Friday, April 26, 2013

တွေ့ရင်ပြောကြပါ



 
 Ma

 I'm from Singapore.
If you don't mind , i like have a help from you.
Once again I want to confirm that Are you staying @ Vietnam?
Because One of my friend's husband was missing in the sea since 2011 Sept.He is a sailor and his family staying in yangon. Now as per their fortune teller , he might be in Vietnam. The family is truely believed in that cos they don't have confirmed news that whether he was dead or alive.
If you interest to help, please reply to me.
I will give you full detail of him.
If someone who can help this, please give me a contact too.
Thanks a lot for reading this letter until to the end.
Have a nice day!!!!

with love & BR,






ကျမဆီဒီမေးလ်ပို့ထားတာကြာပါပြီ… ဒါပေမဲ့ကျမက ဗေဒင်တွေဘာတွေအယုံအကြည်မရှိသူမို့
ကူညီချင်ပေမဲ့ စိတ်ထဲမှာလက်တွေ့မကျသလိုခံစားရလို့ သူများကိုတဆင့်အကူအညီတောင်းပေးရမှာ ချီတုံချတုံဖြစ်မိပါတယ်…

နောက်တော့ကျမတတ်နိုင်သလောက်ကူညီဖို့ဆုံးဖြတ်မိတာက ခင်ပွန်းသည်အတွက်ပူဆွေးသောကရောက်နေမဲ့ ဇနီးသည်ကို အမျိုးသမီးချင်းကိုယ်ချင်းစာစိတ်၊ ခလေးတွေရဲ့အဖေကိုတမ်းတနေကြမဲ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်တခုနဲ့ပါ။

ဒီဓာတ်ပုံထဲကအမျိုးသားဟာ ဗီယက်နမ်မှာရှိနေကြောင်း၊သို့မဟုတ်ဗီယက်နမ်နိုင်ငံကိုထွက်ခွါလာခဲ့ကြောင်း အထောက်အထားတခုခုသာရှိခဲ့ရင် သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းတခုခုကို အကူအညီတောင်းကြည့်နိုင်ပါတယ်… ခုတော့ ဘာအထောက်အထားမှမရှိတာကြောင့် ဒီပို့စ်လေးရေးပြီးတော့ပဲစာလာဖတ်တဲ့ မောင်နှမတွေကို ဝိုင်းဝန်းကူညီပေးဘို့တောင်းဆိုချင်ပါတယ်….



ဓာတ်ပုံထဲကအမျိုးသားကိုတွေ့မိတဲ့သူများရှိခဲ့ရင်ghostcasper.k@googlemail.com/zclwin.80@gmail.com
သို့အကြောင်းကြားပေးကြပါရန်မေတ္တာရပ်ခံပါတယ်ရှင်။

ချစ်ခင်စွာဖြင့်
Rose of Sharon

Monday, April 8, 2013

Happy Birthday Honey



 

