ဒီနေ့ ရန်ကုန်ပြန်ရတော့မယ်... လွဲချော်မှုတွေက လွတ်မြောက်ပြီး ကိုယ်မျှော်လင့်စောင့်စားခဲ့တဲ့ အချိန်ကို ရောက်လာပါပြီ... အိမ်မှာစောင့်ကြိုနေမဲ့ အမေ... လေဆိပ်လာကြိုမဲ့ မောင်နှမတွေနဲ့ တူ၊တူမတွေ နဲ့ တွေ့ရတော့မယ်... ခလေးတွေလဲအရမ်းပျော်... ကိုယ်လဲစိတ်တွေလှုပ်ရှားနေတယ်... မနက်ဖြန်မှာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ရှိတယ်... ပြီးတော့ သူငယ်ချင်းမိသားစုတွေနဲ့ စိမ်းလဲ့တင်ဆိုတဲ့နေရာကို နှစ်ညအိပ်သွားလည်မယ်... ခလေးတွေကို ကစားကွင်းတွေပို့မယ်... အမျိုးတွေအိမ် လျှောက်လည်မယ်... သူတို့ကျွေးတာစားမယ်... ဘလော့ဂါသူငယ်ချင်းတစ်ချို့နဲ့တွေ့မယ်... တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်မယ်... Sunday School တက်တုန်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ်... အို...တွေးရင်းနဲ့ပျော်လိုက်တာလေ...
ဘလော့နဲ့တော့ ခဏကင်းကွာနေမယ်... ဗီယက်နမ်ပြန်ရောက်မှဘဲ ပြန်ပြီးဘလော့လည်နိုင်မှာမို့ ဘလော့မိတ်ဆွေတွေကို ၂၅ရက်စာနှုတ်ဆက်လိုက်ပါတယ်နော်...
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...
ပျော်စရာကြီးပါလား :-)
ReplyDeleteဝိုး.....မိုက်ဒလယ်....၊ပျော်စရာကြီး....၊စိမ်းလဲ့တင်က ကလေးတွေအတွက်တော့
ReplyDeleteတကယ့်နေရာကောင်းလေးပဲ....၊ပြန်လာရင် ဒါ့ပုံတွေတင်ပါဗျိုး.......:)))
ခရီးစဉ်တလျှောက်လုံး စိတ်တိုင်းကျပျော်ရွှင်ပါစေ။
ReplyDeleteမျှော်နေမယ် အပြန်ကျရင်တော့ ဓါတ်ပုံတွေ အများကြီးပြနော်။
အိုင်အိုရာ
ပျော်စရာကြီး. have a nice trip!
ReplyDeleteပျော်ရွှင်ဖွယ်ရာ ခရီးလေးဖြစ်ပါစေ။ အစစအရာရာ အဆင်ပြေချောမွေ့ပါစေဗျာ။
ReplyDeleteအားကျတယ်
ReplyDeleteတကယ်ပဲ ဝမ်းသာတယ်ဗျာ၊ ပျော်စရာကောင်းမှာ သေချာတယ်၊ Have a mercy journey..! :)
ReplyDeleteပျော်ရွှင်ဖွယ်ရာ ခရီးလေးဖြစ်ပါစေ rose ရေ။
ReplyDeleteရေခြားမြေခြားရောက်နေတဲ့သူတွေရဲ့ ပင်ပမ်းခဲ့သမျှ စိတ်ဖြေလျော့မှုခရီးလေးပေါ့နော်။
မေတ္တာဖြင့်
အန်တီတင့်
Have a nice journey.
ReplyDeleteပျော်စရာ ခရီးတစ်ခု ဖြစ်မှာပါ အမ့ရေ
ReplyDeleteပျော်စရာ နဲ့ အစစအရာရာ အဆင်အပြေဆုံး ခရီးလေးဖြစ်ပါစေ မမရေ။
ReplyDeleteမမပေးထားတဲ့ gmail ကို မေးလ် ပို့ ထားပါတယ်နော်။
ခိုင်
ပျော်စရာ ခရီး လေး ဖြစ်ပါစေ..
ReplyDeleteနေရာအနှံ့  လည် ခဲ့ ပါ..ပေါက်ကရ တွေ စားခဲ့ပါ..
ပြန်လာရင် မုန့် တွေ အများကြီး ဝယ်ခဲ့ပါ.... ဟဲ ဟဲ..
ဘယ် ဘလော့ဂါတွေ နဲ့ တွေ့  မှာ လည်းဟင်... ရှို မထားနဲ့ နော်..
မမရေ ခုလောက်ဆို ရောက်လောက်နေရောပေါ့ မုန့်တွေ ဝယ်ခဲ့နော်မမ :) ပျော်ရွင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း...
ReplyDeleteပျော်ရွှင်ပါစေ
ReplyDeleteဝမ်းသာပါတယ် ညီမ ရေ မန်းလေးရောက်ရင် လည်း လာလည်နော်
ReplyDelete