ခါတိုင်းဒီအချိန်ဟာသမီးလေးကျောင်းသွားချိန်မို့အိမ်မှာကိုယ်တစ်ယောက်တည်း
အိမ်မှုကိစ္စများ… လူမှုရေးကိစ္စများနှင့်အလုပ်ရှုတ်နေကျဖြစ်သည်။
ဒီနေ့ကနေ့ခါတိုင်းနေ့တွေလို
ဘာမှတက်တက်ကြွကြွလုပ်ချင်စိတ်မရှိ။
သမီးလေးဆီသို့သာစိတ်တွေကရောက်နေခဲ့သည်။ကျလုလုမျက်ရည်ကိုအားတင်းထိန်းရင်း
အပြင်ပန်းကကြည့်ရင် စိတ်ဓာတ်ကမာကျောမလိုနှင့် သားသမီးနှင့်ပတ်သက်လျှင်နူးညံ့ပျော့ပြောင်းလွန်းသောနှလုံးသားက
ခုချိန်ထိမရင့်ကျက်သေးသလိုလို။
မနေ့ကတစ်နေ့လုံး
အိမ်မပျော်သွားခင်ထိဂျီကျနေခဲ့သောသမီးလေး၏ချွဲနွဲ့သံကနားထဲကမထွက်သလို နှုတ်ခမ်းလေးစူပြီး
ညည်းညူနေသော သမီးလေး၏ရုပ်သွင်ကမျက်စေ့ထဲကမထွက်။
သမီးလေးကိုအားပေးနေပေမဲ့
ကိုယ်တိုင်က ရေခြားမြေခြားခရီးကိုမလွှတ်ချင်။သို့ပေမဲ့ နောက်လေးငါးနှစ်မှာ တက္ကသိုလ်တက်ရတော့မဲ့သမီးလေးအတွက်
ခုထဲကအလေ့အကျင့်ရအောင် ဒီခရီးကိုလွှတ်သင့်သည်ဆိုသောခင်ပွန်းသည်စကားကလဲမှန်နေတာမို့မငြင်းသာ။
ဒီခရီးကကျောင်းသင်ရိုးညွှန်းတမ်းအရလိုက်နာရမည့်စည်းကမ်းလဲဖြစ်နေသည်မို့
တိကျခိုင်မာသောအကြောင်းပြချက်မရှိဘဲနှင့် ပျက်ကွက်ခွင့်မရှိ။
အတန်းဖော်သူငယ်ချင်းများရော
ဆရာ၊ဆရာမများပါအပါအဝင် အဖွဲ့အစည်းနှင့်သွားသည့်ခရီးဖြစ်သည်မို့ စိတ်မပူရပေမဲ့ ခါတိုင်းနှစ်တွေ
ပြည်တွင်းခရီးမှာတောင် ညတိုင်းကြိတ်ငိုတတ်သည့်သမီးလေးက ဒီခရီးစဉ်မှာလဲ အခန်းဖော်မသိအောင်ကြိတ်ငိုနေဦးမှာကို
အလိုလိုသိနေသည်။
ကျောင်းစာနှင့်တကွအရာရာတွင်ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသောသမီးလေးက မိသားစုနှင့်ခွဲခွာနေရသော၎ရက်၅ရက်ခရီးစဉ်တိုင်းမှာ
ဘယ်တော့မှစိတ်လှုပ်ရှားတက်ကြွမှုမရှိတတ်ဘဲ ခရီးစဉ်ပျက်အောင်ဆုတောင်းလေ့ရှိသည်။
ညကတော်တော်နှင့်အိပ်မပျော်သောသမီးကို
ငယ်ငယ်တုန်းကလို သီချင်းလေးဆိုရင်းဖက်သိပ်ခဲ့ရသည်။အမေနှင့်အရပ်မတိမ်းမယိမ်းအရွယ်ပေမဲ့
ခလေးလေးလို အယုအယခံရင်း အိပ်ပျော်သွားမှ ကိုယ့်အခန်းကိုယ်ပြန်ရင်း ကိုယ်တိုင်ကအိပ်လို့မရ။
