ရန်ကုန်ပြန်ဖို့အားလုံးအဆင်သင့်ပါဘဲ… လေယာဉ်ကလဲ အရင်လို ဘန်ကောက်ကနေတဆင့် ပြောင်းစီးစရာမလိုတော့ဘူး… ဗီယက်နမ်လေကြောင်းလိုင်းက ၂၀၁၀ အောက်တိုဘာကစပြီး ဟိုချီမင်းကနေ ရန်ကုန်ကို တိုက်ရိုက်ပြေးဆွဲနေပြီမို့ ခလေးတွေလဲ ခရီးမပန်းတော့ဘူးပေါ့… ခလေးတွေအတွက်ဗီဇာလဲရပြီ… ကိုယ့်အတွက် မှီခိုထောက်ခံစာလဲရပြီ…. အားလုံးကအဆင်သင့်… အထုတ်တွေလဲပြင်ပြီးပြီ… ခလေးတွေလဲ မောင်နှမတဝမ်းကွဲတွေနဲ့တွေ့ရတော့မှာမို့ အရမ်းပျော်နေကြပြီ… ကျမကိုယ်တိုင်က ကျေးဇူးရှင်ဖခင်မရှိတော့လို့ စိတ်မကောင်းဖြစ်ရပေမဲ့ မိခင်ဖြစ်သူနဲ့တွေ့ရမှာမို့ ဝမ်းသာမိသလို အစ်ကို၊အစ်မနဲ့ ညီမတွေမိသားစု အားလုံးနဲ့ တရုံးရုံး ဖြစ်ကြရဦးမှာတွေးပြီး ပျော်နေတာ ညတောင် တော်တော်နဲ့အိပ်မရ…
……………………………………………………..
အဲဒီအပေါ်ကစာပိုဒ်လေးကို ဇွန်လတတိယပတ်လောက်ကရေးခဲ့ပါတယ်… ဘလော့ပို့စ်တင်ဘို့ရည်ရွယ်ပြီးရေးတာပါ…ဒါပေမဲ့ ခလေးတွေကျောင်းပိတ်ခါနီးမို့ ရန်ကုန်ပြန်လက်ဆောင်တွေ သူတို့ကျောင်းသွားတုန်း အဝယ်ထွက်.. ကျောင်းဆင်းချိန်နားနီးရင် အိမ်ပြန် အထုတ်တွေချ ခလေးတွေကျောင်းသွားကြိုနဲ့ ပို့စ်လေးက တင်တဲ့ဆီမရောက် ဆက်မရေးဖြစ်ဘဲ ဒီတပိုဒ်နဲ့တင်တန့်နေခဲ့တာ… ခလေးတွေကျောင်းပိတ်သွားရင် အခုလို ဈေးဝယ်ထွက်ချိန်မရနိုင်တော့တာမို့ အချိန်ရှိခိုက် လုံ့လစိုက်ပြီး တနေ့တနေ့ ဈေးဝယ်ထွက်တာနဲ့တင် အချိန်တွေ ကုန်မှန်းမသိကုန်သွားတာ…
ကျမရဲ့အကျင့်ကိုက ဘာမဆို အနီးကပ်မှ ဝုန်းဒိုင်းကြဲလုပ်ရတာကို မကြိုက်ဘူး… အစိုးရိမ်ကြီးတတ်တာလဲတကြောင်းမို့ ဘာလုပ်လုပ် အမြဲ သေချာအောင်စီစဉ်လေ့ရှိတယ်… အခုလဲ ရန်ကုန်ပြန်ဘို့ကို လေယာဉ်လက်မှတ်လဲ တလစောဝယ်… ခလေးတွေအတွက်ဗီဇာနဲ့ ကိုယ့်အတွက် မှီခိုနဲ့နေထိုင်ကြောင်းထောက်ခံစာတွေ သုံးပတ်စောယူ.. လက်ဆောင်တွေလဲဝယ်အပြီး.. luggageတွေလဲ နှစ်ပတ်အလိုထဲက အဆင်သင့်ပြင်ဆင်ပြီးသား… ၇ရက်နေ့မှ လေဆိပ်တန်းဆင်းယုံ အဆင်သင့်ပြင်ဆင်ပြီးခါမှ တပတ်အလိုမှာ ယောက္ခထီးဆီက အီးမေးလ်ဝင်လာတယ်… သူဗီယက်နမ်လာလည်မဲ့အကြောင်း အကြောင်းကြားတာ…
………………………………………………….
