(ရှစ်လအရွယ်သားငယ်)
၂၀၀၃ခုနှစ်ကနေ၂၀၀၅ခုနှစ်အတွင်း ဗီယက်နမ်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျမအတွက် အပျော်ဆုံးအချိန်တွေ လို့ပြောလို့ရပါတယ်.... ဆွေမျိုးတွေလို ရင်းရင်းနှီးနှီး ဆက်ဆံလို့ရတဲ့ မြန်မာလူမျိုး သူငယ်ချင်းတွေရခဲ့တယ်... အိမ်နီးနားချင်းသူငယ်ချင်းတွေထဲက ပြင်သစ်အမျိုးသမီးတစ်ယောက်၊ဖိလစ်ပိုင်သူတစ်ယောက်နဲ့ ဗီယက်နမ်သူငယ်ချင်းတစ်ယောက် တို့ဟာလဲ သိပ်ကိုခင်စရာကောင်းပါတယ်.... သူငယ်ချင်းတွေစုပြီး နေ့လည်စာထွက်စားကြတိုင်း သမီးလေးကို အိမ်ဖော်နဲ့ မထားရက်တဲ့ အတွက် ကျမသွားလေရာ သမီးလေးပါစမြဲ.... ကျမသူငယ်ချင်းတွေကြားမှာ သမီးလေးကတော့ ပျော်လို့.... တစ်အုပ်လုံးမှာ ခလေးခေါ်လာသူဆိုလို့ ကျမတစ်ယောက်ထဲ ရှိပေမဲ့ နားလည်ပေးကြပါတယ်.... တစ်နေ့တော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဂျပန်အမျိုးကမီးက ကျမကိုထုတ်ပြောပါတယ်... အရင်တုန်းက ကျမကိုသွားလေရာ ခလေးတန်းလန်းခေါ်လာလို့ သူ့စိတ်ထဲထူးဆန်းနေမိတယ်တဲ့.... အခုတော့ သူက ကျမလာရင် ခလေးမခေါ်လာမှာတောင်စိုးမိတယ်တဲ့.... အဲဒီနှစ်တွေအတွင်းမှာ ဒီဇင်ဘာလရောက်တိုင်း ရန်ကုန်ကို အလည်ပြန်ကြပါတယ်.... သမီးလေးရဲ့ မွေးနေ့ကို ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ကျင်းပပေးချင်တာရော.... ဒီဇင်ဘာမှာ ကိုယ့်ရဲ့မိခင်အသင်းတော်မှာဘဲ ဘုရားပြန်ရှိခိုးချင်တာတွေကြောင့် နှစ်တိုင်း တစ်လလောက်တော့ ပြန်လည်ဖြစ်တယ်.... အချိန်တန်လို့ ဗီယက်နမ်ပြန်တော့မယ်ဆိုရင် သမီးလေးက လေဆိပ်မှာ ဘယ်လိုမှ ချော့မရအောင် အသည်းအသန်ငိုတယ်.... နဂိုက သမီးလေးကို မျက်နှာတစ်ချက် အပျက်မခံဘဲ အရိပ်ကြည့်နေခဲ့သူမိခင်တစ်ယောက်အနေနဲ့ ကျမ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်... သမီးလေးကို အမျိုးမျိုးချော့ရင်း ကျမလဲ မျက်ရည်ကျရပါတယ်.... ဟိုမှာ အပေါင်းအသင်းတွေ ဘယ်လောက်ဘဲ ရှိရှိ... ဘယ်လိုဘဲ ကောင်းကောင်းနေရနေရ... မိဘဆွေမျိုးတွေရဲ့ အေးရိပ်မေတ္တာမျိုးတော့ မရနိုင်ဘူးလေ.... ကိုယ်ပျော်ရာ ကိုယ့်နိုင်ငံမှာ မနေရတဲ့အခါ နေရတဲ့နေရာမှာဘဲ ပျော်အောင်ကြိုးစားနေနေကြရတာဘဲလေ... ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာလို့ ကိုယ့်ကိုကိုယ် ပြန်အားပေးရပါတယ်.... ဗီယက်နမ်လေဆိပ်ကို ပြန်ရောက်တိုင်းလည်း ကျမမှာမျက်ရည်ဝဲရပါတယ်.... ထွက်ခွါလာခဲ့တဲ့ ကိုယ့်နိုင်ငံလေဆိပ်နဲ့ ဘာမှမဆိုင်တဲ့ ကွဲပြားခြားနားမှုတွေအတွက် ဝမ်းနည်းမိတယ်.... လေယာဉ်ပေါ်ကဆင်းတာနဲ့ လေဆိပ်ထဲတန်းရောက်....Immigration ကောင်တာတွေအများကြီးရှိတာကြောင့် အကြာကြီးတန်းစီရပ်စရာမလိုတဲ့ အပြင် ကောင်တာကထွက်တာနဲ့ အောက်ထပ်မှာ ကိုယ့်Luggage ကအဆင်သင့်ဆွဲယူရုံဘဲ.... Customကောင်တာမှာလဲခဏလေးဘဲ.... အားလုံးအဆင်ကိုပြေလို့.... သူများနိုင်ငံတိုးတက်တာကိုကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ဆုတ်ယုတ်မှုအတွက် အရမ်းဘဲ စိတ်မကောင်းဖြစ်မိတယ်... ကျမလိုဘဲ တခြားသူတွေလဲ ဒီလိုဘဲခံစားကြရမယ်လို့ထင်ပါတယ်..... ဒီလိုနဲ့ဘဲ သမီးလေးအသက်နှစ်နှစ်ခွဲအရွယ်မှာ မူကြိုထားဘို့ အချိန်တန်ပြီဆိုပြီး မူကြိုကျောင်းတွေလိုက်စုံစမ်း စိတ်ကြိုက်တွေ့တဲ့ကျောင်းလေးမှာ သမီးလေးကိုမူကြိုစထားပါတယ်....မှတ်မှတ်ရရ ၂၀၀၄ခုနှစ် ဇူလိုင်လမှာပါ... သမီးလေးမူကြိုမှာ နေသားကျသွားတဲ့ ၂၀၀၅ခုနှစ်မှာ နောက်ထပ်ခလေးတစ်ယောက်ထပ်ယူဘို့ ဆုံးဖြတ်လိုက်ပါတယ်... ကိုယ်ဝန်ရပြီးတဲ့အခါ ဟိုချီမင်းက ဆေးရုံကြီးတစ်ခုမှာ ပြင်သစ်ဆရာဝန်တစ်ယောက်နဲ့ ကိုယ်ဝန်အပ်တယ်.... အားဆေးလဲမသောက်ခိုင်း.... လနုကိုယ်ဝန်သွေးဆင်းတာကိုလဲ ဘာကုသမှုမှမပေးနဲ့ လုံးဝစိတ်တိုင်းမကျပါဘူး... ဒါနဲ့ဘဲ မှန်းထားတဲ့ အချိန်ထက်ရန်ကုန်ကိုစောပြန်ခဲ့ရပါတယ်.... ဘာကြောင့်မှန်းမသိ ကျမစိတ်ထဲမှာ မြန်မာဆရာဝန်တွေကိုဘဲ စိတ်တိုင်းကျပါတယ်.... ကျမကြုံခဲ့ရတဲ့ မြန်မာOG နှစ်ယောက်စလုံးဟာ လူနာတွေအပေါ်တကယ်ဘဲနွေးထွေးပါတယ်.... ဟိုချီမင်းမှာတွေ့ခဲ့ရတဲ့ ပြင်သစ်OGနဲ့ဘာမှမဆိုင်ပါဘူး.... ကျမရန်ကုန်ပြန်မွေးရကျိုးနပ်ပါတယ်.... မိသားစုရဲ့ဂရုစိုက်မှုအောက်မှာ ကျမစိတ်တွေအရမ်းချမ်းသာခဲ့ရတယ်....သမီးလေးအတွက်လဲပူစရာမလို... ဝိုင်းကြည့်ပေးတဲ့အမျိုးတွေကြားမှာ သမီးလေးလဲပျော်လို့... ၂၀၀၆ခုနှစ်မတ်လ၂၁ရက်နေ့မနက်မှာ ချစ်စရာကောင်းတဲ့သားလေးကို မွေးဖွားခဲ့ပါတယ်.... သားလေးတစ်လခွဲမှာ ဗီယက်နမ်ကိုပြန်လာခဲ့ပါတယ်.... သားငယ်လေးအလှည့်မှာတော့ အတွေ့အကြုံရှိပြီးသား ဖြစ်သွားပြီမို့ အစစအရာရာအဆင်ပြေပါတယ်.... မိသားစုအလည်ခရီးတွေလဲ ခဏခဏထွက်ဖြစ်တယ်.... နီးနီးနားနား စင်္ကာံပူနိုင်ငံကိုတော့ ပိုသွားဖြစ်တယ်... ဒါပေမဲ့ကျန်းကျန်းမာမာမွေးဖွားခဲ့တဲ့ သားလေးဟာတစ်နှစ်ခွဲအရွယ်မှာ အရေးပေါ်ဆေးရုံတက်ခဲ့ရတယ်...