမသောက်ဘဲအိပ်တယ်တဲ့... အိပ်မက်ထဲမှာဖူးစာရှင်ကရေလာတိုက်မယ်ဆိုဘဲ... တချို့ကအပင်ပေါ်ကကြွေတဲ့ပန်းကိုမြေမခခင်ကောက်ပြီးခေါင်းအုံးအောက်ထားအိပ်ရင် ဖူးစာရှင်ကိုအိပ်မက်မက်လိမ့်မယ်တဲ့... စမ်းသပ်တဲ့သူငယ်ချင်းတွေအားလုံး အိပ်မက်ထဲမှာတယောက်ယောက်တော့တွေ့ကြတယ်... အပြင်မှာအဲဒီသူနဲ့တကယ်တွေ့ပြီးလက်ထပ်ဖြစ်လားမဖြစ်လားတော့ကျမ မသိပါဘူး... ကျမကတော့ပန်းပွင့်လေးနဲ့စမ်းသပ်ဘူးပါတယ်... ဒါပေမဲ့ဘယ်သူ့ကိုမှအိပ်မက်ထဲမှာမတွေ့ပါဘူး... ဘယ်နှစ်ခါစမ်းသပ်စမ်းသပ် မတွေ့ပါဘူး... တခါတခါစဉ်းစားမိတယ်... သူတို့ကျတွေ့ရပြီးငါ့ကျမှဘာလို့မတွေ့ရပါလိမ့် အပျိုကြီးဖြစ်မှာမို့လို့လားလို့...

ကျမအသက်၂၃နှစ်မှာ ကျမသိပ်ချစ်ရတဲ့သူ ကိုကျမအလုပ်လုပ်တဲ့နေရာမှာ ဆုံစည်းခဲ့ပြီး ၂၅နှစ်ပြည့်ဘို့ ၃လကျော်ကျော်လောက်အလိုမှာလက်ထပ်ခဲ့ပါတယ်... အခုအိမ်ထောင်သက်ဆယ်နှစ်ကျော်မှဒီအကြောင်းပြန်စဉ်းစားမိတော့... ငယ်ငယ်ကဘာကြောင့်အိမ်မက်ထဲမှာသူ့ကိုမတွေ့ခဲ့ရတာလဲဆိုတဲ့အဖြေကို ကိုယ့်ဟာကိုယ်ဘဲပြန်ဖြေမိတော့တယ်... သူနဲ့ကိုယ်နဲ့က တယောက်နဲ့တယောက် ဆုံစည်းနိုင်မယ်မထင်ရတဲ့ တမြေစီကမို့ ဖူးစာရေးနတ်က ကျမရဲ့အိပ်မက်ထဲသူ့ကိုအချိန်မီမပို့ပေးနိုင်ခဲ့ဘူးရယ်လို့လေ....

30 comments:

  1. အိပ်ချင်မူးတူးနဲ့ ခေါင်းစဉ်လေးဖတ်လိုက်တာ ဖူးစာဆိုတာမမြင်ပဲနဲ့
    နံရိုး..ဆိုတာ ၀က်နံရိုးကြော်အကြောင်းများ ရေးမှာလားလို့။
    ဖူးစာဆိုတာ လူးလာရင် ဒူးကာလို့မရဘူးဆိုပဲ။
း) ဟားဟား။

    ReplyDelete
  2. အမရေ လာဖတ်သွားတယ်နော်

    ReplyDelete
  3. ဟေ့အေး.. တို့များလဲ နံရိုးမြင်တော့ ဖူးစာရှာတာကို ဝက်နံရိုးနတ်နဲ့ မေးပြီး ရှာတာလား ထင်နေတာ။ တော်ပြီ။ ကင်တင်းက ဝက်နံရိုး ခေါက်ဆွဲပဲ သွားစားတော့မယ်။

    ReplyDelete
  4. ဖူးစာရေး နတ်က သူ့ ကို ပို့ မို့ ပါပဲ.. ဗီဇာက ချမပေး ဘူးလေ...း))
    ခွင့်လွှတ်လိုက် ခွင့်လွှတ်လိုက်း))

    ReplyDelete
  5. ဟေးဟေး....

    အဲဒါဆိုရင် ကျွန်တော်လဲစမ်းကြည့်အုံးမှ
    ကြက်ဥစားပြီး စမ်းတဲ့နည်းကတော့
    ပိုအဆင်ပြေမယ်ထင်တယ်..ဟဲဟဲ
    ဒီမှာက ကြက်ဥတစ်လုံး ဆယ့်ရှစ်ပြားလေ..။

    အမကလည်း....
    ကွန်တော့်ကိုမေ့နေတာကိုး
    အစ်မတို့နှစ်ယေက် တစ်နယ်ဆီခြားနေလို့ လေ
    မှတ်မိသေးလား..? ကျွန်တော်ကူညီခဲ့တာ..

