Thursday, July 2, 2009

ကျောင်းတွေပိတ်တော့မည်


ဒီခလေးလေးနှစ်ယောက်ကကျမသိတ်မြတ်နိုးရတဲ့ကျမရဲ့အဖိုးတန်ရတနာလေးတွေပေါ့....ဘာနဲ့မှကိုမလဲနိုင်ပါဘူးရှင်...သူတို့လေးတွေကြောင့်ကျမရဲ့ဘဝအသက်ရှင်မှုကအဓိပါယ်ရှိနေတာပါ...အပေါ်ကပုံလေးကသူတို့မောင်နှစ်မနှစ်ယောက်အိမ်နောက်ဘက်ခြံထဲမှာဆော့နေတဲ့ပုံပါ...သူတို့နှစ်ယောက်ပျော်နေဖို့ကျမအမြဲကြိုးစားပါတယ်..ကျမငယ်ငယ်တုန်းကတော့ကျမတို့မိဘတွေကကျမတို့ ပျော်အောင်ကြိုးစားအားထုတ်စရာမလိုအပ်ခဲ့ပါဘူး...မောင်နှစ်မခြောက်ယောက်ရှိတဲ့အတွက်အငယ်ကိုအကြီးက တဆင့်စီထိန်းရင်း ကစားနည်းမျိုးစုံမရိုးအောင်ကစားခဲ့ကြတာပါ...ကစားစရာတွေလည်းအထူးတလည်မလိုအပ်ခဲ့ပါဘူး...အစ်ကိုအကြီးဆုံးက တွန်းလှည်းလေးတွေကိုရာဘာဖိနပ်ဟောင်း၊ဝါးလုံး၊သားရေကွင်းတွေနဲ့ တီထွင်တတ်တယ်...အစ်မတစ်ယောက်ကကတ်ထူစာရွက်နဲ့အရုပ်မလေးတွေ အဝတ်တွေလုပ်တတ်တယ်...ကျန်တဲ့အစ်မတစ်ယောက်ကပေါက်ပေါက်ရှာရှာကစားနည်းတွေကိုဦးဆောင်ကစားတတ်ပါတယ်...ကျောင်းပိတ်တဲ့နေ့တွေဆိုကျမတို့ဘယ်တော့မှမပျင်းရပါဘူး...ခုတော့ကျမခလေးတွေလက်ထက်မှာကျမငယ်ငယ်ကလိုမောင်နှစ်မအများကြီးနဲ့မနေရတဲ့အပြင် ဆွေမျိုးတွေနဲ့လဲမတွေ့ရဘဲနိုင်ငံခြားမှာနေ နေရတဲ့အတွက်သူတို့ကိုပျော်အောင်၊သူတို့အရိပ်အခြေကိုတချိန်လုံးစောင့်ကြည့်ပြီး လိုအပ်ချက်မရှိရအောင်အစွမ်းကုန်ကြိုးစားပါတယ်...နောက်ထပ်ခလေးယူဘို့လဲဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...စားစရိတ်တတ်နိုင်ပေမဲ့ပညာရေးစရိတ်မတတ်နိုင်လို့ပါ...သူတို့ရဲ့ကျန်းမာရေးကိုလဲအရမ်းဂရုစိုက်ရပါတယ်...ဖုန်းဆက်ခေါ်တိုင်းလာပေးနိုင်တဲ့ ဗီယက်နမ်ဆရာဝန်မတစ်ယောက်နဲ့သိထားလို့တော်သေးရဲ့...ကျောင်းထားတော့လဲစိတ်ထဲတထင့်ထင့်နဲ့ထားရတာပါ...သမီးလေးကိုကျောင်းစ ထားတုန်းကဆိုသားဦးအရူးဆိုတဲ့အတိုင်းကျမမှာအရူးမကြီးလိုပါဘဲ...အတန်းထဲမှာငိုနေတဲ့သမီးလေးကိုအပြင်ကနေချောင်းကြည့်ပြီးအိမ်မပြန်ဘဲထိုင်ငိုနေလို့ ကျောင်းအုပ်ဆရာကြီးနဲ့တခြားအတန်းကဆရာမတွေကျမကို ဝိုင်းချော့ကြရတာကိုသိထားတဲ့ သူငယ်ချင်းတွေဆို ခုထိသတိရတိုင်းပြောပြီးရီနေကြတုန်း...
ကျမလဲအခုမှရှက်ရကောင်းမှန်းသိပြီး သားအလှည့်ကျအဲဒီကျောင်းမှာမထားတော့ပါဘူး..ကျောင်းကကောင်းပါတယ်...ကိုယ့်ဟာကိုယ်ရှက်လို့ပါ..အခုတော့သမီးလေးလဲကျောင်းပျော်၊သားလေးလဲကျောင်းမှာနေသားကျနေပါပြီ...နောက်တပတ်ဆိုခလေးတွေကျောင်းပိတ်ပြီ...နှစ်လလုံးလုံးသူတို့လေးတွေ ကျမမျက်စေ့အောက်မှာဘဲရှိနေမှာမို့ကျမအရမ်းပျော်နေပါတယ်...သူတို့လေးတွေကိုဘယ်နေရာတွေလိုက်ပို့ပေးရမလဲ၊ သူတို့လေးတွေနဲ့ဘယ်လိုဆော့ပေးရမလဲ၊ သူတို့ပျော်အောင်ဘာလုပ်ပေးရမလဲ...စဉ်းစားနေရပါပြီ...သူတို့လေးတွေနဲ့အချိန်ပြည့် နေပေးရတော့မှာမို့ အရင်လိုဘလော့တွေသိပ်မလည်ဖြစ်တော့ရင် ဘလော့မောင်နှစ်မများနားလည်ပေးကြပါနော်...

