ခုတလော ဘာတွေနဲ့ မအားနေမှန်းကိုမသိ… ကိုယ့်ဘလော့လဲ ဝင်မရတာနဲ့ မဝင်ဖြစ်တာတွေနဲ့ ကိုယ့်ဘလော့တောင် ကိုယ်မရောက်ဖြစ်… သူများဘလော့တွေ လိုက်လည်တော့လဲ ကော်နက်ရှင်မကောင်းချိန်နဲ့တိုးရင် ကော်မန့်ပေးလို့မဝင်…. ဖေ့စ်ဘွတ်လဲ ထိုနည်းလည်းကောင်းဘဲ… ဗီယက်နမ်တွေ မြန်မာ အစိုးရနဲ့ပေါင်းမိသွားကတည်းက တိုက်ဆိုင်တာလားတော့မသိ… အင်တာနက်ကော်နက်ရှင်တွေမကောင်းတော့.. ကောင်းချိန်ကျပြန်တော့လည်း လူမှုရေးဝက်ဘ်ဆိုဒ်တွေက ပိတ်ထားပြန်… ဖေ့ဘွတ်မှာ ကော်မန့်ရေးလဲမဝင် ဝင်ပြီးသားလေး ခဏကြာသွားပြန်ကြည့်မိတော့ စာကြောင်းတွေထပ်နေတာနဲ့ ကိုယ့်ကော်မန့်လေးဝင်တာသေချာအောင် ကလစ်မိလိုက်တာ ဒီလိ ဖြစ်သွားပြန်… အော်… ဘဝများ ရောက်ရာအရပ်မှာ ပျော်အောင်နေနေရသူကို စိတ်အနှောက် အယှက် အမျိုးမျိုးပေးရက်တယ်… :P
တကယ်က ရန်ကုန်ပြန်ဘို့ပြင်ဆင်နေတာတွေရော… ခလေးတွေကျောင်းကပိတ်ခါနီးဆိုတော့ ကျောင်းက လုပ်တဲ့ ပွဲသေး ပွဲကြီး တွေ ခဏခဏ သွားနေရတာရော… ဝယ်လို့ခြမ်းလို့ မပြီးနိုင်သေးတာတွေရော… စုံလို့… ဘာတွေနဲ့ မအားနေတာလည်းမေးရင် တိတိကျကျပြောစရာက သိပ်မရှိ… ဆရာတယောက်ပြောဘူးသလိုဘဲ… အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်တွေရှုတ်နေကြတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ…
အခုလုပ်စရာတွေတော့ သိပ်မကျန်တော့ပါဘူး… လေယာဉ်လက်မှတ်လဲဝယ်ပြီးပြီ… မှီခိုထောက်ခံစာကဒီတပတ်မှ သံရုံးကိုလျှောက်ရမှာ… သံရုံးက ဟနွိုင်းမှာ..စာအသွားအလာနဲ့ ဘာနဲ့ဆို တပတ်လောက်ကြာဦးမှာ…
လေယာဉ်လက်မှတ်ဝယ်တာနောက်ကျသွားတော့ ဇွန်လကုန်ရန်ကုန်ပြန်မဲ့ဟာ ဇူလိုင် ရရက်နေ့မှရတယ်… လေယာဉ်လက်မှတ်ဝယ်မဲ့ပိုက်ဆံက ကျောင်းကခလေးတွေကျောင်းဆက်တက်မယ်ဆိုရင် Deposit 2000$ ကြိုသွင်းထားရမယ်ဆိုတာနဲ့ အဲဒါအရင်သွင်းလိုက်တော့ လက်မှတ်အတွက် နောက်မှပိုက်ဆံထုတ်ပြီးဝယ်ရတာတော့ ကိုယ်လိုချင်တဲ့နေ့မရတော့ဘူး…
တကယ်တော့ ကိုယ့်ဘလော့လေးမှာ ရသမပါတဲ့စာတွေ တခုခုကျန်မနေမဲ့ ဘာမှမဟုတ်တဲ့စာတွေ မရေးချင်ပါဘူး… ဒါကြောင့် တချို့ပို့စ်တွေတောင် ဖျက်ထားလိုက်တာ… အခုက တကယ် ဘာမှန်းမသိတဲ့ ဘာမှမဟုတ်တဲ့အကြောင်းကိုဘဲ ကော်နက်ရှင်လေးကောင်းတုန်း ဘလော့ဝင်လို့ရတုန်းရေးလိုက်တယ်…
စာလာဖတ်တဲ့သူတွေကိုတော့ ဒီပို့စ်မှာ ပေးစရာဘာMessage မှမပါတာကြောင့် အားနာပေမဲ့ အားနာနာနဲ့ ဒီပို့စ်လေးတင်လိုက်ပါတယ်… သူငယ်ချင်းတို့ရေ… ခွင့်လွှတ်ပါနော်…
ဆန္ဒတွေပြတကြတယ်ဆို၊ သွားကြည့်ဖြစ်သေးလား၊ အသံတွေတော့ကြားမှာပေါ့၊
ReplyDeleteပို့စ်တွေမှာ အမြဲတမ်းချည်းတော့ messasge တခုခု ဘယ်ပါနိုင်ပါ့မလဲ၊ တခါတလေလည်း အခုလို current situation၊ တခါတလေလည်း အစားအသောက်၊ တခါတလေလည်း ဝမ်းနည်းစရာ၊ ဒါမှမဟုတ် ဒေါသဖြစ်စရာ... ဒီလိုပေါ့၊ ကြုံသလို အနေအထားတွေနဲ့ ဘလော့တွေက အသက်ဆက်နေကြတာပါပဲ၊ ပျော်ရွှင်စရာ ပြည်တော်ပြန်ခရီး ဖြစ်ပါစေလို့ အခုကတည်းက ဆုတောင်းပေးပါတယ်..။း)
ReplyDeleteSosegado>> မသိလိုက်ဘူး...အသံလဲမကြားလိုက်ဘူး... ကိယ့်ဟာကိုယ်ဘာတွေနဲ့မှန်းမသိအလ်ုရှုတ်နေတာ
ReplyDeleteညီလင်းသစ်>> ဟုတ်ပနော်... နားလည်ပေးတာကျေးဇူးပါ..အားတက်သွားပြီ...နဂိုထဲက ကိုယ်က ရေးချင်တာတွေလျှောက်ရေးနေတဲ့သူဆိုတော့လေ... ဆုတောင်းအတွက်လည်းကျေးဇူးပါ
မရို့စ်မှာ အဲဒီလို အခြေအနေတွေ ရှိနေမှန်း သိလိုက်ရတယ်လေ၊
ReplyDeleteအမ စာရေးပါ အရင်ကတည်းက အမြဲလာဖတ်တာ အခုနောက်ပိုင်း အမက မရေးဖြစ်လို. မျှော်နေတာ...