ယောက္ခမရိုသေအသက်ရှည်… ယောက္ခမရှိခိုးသွားမကျိုးတဲ့… အရာရာသူစိတ်ကူးပေါက်ရာ သူ့သဘောချည်း ဖြစ်စေချင်တဲ့ ကျမရဲ့ယောက္ခထီးကို ဆန့်ကျင်လိုက်ချင်စိတ်တွေ ရင်ထဲမှာတဖွားဖွား… ဒါပေမဲ့ ချစ်ခင်ပွန်းရဲ့တောင်းပန်ကြည့်တခုနဲ့တင် ကျမစိတ်တွေ လျှော့ချလိုက်ရပါတော့တယ်…
လေယာဉ်လက်မှတ်နောက်ဆုတ်ဘို့တောင် သူပြန်မဲ့ရက်သိရမှ ဆိုတော့ ရန်ကုန်က သြဂုတ်လ ၁၈ရက်နေ့ပြန်လာမှာသာသေချာတာ… ဘယ်နေ့ရန်ကုန်ရောက်မှန်းတောင်မသိ…ဂျူလိုင်၂၄ရက်နေ့တော့မှန်းထားတယ်….
စိတ်တွေလျှော့ချပြီးမှစဉ်းစားမိတာက ဒါပါဘဲအိမ်ထောင်ရေးဆိုတာ… ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် ကိုယ့်စိတ်ကူးတွေကို ဥပေက္ခာပြုလိုက်ရတာတွေရှိမယ်…ပြောချင်တာတွေ ပြောပစ်လိုက်.. လုပ်ချင်တာတွေလုပ်ပစ်လိုက် ချင်တဲ့စိတ်တွေကို တခါတလေ မျိုချပစ်နိုင်ရမယ်…ကိုယ်ရွေးတဲ့လမ်းဖြောင့်ဖြူးဖို့ ကိုယ်တိုင်ဘဲကြိုးစားရမယ်…. လို့…..
ဒါနဲ့ဘဲ ယောက္ခထီးနဲ့ပတ်သက်လာရင် ကျမမှာ အသက်တွေရှည် သွားတွေမကျိုးတော့ဘူးပေါ့
ဟင်း.... ဘာပြောရမှန်းတောင်မသိတော့ဘူး... ယောက္ခထီးကိုပါ ဗမာပြည်ခေါ်သွားလိုက်ပါလား လို့
ReplyDeleteမမရေ ဘာမှမပြောပဲ ဖတ်သွားတယ်နော်...:):)
ReplyDeletei do understand you.
ReplyDeleteအစ်မရှာရွန်ရေ... စာလာဖတ်တယ်။ ဟုတ်တယ်နော် အိမ်ထောင်ရေးမှာ နားလည် သည်းခံပေးရတာ မိန်းမသားတွေ ဘက်က ပိုများသလိုပဲး) အစ်မ အစစ အဆင်ပြေပါစေရှင်။
ReplyDeleteမရေ
ReplyDeleteအားလုံးအဆင်ပြေပါစေလို့
အိမ်ထောင်ရေးဆိုတာ...ကိုယ်စိတ်နဲ့ ကိုယ်ကိုမဟုတ်တော့ဘူးပေါ့နော်..။
ReplyDeleteရန်ကုန်မှာ အစစအရာရာ အဆင်ပြေပါစေ၊
ReplyDeleteသက်ပြင်းတစ်ချက်နဲ့ ဖတ်သွားပါတယ်အစ်မ .. နောက်ဆုတ်လိုက်ရတဲ့ အခက်အခဲအတွက် မြန်မာပြည်မှာ အတိုးချပြီး ပျော်စရာတွေ တွေ့ကြုံခဲ့ပါစေ..