    အင်....ချစ်သူတိုင်းလည်းညားကြပါစေဗျာ

    ဒုံး ဒုံး ဂွပ်ဂွပ်ဂွပ် ....

    မောင်လေး..တစ်လလား..?

    တစ်လနဲ့ ဆယ့်ငါးရက်လေ..
    မင်္ဂလာဆောင်ရင် ဖိတ်စာပို့နော် အမ
    ကျွန်တော်လာခဲ့မယ်....

    ခင်မင်စွာဖြင့်
    စည်သူ..။

    ReplyDelete
  6. မမရယ်
    ဖြစ်ရတယ်.။ ဖူးစာနဲ့နံရိုးဆိုလို့ ဘာများလို့လို့။ဟိဟိ
    ဖူးစာဆိုတာ ဦးရာလူပါ။

    မမကိုချစ်တဲ့
    မေလေး

    ReplyDelete
  7. pu sar so tar oo yar lu par ....

    ReplyDelete
  8. မ ရှာရွန်းရေ......
    မရဲ့ ဖူးစာလေး လာဖတ်တာ....
    ရှာတွေ့ တဲ့ဖူးစာနဲ့ အတူ ရတဲ့လက်ဆောင်လေးတွေနဲ့ ဘ၀သက်ဆုံး ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ။

    ReplyDelete
  9. Thuhninsee,Subuueain,Ko Boyz,Meemeechit>လာလည်ပြီးကွန်မန့်ရေးသွားကြတာကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
  10. စည်သူရေ ကျေးဇူးရှင်ကိုမေ့နေမိတာခွင့်လွှတ်ပါ... ဒုံးဒုံးဂွပ်ဂွပ်ဂွပ်ဆိုတာဘာတုန်း... အဲလောက်ဥာဏ်မမှီလို့သဘော မပေါက်ဘူး... ကြုံရင် ရှင်းပြနော် :)

    ReplyDelete
  11. Maylay and Anonymous, ဟုတ်တယ်နော်... ဖူးစာဆိုတာဦးရာလူပါလို့ တော်တော်များများပြောကြတယ်... လာလည်ကြတာကျေးဇူးအထူးတင်ပါတယ်...း)

    ReplyDelete
  12. ဖူးစာဆိုတာ ဦးရာလူလို့ကြားဖူးတယ်။
    စကားမစပ် sharon ဆိုတာ ဘာအဓိပ္ပါယ်လဲဟင်
    ရှာမတွေ့လို့။

    ReplyDelete
  13. Thanks alot Angel Shaper,thanks for your beautiful wishes.
ွှအပြုံးပန်းရေSharon ဆိုတာ Christian name ပါ... Google မှာ Bible Dictionary ဆိုပြီးရိုက် ပြီးရင် S နဲ့ စတဲ့ထဲက Sharon ကိုရှာကြည့်ရင် တွေ့လိမ့်မယ်...

    ReplyDelete
  14. ဘဲဥစားပြီးလုပ်ကြည့်ဘူးတယ်။
    ဟဲဟဲ မမှတ်မိတော့ဘူး။
    Hello to all.

    ReplyDelete
  15. လာကြိုက်တဲ့လူတွေ များလွန်းလို့ ဖူးစာရှင်ကို နံရိုးထောက်ပြီး ရွေးရတာလား လို့..း)

    မိန်းကလေးတွေငယ်ငယ်က ကိုယ့်ဖူးစာရှင် ဘယ်သူလဲလို့ သိချင်တာ သဘာဝပါ။ ညသန်းခေါင်ကျော်မှာ မှန်ထဲမှာ စေ့စေ့ ကြည့်ရတယ် ဆိုတာ ပါသေးတယ်။ တချို့ နည်းလမ်းတွေကလည်း ကြောက်စရာ။

    ReplyDelete
  16. Thanks Shinlay, ဒါဆိုဘဲဥနည်းကမမှန်လောက်ဘူး...ဟားဟား...
    Thanks Pandora, ကြောက်စရာနည်းတွေရှိတယ်တဲ့လား.... လာလည်တာကျေးဇူးနော်...

