Saturday, July 18, 2009

မိသားစုအပန်းဖြေခရီး


ခလေးတွေကျောင်းပိတ်တိုင်းကျမတို့မိသားစု အလည်ခရီးထွက်ကြပါတယ်... စကာင်္ပူနဲ့ဘန်ကောက်ကတော့ အမြဲသွားလည်နေကျပေါ့... ဒါပေမဲ့ ဒီနှစ်တော့ swine flu ကြောက်လို့ပြည်တွင်းခရီးဘဲထွက်ဖို့ဆုံးဖြတ်ပြီး မိသားစုအေးအေးချမ်းချမ်းအနားယူနိုင်ဘို့ private beach လေးရှိတဲ့ Anoasis resort ကိုရွေးချယ်ခဲ့ပါတယ်... ဟိုချီမင်းမြို့ကနေအဲဒီနေရာကိုရောက်ဖို့ ကားနဲ့သွားရင် ၁နာရီနဲ့၄၅မိနစ်ဘဲကြာမယ်လို့ မြေပုံအညွှန်းမှာ ရေးထားပေမဲ့ တကယ်တမ်းသွားတဲ့အခါအိမ်ကနေမြို့ပြင်ရောက်တဲ့အထိကိုနာရီဝက်လောက်ကားမောင်းရတော့ စုစုပေါင်း ကြာချိန်က ၂နာရီခွဲလောက်ရှိပါတယ်... ဒီခရီးစဉ်ကကျမအတွက် တကယ့်ကိုအပန်းဖြေခရီးပါဘဲ... ခလေးတွေအတွက်ဟင်းချက်စရာမလိုတဲ့အပြင် သူတို့ကိုအိမ်မှာလို activities တွေတခုပြီးတခုမပျင်းရအောင်စီစဉ်စရာလဲမလိုပါဘူး... ဗိုက်ဆာတယ်ဆိုစားသောက်ဆိုင်ခေါ်သွားလိုက်တယ် ဆော့ချင်တယ်ဆိုခလေးကစားခန်းလေးဆီပို့ပေးတယ်... အဲဒါပြီးရင် သူတို့အဖေနဲ့ရေကူးကြတယ်... ညနေဆိုပင်လယ်ကမ်းခြေမှာခရုထွက်ကောက်ကြတယ်...

သူတို့အတွက်က အပျော်ခရီး ကျမအတွက်တော့အပန်းဖြေခရီးပေါ့...

အခုတော့အားရပါးရနားလို့ဝသွားပါပြီ... ကျမ မရှိပေမဲ့ကျမဘလော့လေးဆီလာလည်သွားကြတဲ့ ကျမရဲ့ဘလော်ဂါမောင်နှမများကိုအထူးကျေးဇူးတင်ပါတယ်... အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်...

23 comments:

  1. ကောင်းတယ် အမရေ .. ခုလို မိသားစူ
    လေးပျော်နေတာမြင်တော. ကြည်နူးမိပါတယ်ဗျာ
    အားလဲကျပါတယ် :P တူလေး တူမလေးတွေလဲ
    ချစ်စရားလေးတွေ ဘဲဗျို.... ထာဝရ
    ပျော်ရွှင်ချမ်းမြေ.ပါစေဗျာ...ခင်မင်လျက်

    ReplyDelete
  2. မိသားစု ဘဝအားကြလိုက်တာ

    လာလည်စေချင်ပါတယ်

    ပျော်ရွှင်ချမ်းမြေ.ပါစေဗျာ.

    ReplyDelete
  3. မိုးစက်အိမ်နဲ့ကြယ်ကလေး လာလည်သွားတဲ့အတွက်ရော၊ ပေးသွားတဲ့ဆုတွေအတွက်ရော ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  4. သမီးလေးရော..သားလေးရောချစ်စရာလေး..
    သားလေးက ဗိုက်ပူပူလေးနဲ့.. အသည်းယားလိုက်တာ..း)

    ReplyDelete
  5. ပျော်ရွှင်ပါစေအမရေ..။
    ပျောက်နေလို့ မအားဘူးထင်နေတာ..။
    လက်စက်သတ်တော့ မအားဘူးကိုး..ဟီဟီး
    အခုထိရှိတုန်းပါအမရေ...။
    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  6. ကောင်းလိုက်တာ..ကလေးတွေ ကျောင်းပိတ်ရက်ကို
    တူတူလိုက်လည်လို့ရတယ်..
    ကျနော်ကတော့..သူ့တစ်ယောက်တည်းလွှတ်လိုက်တယ်

    ReplyDelete
  7. Rose ရေ ပြန်ရောက်ပြီလား။ စာတွေဆက်ရေးဖို့  အင်အား တွေရလာတာပေါ့။ သတိရနေတာ။ Pls say hello to your family.....