ReplyDeleteရို့စ်ရေ မြိုချရင်း မြိုချရင်း ဒီမှာ ဗိုက်ကြီးကို ပူလို့း)
ReplyDeletesonata-cantata ,me too. Heeeeeeeeeeeee.......
ReplyDeleteတခါတခါမမျှော်လင့်တာတွေကြားဝင်လာရင် စိတ်ညစ်ရတယ်။
ReplyDeleteအစစအဆင်ပြေပါစေ။
မမ ရေ လာဖတ်သွားတယ်... ညီမက အိမ်ထောင်ရှင်မဖြစ်ခါနီးဆဲဆဲလေ..ဖတ်ရင်းကို ရင်ထဲမှာ တစ်မျိုး သြော်အိမ်ထောင်ဆိုတာ ဒီလိုမျိုးလေးတွေရှိတက်တယ်လို့...
ReplyDeleteThat's why "prison house"in Burmese.I give"YES"vote to ma Thida.We swallow and swallow...finally turn into boiling kettle:D
ReplyDeleteSo this is WOMEN.
Gyidaw
Naw Phaw yae.....
ReplyDeleteCome to Danang with your family and ur father in law. You will be happy OK...
တကယ့်ကို Surprise visit ပါပဲလား၊း) စိတ်ရှည်သည်းခံ ခြင်းတွေနဲ့အတူ အစစ အဆင်ပြေပါစေဗျာ..။
ReplyDeleteသူငယ်ချင်းလေး...
ReplyDeleteသည်းခံ...သည်းခံ...
ကိုယ်လည်းနောက်နှစ်ဆိုရင် လာပါတော့မယ်..ဒီလိုမျိုးတွေ...
ဘယ်လိုလုပ်တိုက်ဆိုင်ရတာလဲနော် သူကကြိုမသိတာလားဟင် သူ.ကိုမပြောရသေးတာလား သူကအစီအစဉ်မရှိဘဲ ချက်ချင်းကောက်လာတာလား
ReplyDeleteအထက်ကတစ်ယောက်မေးထားသလို ကျနော်လည်းတွေးမိတယ် မြန်မာပြည်ပြန်မှာကို သိရဲ့သားနဲ့လာမယ်လို့ပြောတာလားဆိုတာ
ReplyDeleteဘဝတစ်လျှောက်လုံး လက်တွဲသွားမှာပဲလေ။ ကိုယ်လည်း အလျှော့ပေးသင့်တာပေးပြီး သူလည်းအလျှော့ပေးတာမျိုးရှိမှာပါပဲ။ မတော်တဆ တိုက်ဆိုင်မှုဖြစ်မှာပါ။ စိတ်ပျော်အောင်သာနေအစ်မ။
ReplyDeleteကော်မန့်လေးများအားလုံးအတွက်ကျေးဇူးတင်ပါတယ်နော်... နောက်ကျသွားလို့ တစ်ခုချင်းမပြန်တော့တာပါ...
ReplyDeleteယောက္ခထီးက ကျမတို့စီစဉ်ထားတာမသိပါဘူး... သူ့ဟာသူစိတ်ကူးပေါက်ပြီးကြိုမပြောဘဲစီစဉ်တာ... ကျမအမျိုးသားကလည်း အဖေကို မပြောထားမိဘူး... ဒီလိုအချိန်မျိုးကသူလာနေကျမဟုတ်တော့လေ
ယုန်ကလေး နှာစေးနေပါကြောင်း...
ReplyDeleteမ
ReplyDeleteလိမ္မာလိုက်တာ
ကြည်ကြည်နဲ့ပဲ ကွာပါ့ ..း) ပညာယူရမယ် ပညာယူရမယ်။
ဘာပဲဖြစ်ဖြစ်မရယ် .. မျိုချလိုက်တာ အချစ် စိတ်ချမ်းသားသွားမှာပေါ့လေ ..
အင်း အိမ်ကအချစ်စိတ်ချမ်းသာအောင်လည်းလုပ်အုံးမး)
မရိုစ်.. ဘာပဲဖြစ်ဖြစ် ရန်ကုန်သွားမှာဟုတ်?
