ကမ္ဘာပေါ်ကဖခင်များနေ့ကို
ဆင်နွှဲခွင့်မရှိတော့တဲ့ဖခင်တစ်ယောက်
သူကောင်းကင်ရောက်နှင့်သွားခဲ့ပြီ…
ဒီကမ္ဘာမှာသူဖခင်ဖြစ်စဉ်က
သူသိပ်ချစ်ခဲ့ရတဲ့
သူ့ဇနီး၊သားသမီးတွေကို
ကောင်းကင်ထက်ကအဖေ
အပြုံးတွေနဲ့လှမ်းကြည့်နေပါလိမ့်မယ်….
အိမ်ထောင်ရက်သားကျ
ကိုယ်ပိုင်မိသားစုဘဝတွေ
အဆင်ပြေနေနိုင်ဘို့ရုန်းကန်ရင်း
အဖေ့အတွက်ငဲ့မကြည့်နိုင်ခဲ့တဲ့သားသမီးတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
နားလည်စွာခွင့်လွှတ်နေပါလိမ့်မယ်….
သူမရှိတော့မှငို
တမ်းတစွာသူ့ကိုလွမ်းဆွတ်နေကြသူတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
ကြင်နာစွာငေးကြည့်နေပါလိမ့်မယ်…
အဖေဆိုတဲ့သမီးတို့အဖေ
သားသမီးတွေအတွက်ရုန်းကန်ခဲ့
ချစ်ဇနီးကိုဖေးမကြင်နာခဲ့
မကျန်းမာနေချိန်အထီးကျန်စွာနေထိုင်ခဲ့
အနီးကသားသမီးတွေအတွက်ပူပန်ခဲ့
အဝေးရောက်သားသမီးတွေကိုလွမ်းဆွတ်ခဲ့တဲ့
သိပ်ချစ်စရာကောင်း၊လေးစားစရာကောင်းတဲ့
နာကျင်ခံစားရသမျှတွေလွတ်မြောက်သွားပြီဖြစ်တဲ့အဖေ
ကောင်းကင်ထက်မှာငြိမ်းချမ်းနေပါစေ
သမီးချစ်တဲ့အဖေ……
ကဗျာလေးက ဝမ်းနည်းစရာ ကောင်းတယ်၊ အဖေ့ကိုလည်း သတိရသွားတယ်။
ReplyDeleteငွေလမင်း: ကဗျာလေးဖတ်ပြီ့း တိုက်ဆိုင်လို့ ၀မ်းနည်းမှိတယ် ဖေဖေကိုလည်းသတိရတယ်
ReplyDeleteမမရေ ကဗျာလေးက ရင်ထဲနင့်လိုက်တာ.. မမရဲ့ဖေဖေနဲ့တကွ အဖေတွေအားလုံး ငြိမ်းချမ်းပါစေ..
ReplyDeleteအစ်မကဗျာလေးက လွမ်းလွမ်းဆွေးဆွေးလေး....။
ReplyDeleteအိမ်ပြန်ပြေး ပြီး အဖေ့ကိုတွေ့ချင်စိတ်ပေါက်သွားတယ်အစ်မရာ...။
လွမ်းလိုက်တာမမရယ်....
ReplyDeleteပြည့်စုံ: မင်္ဂလာပါ အမရေ.... အဖေများနေ့ ကဗျာလေးကို ခံစားပုံဖော်ထားတာ အရမ်ေးကောင်းပါတယ်... ပျော်ရွှင်ချမ်းမြေ့ပါစေ.....
ReplyDeleteအနော ကဗျာလေးက ၀မ်းနည်းစရာလေး...။
ReplyDeleteဖခင်များ အားလုံးပျော်ရွှင်ပါစေ...။
သူငယ်ချင်းလေးရဲ့ ဖခင်ဘွဲ့လေး ခံစားသွားပါတယ်...
ReplyDeleteပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေးဖြစ်ပါစေကွယ်...
Read the poem, sis. Very nice.
ReplyDeleteမနှင်းဆီရေ...အဖေဆိုတာ ကျွန်တော်တို့ရင်ထဲက ထာဝရ ဓူဝံကြယ်ပါဗျာ...အဖေမရှိတော့တာပဲဖြစ်ဖြစ်...အဖေနဲ့ ဝေးနေတာပဲဖြစ်ဖြစ် အဖေ့စကားကိုနားထောင်ခြင်းနဲ့ အဖေ့ကို ဂုဏ်ပြုကြပါစို့လား...
ReplyDeleteထပ်တူထပ်မျှ ခံစားသွားပါတယ် မရိုစ်..
ReplyDeleteခင်မင်တဲ့..
မလေး
ဖခင်မရှိတော့တဲ့ ဘဝချင်း အတူတူ မို့ 
ReplyDeleteရင်ဘတ်ချင်းတူစွာ မျှဝေ ခံစားမိပါတယ် ဖေါ ရေ..