    ReplyDelete
  8. ကျေးဇူးကူးကူးရေ.. အဲဒီဗိုက်ကတဝက်ကျပြီးသားဗိုက်....စည်သူရေ...မောင်လေးဆုတောင်းကြောင့်အမပျော်ရွှင်နေပါတယ်(ခင်မင်စွာဖြင့်)... Pauk ရေ...ပင်လန်းကမ်းခြေကသူမလိုက်မဖြစ်လို့လိုက်ရတာ..အမကရေကောင်းကောင်းမကူးတတ်လို့...ပြန်ရောက်ပြီရှင်လေးရေ.. ကျမလဲသတိရနေတာ... သူတို့ကိုနှုတ်ဆက်ကြောင်းပြောပြလိုက်ပါ့မယ်.. အားလုံးကိုကျေးဇူး :)

    ReplyDelete
  9. ဗိုက်နေရာမှာ အကျီင်္က ကျပ်နေတယ်.. ရယ်စရာလေး...။

    ReplyDelete
  10. ခရီးထွက်တာ သိပ်ကို ၀ါသနာကြီးတယ်။ ဒါပေမယ့် အခြေအနေမပေးလို့ မထွက်ဖြစ်ဘူး။ အဲဒီလို အပန်းဖြေခရီး ထွက်ချင်လိုက်တာ။

    ReplyDelete
  11. ဟုတ်တယ်...sin dan lar, သူဘာဝတ်ဝတ် အဲဒီနားမှာအမြဲကျပ်နေတာ... ဟုတ်ကဲ့ငယ်နိုင်... အခြေအနေပေးလို့ခရီးထွက်ဖြစ်တဲ့တနေ့... ပြန်ပြောပြနော်... အားလုံးကိုကျေးဇူးး)

    ReplyDelete
  12. မိသားစု ဘ၀လေးကိုအရမ်းအားကျမိပါတယ်။
    သားလေးသို့သမီးလေးတစ်ယောက်တော့လိုချင်သား
    ကြိုးစားလိုက်ဦးမယ်မမရေ.
    အဟားးး

    ReplyDelete
  13. ကြိုးစားမျက်မှန်လေးရေ... အားပေးတယ်... ဆုလဲတောင်းပေးမယ်... လာလည်တာကျေးဇူး :)

    ReplyDelete
  14. ပျော်စရာကြီး မမရေ...
    နောက်လဲ မိသားစုလိုက် ပျော်စရာ ခရီးတွေ အများကြီး ထွက်ဖြစ်ပါစေလို့  ဆုတောင်းပေးတယ်နော် ..

    ReplyDelete
  15. ကျေးဇူးတင်ပါတယ်မီးမီးချစ်လေး... နေကောင်းသွားပြီလား ? Take care. :)

    ReplyDelete
  16. ချစ်မမရေ
    မမတို့ မိသားစုဘဝလေးက အားကျစရာလေးနော်။
    နောက်စင်ကာပူလာရင်ပြောလေနော် မမ။
    ချက်ကျွေးချင်လို့။

    ReplyDelete
  17. မိသားစုကို ဦးစားပေးတဲ့  အိမ်ရှင်မကောင်း တဦး အဖြစ်နေရတဲ့ ဘဝလေး ။မိသားစု နဲ့အတူ ပျော်ရွှင်စရာ အားလပ်ရက်လေးတွေ အပန်းဖြေလို့ရတဲ့ ဘဝလေး ။ အတော် အေးချမ်း ပါတယ် နော် ...

    သား နဲ့  သမီး လေး တွေလည်း ချစ်ဖို့ ကောင်းတယ် ။။

    အစဉ်အမြဲ ချမ်းမြေ့ ပါစေ။
    (ကော်မန့် ထဲမှ တဆင့် အလည် လာတာပါ ။ လာနှုတ်ဆက်တာ နောက်ကျသွားတယ် ။ ဆောရီး ပါ )

်ခင်မင်လျှက်
    ကိကီ..

    ReplyDelete
  18. ချစ်စရာကောင်းတဲ့မေလေး... စကာင်္ပူလာရင်ချက်ကျွေးမယ်ဆိုလို့ချက်ချင်းကိုပြေးလာချင်စိတ် ပေါက်သွားတယ်... လာရင်ပြောမယ်နော်... လာလည်သွားတာကျေးဇူး...စာရေးကောင်းတဲ့Kiki ကျမဆီလာလည်သွားတာအရမ်းကို ဝမ်းသာမိပါတယ်... ဆုတောင်းပေးသွားတဲ့အတွက်လဲကျေးဇူးတင်ပါတယ်

    ReplyDelete
  19. ချစ်စရာလေးတွေနော်...
    ချောချောလေးတွေ..

    ReplyDelete
  20. ကျေးဇူးတင်ပါတယ်အိမ်ချမ်းရေ.. :)

    ReplyDelete
  21. Where is the gift for me, Aunty?????
    :((((

    ReplyDelete
  22. Sorry Craton, there's nothing to buy because it's a private beach, no souvenir shop around, maybe next time,don't be sad. :D

    ReplyDelete