10 comments:

  1. ကလေးနှစ်ယောက်ရဲ့မိခင်ကို နားလည်ပေးပါတယ်။

    ReplyDelete
  2. Rose ရေ.. ကျမမှာတော့ ကလေးမရှိပေမဲ့
    မိခင်တယောက်ရဲ့  မေတ္တာကိုတော့ အမြဲလေးစားလျှက်ပါ။
    Hello to them....
    Thanks for your Info about Viet. Soup.

    ReplyDelete
  3. ဒီမှာတော့ ဒီအပတ် Monday ကမှ ကျောင်းပြန်ဖွင့်သွားတာလေ...(June တလလုံးလုံးလိုလို ကျောင်းပိတ်ပြီး)...သူတို့လေးတွေ အိမ်မှာရှိနေတော့ အစားအစာလည်း ကြိုက်တာ လုပ်ကျွေးလို့ရတယ်...သူတို့ ပြောနေဆိုနေတာလေးတွေလည်း နားထောင်ပြီး သူတို့ အခြေအနေကို အနီးကပ် အကဲခတ်လို့ရတယ်...

    မိသားစုအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ

    ReplyDelete
  4. ကျေးဇူးနော်အပြုံးပန်းနဲ့ရှင်လေး...ဟုတ်တယ်မသီတာ၊သူတို့ကျောင်းပိတ်ရက်ဟာသူတို့အတွက်ရောကျမအတွက်ရောရွှေရောင်နေ့ရက်များပေါ့

    ReplyDelete
  5. ဒီလို လိုက်ဖြည့်စည်းပေး မယ့်  အမေ ရှိတာ
    ကလေးတွေ ကံကောင်း တာပေါ့...
    မီးချစ် လဲ ယောက်ကျား သာ ယူပြီးတာ အမေ က လိုက်လုပ်ပေးနေရတုန်း.. ဟီးး..
    လာလည် ရင် ကလေးတွေ ပါ ခေါ်ခဲ့ ပါ.. မီးချစ်က ကလေး မထိန်းတက် ပေမယ်... ငိုအောင် တော့ စတက် ပါတယ်..း))

    ReplyDelete
  6. ဟုတ်ပါပြီမီးချစ်ရေ...လာလည်ဖြစ်ရင်ပြောမယ်နော်...

    ReplyDelete
  7. အားရင်တော့ရေးပါ.ဖတ်ချင်လို့။

    ReplyDelete
  8. အားရင်ေ၇းပါ့မယ်ခင်ဦးမေ...ကျေးဇူးတင်ပါတယ်...

    ReplyDelete
  9. လာလည်ပါတယ်..
    ဒါပထမဆုံးပါ..
    ကျနော်တို့အိမ်က ချန်းတို့ကတော့ ဇူလိုင် ၁ ရက်နေ့က
    စပိတ်ပါတယ်..၂လတိတိ ပိတ်တော့ ..ကျူရှင်ပဲထားထားရတယ်..
    ဒီက ကျူရှင်တွေကလဲ တိုက်ခန်းသေးသေးမှာဆိုတော့.
    ချန်းက ပိုဝလာသလားလို့..
    နောက်ပြီး..ဂိမ်းနဲ့...ပုံပြင်စာအုပ်နဲ့ပဲ အချိန်ကုန်နေတယ်..
    မရို့စ်ရဲ့ ကလေး၂ယောက်ကိုကြည့်ပြီး
    ချန်းကိုသနားသွားတယ်..

    အခုတော့ သူ့အတွက် တစ်မျိုးကြံရွယ်ထားပါတယ်..

    ReplyDelete
  10. Pauk,လာလည်သွားတာကျေးဇူးပါ... မိဘတိုင်းကတော့ကိုယ့်သားသမီးအတွက်အကောင်းဆုံးစဉ်းစားပေးကြ တာပါဘဲ...မိဘရဲ့မေတ္တာရိပ်အောက်မှာ ချန်းလေးပျော်ရွှင်နေမှာပါ...

    ReplyDelete