ဘေးတိုက်မြင်နေရသောသူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း ချစ်ခင်လေးစားမှုနှင့်မြတ်နိုးတွယ်တာခြင်းတို့က
ရင်ကိုငြိမ့်ငြိမ့်လေးတိုးဝှေ့လျှက်… ယခင်ထက်ပြည့်လာသောမျက်နှာကျပေါ်မှာ မျက်ဝန်းထောင့်ကအရေးအကြောင်းတို့က နေရာယူနေကြတာ သိသိသာသာ… အညိုရောင်ဆံပင်တွေကငွေမင်ရောင်တစ်ချို့နှင့်ထင်ရှားစွာရောနှောနေခဲ့ပြီ…. ချစ်သူသက်တမ်းနှစ်နှစ်၊အိမ်ထောင်သက်ဆယ့်လေးနှစ်ကျော်ကျော်(စုစုပေါင်းဆယ့်ခြောက်နှစ်)အတွင်းမှာ ငယ်ရွယ်နုပျိုမှုတွေကို အချိန်ကတိုက်စားသွားခဲ့ပြီ…
သမီးလေးကဒက်ဒီကဆံပင်တွေဖြူနေပြီ…မာမီကမဖြူသေးဘူးလို့ပြောတဲ့အခါ သမီးမာမီက ဘာမှပူပန်စရာမရှိ စဉ်းစားစရာမှမရှိတာ ဆံပင်တွေဘယ်ဖြူပါ့မလဲဟု သူကပြန်ပြောတော့ ကျမငြိမ်သက်ကျေနပ်စွာပြုံးနေမိခဲ့သည်…
အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ ကျမတကယ်ကိုဘာမှပူပန်စရာမရှိခဲ့… ခလေးတွေကျောင်းက ကျောင်းလခတွေတိုးတိုင်း ဘယ်လိုလုပ်ကြမလဲဟု ကျမကစိုးရိမ်စွာမေးမိတဲ့အခါ မပူပါနဲ့ ဒါကိုယ့်တာဝန်ပါဟုသာ ပြန်ပြောလျှက်ဘာမှမဖြစ်သလို သူနေပြခဲ့သည်… အလုပ်ထဲမှာ စိတ်ရှုတ်စရာတွေ၊ ခက်ခက်ခဲခဲဖြေရှင်းရမဲ့ပြသနာတွေပေါ်လာတိုင်း ကျမကိုရင်ဖွင့်ပြောပြတတ်ပေမဲ့ စိတ်ပူစရာတော့မရှိပါဘူး… အလုပ်ဆိုတာဒီလိုဘဲပြသနာတွေတော့ တခါတလေရှိတတ်တာပေါ့လို့ သာသူ့စကားကိုအဆုံးသတ်လေ့ရှိသည်….
သားသမီးတို့ရဲ့လိုအင်ဆန္ဒတွေကိုလိုလေသေးမရှိဖြည့်ဆည်းပေးတတ်တဲ့အပြင် အတန်းကြီးလာတဲ့သမီးလေးအတွက် ခက်ခဲတဲ့သင်္ချာပုစ္ဆာတွေကို ကျူရှင်ဆရာတစ်ယောက်နေရာမှာ သူတာဝန်ယူပေးလျှက်ရှိသည်… သမီးလေးအတွက် သူ့အဖေဟာ သချာင်္ဘာသာကျူရှင်ယူရတဲ့သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူစရာဖြစ်သည်…
အလုပ်ထဲမှာဘယ်လောက်ဘဲ စိတ်ပင်ပန်းလာရပါစေ သမီးလေးကိုတော့ သင်္ချာအသင်တစ်ရက်မှမပျက်ခဲ့သူဖြစ်သည်… သားလေးအတွက်လဲ ဘောလုံးကန်ဖက်၊တင်းနစ်ရိုက်ဘက်ဖြစ်သည်။သားလေးကအတူဆော့ဘို့ပြောတိုင်း ဘယ်တော့မှမညည်းညူမငြင်းပယ်ခဲ့ပါ။
သားသမီးများအပေါ်မေတ္တာနှင့်သာဆက်ဆံလျှက် ဘယ်တော့မှဒေါသအမျက်မထွက်ခဲ့သူဖြစ်သည်။
မိသားစုအပေါ်တန်ဘိုးထားမြတ်နိုးတတ်သောသူ့ကို ကျမနှင့်သားသမီးတို့ကလည်း မြတ်နိုးစွာရိုသေလေးစားကြပါသည်။

ကျမ၏နွေးထွေးသောရင်ခွင်၊မိသားစု၏ခိုင်ခံ့သောအုတ်တံတိုင်း၊
တည်ကြည်ဖြောင့်မတ်သောသစ္စာရှင်၊
သားသမီးတွေအတွက် အားထားဂုဏ်ယူစရာဖခင်တစ်ယောက်၊ဇနီးသည်အတွက်အားကိုးယုံကြည်ရာကျေးဇူးရှင်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သော ထိုယောင်္ကျား၏မွေးနေ့မှာ လိုအင်ဆန္ဒမှန်သမျှပြည့်ဝ၊ လုပ်ကိုင်သမျှအရာရာအောင်မြင်ပြီးထာဝရကျန်းမာပျော်ရွှင်နိုင်စေဘို့ ထာဝရဘုရားထံပါးမှာ ကျမဆုတောင်းလျှက် သူ့ရဲ့မွေးနေ့ကို သူ့အနားမှာအတူနေပြီး အရင်နှစ်တွေကလိုအတူတကွဖြတ်သန်းလိုက်ပါဦးမည်။


 Rose of Sharon