Saturday, January 29, 2011

chúc mừng năm mới







chúc mừng năm mới ဆိုတာ ဗီယက္နမ္စကားပါ (ကြ်တ္မြန္နမ္မြီ) လို့အသံထွက်ပြီး အဓိပ္ပါယ်က Happy New Year ပါ... တရုတ်နှစ်သစ်ကူးချိန်မှာဘဲ ဗီယက်နမ်တွေလဲ နှစ်သစ်ကူးကြတယ်... Tết လို့ခေါ်တဲ့ ဗီယက်နမ်နှစ်သစ်ကူးရာသီမှာ ရုံးတွေဆိုင်တွေပိတ်ကြတယ်... ကျမတို့မြန်မာတွေ သင်္ကြန်ချိန်နီးရင် အစားအသောက်တွေစုဆောင်းကြသလို သူတို့တွေလဲ Tết မတိုင်ခင် တစ်ပတ်နှစ်ပတ်လောက်ကတည်းက အစားအသောက်တွေကြိုဝယ်ထားကြလို့ အခုတလော စူပါမားကတ်တွေမှာ ကြိတ်ကြိတ်တိုးနေ ကြတာ ပိုက်ဆံရှင်းရင်လဲ ကောင်တာမှာ တန်းစီစောင့်ရတာ လူတန်းကအရှည်ကြီးမို့ အကြာကြီးပါဘဲ... အဲဒီအချိန်မှာ သူတို့တွေ အလုပ်မလုပ်ကြဘူး... သူတို့အဆိုအရ လယ်သမားလဲနား လယ်ယာမြေလဲနားရတယ်တဲ့... အဲဒီအချိန်အတွင်းမှာ ဝတ်ကောင်းစားလှဝတ်ကြတယ်... စိတ်ကောင်းထားကြရတယ်... အပြုအမူအနေအထိုင်တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်... နှစ်သစ်မှာကောင်းမှ တစ်နှစ်လုံးကောင်းမယ်ပေါ့... သူတို့နှစ်သစ်ကူးဟာ အပြင်ထွက်လည်ကြတာမဟုတ်ဘဲ မိသားစုတွေ ပြန်လည်ဆုံစည်းကြပြီး အတူတူချက်ပြုတ်စားကြလေ့ ရှိတယ်... အဲလိုအချိန်မှာ ရထားလတ်မှတ် အဝေးပြေးကားလတ်မှတ်တွေ ဝယ်မရတော့ဘူး... အကုန်လုံး fullly booked ဘဲ... ကျမတောင် ပင်လယ်ကမ်းခြေဘက်သွားဘို့ကို တစ်လစောပြီး ဘွတ်ကင်တင်ထားရတယ်.... ဒါတောင်မှီရုံလေးရယ်... အားနေတုန်းရိုက်ထားတဲ့ ပုံလေးတွေတင်လိုက်ပါတယ်... မောင်နှမများအားလုံးကို chúc mừng năm mới လို့နှုတ်ဆက်လိုက်ပါတယ်နော်...

No comments:

Post a Comment