လေဆိပ်ကို၆နာရီခွဲအမီရောက်ရမည်မို့
သမီးလေးကိုမနက်၅နာရီခွဲသွားအနှိုးမှာသူကနိုးနေနှင့်ပြီ။မနက်စာစားပြီးအကျီင်္လဲချိန်ထိ
မသွားချင်ဘူးဟုတတွတ်တွတ်ပြောနေဆဲ။
အဖေရောအမေရောလေဆိပ်လိုက်ပို့တာကိုယ်တို့ဇနီးမောင်နှံသာရှိသည်။အများစုကကျောင်းကစီစဉ်သောကားနှင့်စုရပ်မှာဆုံကြပြီး
လေဆိပ်သို့တစုတဝေးလာကြသည်။
အချို့လေဆိပ်နှင့်နီးနီးနေသော
ကျောင်းသားကျောင်းသူတစ်ချို့ကကိုယ့်အစီအစဉ်နှင့်လာကြသည်။ကိုယ်တို့ကတော့ ကျောင်းနှင့်နီးပြီး
လေဆိပ်နှင့်ဝေးသော်လည်း ပထမဆုံးအကြိမ် ရေခြားမြေခြားသို့ မိသားစုမပါဘဲခရီးထွက်ရမည့်သမီးကို
လေဆိပ်ထိလိုက်ပို့ဘို့ သမီးလေးမတောင်းဆိုခင်ထဲက ဆုံးဖြတ်ထားပြီးသားပြီးသည်။
လေဆိပ်ရောက်တော့ငိုမဲ့မဲ့ဖြစ်နေသောသမီးကိုအားပေးစကားပြောရင်း
ကျောင်းမှလာသောကားကိုအတူစောင့်ပေးနေခဲ့သည်။
ကျောင်းမှလာသောကားကိုအတူစောင့်ပေးနေခဲ့သည်။
ကားပေါ်မှသူငယ်ချင်းများဆင်းလာသောအခါ
သူငယ်ချင်းများနှင့်စကားပြောရင်း သမီးလေးမျက်နှာလေး အနည်းငယ်ပြန်လည်လန်းဆန်းလာတော့မှ
စိတ်သက်သာသလိုခံစားမိသည်။
လေဆိပ်ထဲဝင်ခါနီးနှုတ်ဆက်အနမ်းပေးသည့်အခါ
ဆုတောင်းပေးနော်ဟုသမီးလေးကတိုးတိုးလေးကပ်ပြောရင်းကျမပါးပြင်ကိုသမီးလေးနမ်းလိုက်သည့်အခါ
ကျမအသည်းတွေကြွေတော့မလိုနင့်ခနဲခံစားရသည်။
ခုချိန်မှာသမီးလေးလေယာဉ်ပေါ်ရောက်နေပြီးမကြာခင်
စကာင်္ပူလေဆိပ်သို့ဆိုက်ရောက်တော့မည်ဖြစ်သည်။
ကျမကတော့ခုထဲကလွမ်းဆွတ်နေရပြီဖြစ်သည်။ခင်ပွန်းသည်ပြောသလို
နောင်အနာဂတ်မှာ ရင်ခွင်ထဲကခွဲခွာသွားမည့်အချိန်တွေအတွက် ကျင့်သားရဘို့ ကျမအများကြီး
အားယူရဦးမှာဖြစ်သည်။
ခုတော့ သမီးလေးအစစအရာရာအဆင်ပြေဘို့၊
ဘေးအန္တရယ်အမျိုးမျိုးမှကင်းရှင်းဘို့ ခရီးစဉ်အစအလယ်အဆုံး သမီးလေးကျန်းမာပျော်ရွှင်ဘို့
သတိရတိုင်းဆုတောင်းပေးနေရင်း သမီးလေးဖုန်းအခေါ်ကိုစောင့်မျှော်နေပါသည်။
May God
Bless you darling...
May God be with you every step....
May God be with you every step....