ReplyDeleteရိုစ်ရယ်.. ဖြစ်ရလေ..ကွာ။
ReplyDeleteတို့လည်း တစ်ခုခုလုပ်ရသွားရမယ်ဆို တကယ်လုပ်ရ၊သွားရမှ ကျေနပ်တာ။
တကယ်က သမီးတို့က မြန်မာပြည်သွားမလိုပြင်နေတာကို လို့ ရယ်သလိုလို အတည်လိုလိုနဲ့ ပြောကြည့်လိုက်ရမှား)))
မမ မှီခို အတွက် ထောက်ခံချက်အကြောင်းလေး အချိန်ရခဲ့ရင် ပြောပြ ပေးစေချင်ပါတယ်။ ညီမ လည်း အလုပ် တကယ် မလုပ်ပါဘူး။ ဒါပေမဲ့ သံရုံးက ပေးရမယ်တဲ့။ နောက်မို့ အရမ်း အလုပ်ရှုပ်ကုန်မယ်ပြောလို့ တကယ် ခင်ပွန်းကို မှီခို ပေမဲ့ ကိုယ်နေတဲ့နိုင်ငံရဲ့ အနိမ့်ဆုံး ၀င်ငွေရဲ့ 10% ကို လတိုင်းအခွန်အဖြစ်နဲ့ ပါ့စ်ပို့ သက်တမ်းတိုးတိုင်း ပေးဆောင်နေရလို့ ပါ။ မများပေမဲ့လည်း မနည်းလို့ ပါ။
ReplyDeleteခိုင်
အော် မမ.. ခိုင့် ခင်ပွန်းသည်က နိုင်ငံခြားသားပါ။ ဖြေပေးနိုင်ရင် ဖြေပေးပါနော်။
ReplyDeleteခိုင်ရေ... အီးမေးလ်လိပ်စာလေးပေးပါလား... အမအီးမေးလ်ပို့ပေးမယ်လေ
ReplyDeletenawphaw@gmail.com
ရို့ စ်..
ReplyDeleteရန်ကုန်ရောက်မှ အတိုးချပြီးပျော်လိုက်။း)
အိုင်အိုရာ
နှင်းဆီရေ..
ReplyDeleteအိမ်ထောင်ရေးဆိုတာ သူ့အသက်နဲ့ကိုယ်ရှင်ရသလို. သူမပါ မသွားရ..သူကလည်းမအားနဲ့...အလုပ်နဲ့အိမ်ကလွဲပြီး သူ့အတွက်အသက်ရှင်ရသလိုဖြစ်လို့ ယူခါစက ချက်ချင်းကွဲပစ်မယ်လုပ်ခဲ့တာ..
အခုတော့လည်းဒါပါဘဲအိမ်ထောင်ရေးဆိုတာ… ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် ကိုယ့်စိတ်ကူးတွေကို ဥပေက္ခာပြုလိုက်ရတာတွေရှိမယ်…ပြောချင်တာတွေ ပြောပစ်လိုက်.. လုပ်ချင်တာတွေလုပ်ပစ်လိုက် ချင်တဲ့စိတ်တွေကို တခါတလေ မျိုချပစ်နိုင်ရမယ်…ကိုယ်ရွေးတဲ့လမ်းဖြောင့်ဖြူးဖို့ ကိုယ်တိုင်ဘဲကြိုးစားရမယ်..နှင်းဆီပြောသလို သမီးလေးမျက်နှာနဲ့ အသားကျသွားသလိုပဲ..
ယောက္ခထီးက ကျမတို့စီစဉ်ထားတာမသိပါဘူး... သူ့ဟာသူစိတ်ကူးပေါက်ပြီးကြိုမပြောဘဲစီစဉ်တာ... ကျမအမျိုးသားကလည်း အဖေကို မပြောထားမိဘူး... ဒီလိုအချိန်မျိုးကသူလာနေကျမဟုတ်တော့လေ
ReplyDeleteThats ur fault.U have to tell him that "Is that possible if u dont come because we r comming.