    ReplyDelete
  17. ရှေးလူကြီးတွေကပြောကြတာ
    နဖူးစာ ရွာလည်တယ် ဆိုတာလေ။

    ခု အဲဒီ နဖူးပေါ်မှာ စာမရေးမိလို့ လား ။
    ဒါမှ မဟုတ် လိပ်စာ မှားရေး မိတယ်နဲ့တူပါတယ် ၊။
    ရွာတင် မက ၊ ကမ္ဘာ ပါလည် သွားတာ လေ ။။

    ခင်မင်လျှက်
    ကိကီ

    ReplyDelete
  18. ဟုတ်ပkikiရယ်... ဖူးစာက ကမ္ဘာလည်သွားတယ်... လာလည်တာကျေးဇူး.. ခင်မင်လျှက်း)

    ReplyDelete
  19. မရေ... ဘယ်နည်းကိုမှ တစ်ခါမှ မလုပ်ကြည့်ဖူးဘူး ...တော်ကြာ ကြောက်စရာကြီး တွေ့ နေမှာ စိုးလို့  :P

    ReplyDelete
  20. အစ်မအိပ်နေတဲ့အချိန်မှာသူကနိုးနေလို့
    ဖြစ်ပါလိမ့်မယ် အဲဒါကြောင့်အိပ်မက်မှာမတွေ့တာပါ
    ယောကျာင်္းတွေရော အဲဒီနည်းတွေနဲ့စမ်းသပ်လို့ရပါသလားခင်ဗျာ?
    ကျနော့်နံရိုးတစ်ချောင်း ပိုးစိုးပက်စက်ကိုကျပျောက်နေလို့ :)

    ReplyDelete
  21. ဖြစ်နိုင်တယ်သားကြီးရေ... ယောင်္ကျားလေးတွေစမ်းလို့ရမရ မသိပါဘူး... အမတောင်အိပ်မက်ထဲမတွေ့ခဲ့ရပါဘူးဆို... နံရိုးပိုင်ရှင်လေးအမြန်တွေ့ဖို့ဆုတောင်းပေးမယ်နော်...

    ReplyDelete
  22. ငယ်ငယ်ကအဲဒီအကြောင်းကိုဂျာမုန်းလည်းတွေခဲ့ဘူးတယ်။
    ညအိပ်ခါနီးမှာဘယ်သူမမသိအောင်ကြက်ဥပြုတ်ပြီးအထဲကအ၀ါကိုပဲစားထားမယ်။
    ရေလုံးဝမသောက်ရဘူး၊ အေ..အဲဒီညအိပ်မက်ထဲမှာရေလာတိုက်တဲ့သူက ကိုယ်ရဲ့နံရိုးပိုင်ရှင်တဲ့လေ။ အဲဒါဂျာမုန်းငယ်ငယ်ကလုပ်ခဲ့တယ်။
    ညရောက်တော့ကြောက်လာတယ်လေ၊ ရင်တွေလည်းခုန်လို့။
    ဒါပေမယ့်မတွေ့ပါဘူး။ သူများပြောလို့စမ်းကြည့်ချင်တာလေ။
    ခင်တဲ့
    ဂျာမုန်း

    ReplyDelete
  23. ကျနော့ နံရိုးတော့ ဘယ်သူများ ကြော်စားလိုက်လဲမသိဘူး... :P

    ReplyDelete
  24. ဂျမုန်းရေ... ဒါဆိုဒို့နှစ်ယောက်အဖြစ်ကခပ်ဆင်ဆင်....ဘဲဥနဲ့ပန်းဘဲကွာတာ... လာလည်သွားတာကျေးဇူးပါ...
    ရေတမာရေ...ဒါဆိုလဲစားလိုက်တဲ့သူနဲ့တနေ့ဆုံမယ်ထင်ရဲ့နော်... Good Luck:

    ReplyDelete
  25. ဖူးစာက တမြေစီခြားနေပေမယ့် ကံဆုံတော့လဲ ဘယ်လောက်ဝေးဝေး နောက်ဆုံးတော့ ဆုံတွေ့ကြတာပဲဟုတ်။

    ReplyDelete
  26. ဟုတ်တယ်မိုးကောင်းသူ....နောက်ဆုံးတော့ဆုံတွေ့ကြတာပါဘဲ... လာလည်တာကျေးဇူး.. :)

    ReplyDelete
  27. ကျနော်တော့မစမ်းချင်ဘူး

    ခု အရမ်းချစ်တဲ့ ချစ်သူမဟုတ်ပဲ
    တခြားသူဖြစ်နေမှာဆိုးလို့

    ReplyDelete
  28. ဒီလိုဆိုရင်တော့ဒီတိုင်းဘဲကောင်းပါတယ်ကြယ်ကလေးရယ် :)

    ReplyDelete
  29. အော်- အဲဒီလိုလား ။း)) .အိပ်မက် အန်တင်နာ မမိတာပေါ့..ဒါမှမဟုတ်..အိပ်မက် မဆန့်တာဖြစ်မယ်။း)

    ReplyDelete
  30. နှစ်ခုလုံးဖြစ်နိုင်တာဘဲနော်... လာလည်တာကျေးဇူးပါKay :)

    ReplyDelete