Monday, January 3, 2011

ံHAPPY NEW YEAR 2011



၂၀၁၀နဲ့လမ်းခွဲလိုက်ရတာ အရမ်းပျော်တယ်...ကိုယ့်အတွက် ကောင်းခြင်းတွေနည်းပြီး မကောင်းခြင်းတွေများခဲ့တဲ့ ဒီ၂၀၁၀ဟာ တကယ်ကိုမလွမ်းလောက်ပါဘူး....


ဒီနှစ် နှစ်သစ်ကူးကို အခါတိုင်းလို အိမ်မှာမနေဘဲ ခလေးတွေနဲ့ ပင်လယ်ကမ်းခြေကို ခရီးထွက်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့တယ်... ၂၀၁၁ ဟာ ကောင်းခြင်းတွေသယ်ဆောင်လာမယ်လို့ မျှော်လင့်ရင်းနဲ့....


ငယ်ငယ်တုန်းကတော့ နှစ်သစ်ကူးညတွေဆို ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး ည၁၂နာရီတိတိမှာ Happy New Year လို့အော်ကြတယ်... အရွယ်ရောက်လာတော့ အိမ်ကလူတွေနဲ့ ဘုရားကျောင်းသွားပေမဲ့ ဘုရားကျောင်းရောက်ပြီးမှ တိတ်တိတ်လေးခိုးထွက်ပြီး အပြင်မှာကြိုစောင့်နေတဲ့သူငယ်ချင်းတွေနဲ့ တံတားဖြူဘက်သွားကြတယ်... နောက်မှ အဆူခံလိုက်တယ်....


အခုတော့ခလေးတွေနဲ့ပင်လယ်ကမ်းခြေမှာ နှစ်သစ်ကူးဖို့ စီစဉ်ထားပေမဲ့ ကျေးဇူးရှင်တွေက မျောက်ရှုံးအောင် ဆော့ထားကြတော့ ၁၂နာရီထိနေဖို့မပြောနဲ့ ၉နာရီနဲ့တင်အိပ်သွားကြလို့ ၁၂နာရီထိုးချိန်မှာ ကိုယ်တစ်ယောက်ထဲရယ်.... ဒါနဲ့ဘဲ Happy New Year မအော်တော့ဘဲ ဖုန်းနဲ့ဘဲ သူငယ်ချင်းတွေဆီကို message လိုက် ပို့တော့တယ်... HAPPY NEW YEAR 2011 လို့.... ဒီဘလော့လေးကို လာလည်ကြတဲ့ မိတ်ဆွေများလိုလဲ နှစ်သစ်နှုတ်ခွန်းဆက်ပါတယ်.... HAPPY NEW YEAR 2011

No comments:

Post a Comment