ReplyDeleteတစ်ခါခါကျ ဘာကိုရှုပ်လို့ ရှုပ်မှန်းမသိတာတွေ ရှုပ်နေတော့တာပဲ ။း) ကျနော်တို့လို လူလွတ်င်္တွေတောင် ရှုပ်သေးရင် အစ်မတို့ဆို ပိုဆိုးပေါ့ အားလုံးအဆင်ပြေပါစေဗျာာာ။
ReplyDeleteပို့စ်လေးတစ်ပုဒ်တက်လာပြီဆိုရင်ကို ဝမ်းသာရပါတယ်ဗျာ...၊တစ်ခုခုကျန်ခဲ့တာ
ReplyDeleteမကျန်ခဲ့တာကတော့ သိပ်ပြီးအကြောင်းမဟုတ်လှပါဘူး...။တစ်ခုခုရလိုစိတ်နဲ့မှ
စာဖတ်ကြမယ်ဆိုရင်လည်း ဝီကီတို့၊စွယ်စုံကျမ်းတို့ပဲဖတ်တော့မှာပေါ့ဗျာ...:D
ကဲ...အခုတော့ အစ်မရို့စ်တစ်ယောက် ဘာတွေမှန်းမသိ အလုပ်တွေရှုပ်နေမှန်း
သိလိုက်ရပြီ...၊ရန်ကုန်ပြန်မှာလဲသိလိုက်ရတယ်လေ...:) အစစအရာရာ အဆင်ပြေချောမွေ့ပါစေခင်ဗျ....။
ခုလို ဖွင့်ထုတ်လိုက်ရတော့လည်း စိတ်ထဲမှာ နေသာထိုင်သာတော့ ရှိသွားမှာပါလေ ။ ဘာမှန်းမသိတဲ့ ပိုစ့်တော့ မဟုတ်ပါဘူး ကိုယ်ချင်းစာနားလည်ခွင့်ရစေတဲ့ ပိုစ့်လေးဖြစ်မှာပါ အစ်မရယ်
ReplyDeleteပြည်တော်ပြန်ခရီး အစစအဆင်ပြေပါစေရှင်
Ma Naw Yae....
ReplyDeleteI also very disappointed this Vietnam Network. In Danang, I can't even use gtalk. Sorry can use gtalk but all the while just shout.....Hello ,,Hello kyar ya lar that's all... Haha.. Very disappointed.
For facebook U try lisp4.
ခံစားချက်ခြင်းလာတူနေပြန်ရော..
ReplyDeleteပျော်ရွှင်ပါစေ..
ဘာမှန်းမသိတဲ့ပိုစ်ဆိုပေမယ့် ကိုယ့်အတွက်တော့ အလွမ်းပြေသွားတာပေါ့..။
ReplyDeleteဗီယက်နာမ်ကတော့ ဖေ့ဘုတ်တောင် ပိတ်ပိတ်ထားတတ်တာ ဆိုတော့ ညစ်ပါ့.. နော့
ဗီယက်နမ် တော်တော်ကြီး တိုးတက်နေပြီ ထင်နေတာ။ ကျန်တာ တိုးတက်ချင် တိုးတက်မယ်။ ကော်နက်ရှင်ကတော့ အဲလိုကြီး လား။ ဗီယက်နမ်အကြောင်းပေးသိတာ message တခုပေါ့ဗျာ။ ပျော်ရွှင်ဖွယ် ပြည်တော်ပြန် ခရီးဖြစ်ပါစေဗျာ..။
ReplyDeleteမမရေ သင်တန်းနဲ့ အလုပ် ချာချာလည်နေလို့ အခုမှပဲ ရောက်တယ် မမလဲ မအားတာကိုး....:):) ပျော်ရွင်ဖွယ် ခရိးစဉ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုလျှက်...
ReplyDeleteတူတူပဲ သူငယ်ချင်းရေ..
ReplyDeleteဒီမှာတော့ နက်ကကောင်းပြီး လူက မအားတာ...း(
သတိရတယ်... စာရေးဖို့မအားတာရယ် အိမ်လည်ဖို့ပျက်ကွက်တာရယ်နဲ့ ... မျက်နှာပျက်စရာတွေကိုဖြစ်လို့....း(