ခြေမကိုင်မိလက်မကိုင်မိနဲ့ တကယ်ကို သောကရောက်ခဲ့ရတယ်.... အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ်ဝင်ပြီး အသက်ရှုလမ်းကြောင်းပိတ်တာပါ.... နောက်ပိုင်းလဲခဏခဏဖြစ်နိုင်တာမို့ ဆရာဝန်က အသက်ရှုလမ်းကြောင်းဖွင့်ပေးတဲ့ ရှုဆေးမှုတ်တဲ့စက်လေးဝယ်ခိုင်းပါတယ်... အဲဒါလေးနဲ့နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်... အရေးပေါ်ကြုံလာရင်တောင် အိမ်မှာဘဲ အရင် ကုသပေးထားလို့ရပါတယ်.... ရင်ကျပ်ပန်းနာရောဂါလိုဖြစ်မှာ စိုးရိမ်လို့ ဆရာဝန်ကိုမေးကြည့်ပါတယ်... ကြီးတဲ့ အထိဖြစ်နေမှာလား... ဘယ်အရွယ်လောက်ထိဆက် ဖြစ်နိုင်လဲလို့ ... ဆရာဝန်ရဲ့အဖြေက ဒီမှာခလေး အများစုအဲလိုဘဲဖြစ်ကြတယ်တဲ့ ... ဗီယက်နမ်မှာ မနေတော့ရင် မဖြစ်တော့ဘူးတဲ့
(ဆက်ရန်)
29 Oct 09, 21:38
ReplyDeleteစည်သူ: လေးစားစွာဖြင့်
29 Oct 09, 21:38
စည်သူ: ပျော်ရွှင်ပါစေအမရေ..
29 Oct 09, 21:38
စည်သူ: ဘယ်လိုစဉ်းစားထားလဲ.. ခက်တော့ခက်တာပဲဗျာ..
29 Oct 09, 21:38
စည်သူ: ဗီယက်နမ်မှာ မနေတော့ရင် မဖြစ်တော့ဘူးတဲ့လား..
29 Oct 09, 21:37
စည်သူ: နောက်ဆုံးတော့ ဘယ်လိုလဲအမရာ...
29 Oct 09, 21:37
စည်သူ: အိမ်ပဲပြန်ချင်ပါတယ်.. မတတ်သာလို့သာ နေနေရတာပါ..
29 Oct 09, 21:36
စည်သူ: ကိုယ့်လူမျိုးကို ကိုချစ်တယ်ပဲပြောပြော ဘာပဲပြောပြော ပြောချင်ရာပြောပါစေ.. ကျွန်တော်လည်း အမလိုပါပဲ..
29 Oct 09, 21:36
စည်သူ: အင်းပေါ့ အမရယ်.. ဖတ်ရင်းနဲ့တောင် စိတ်မကောင်းဖြစ်သွားတယ်..
29 Oct 09, 21:30
စည်သူ: အရင်ဆုံးနော်... ဟဲဟဲ..
29 Oct 09, 19:25
ချစ်သောရိုစ်ရေ.. ဒီပို့စ်လေးကို ဖတ်ပြီး လွမ်းဆွတ်သလို စိတ်မကောင်းသလို ခံစားမိတယ်။ ဘယ်လိုအားပေးရမလဲတောင် မသိတော့သလိုဖြစ်သွားမိတယ်။ တို့တတွေက ပျော်ရာမှာမနေရ တော်ရာမှ နေရတဲ့ ဘ၀ဆိုတော့လည်း ရောက်ရာနေရာမှာ အဆင်ပြေအောင် ကြိုးစားကြရတာပေါ့ကွာ..။ အစစ အဆင်ပြေစေချင်တာပါပဲ..
ReplyDeleteဒါနဲ့ ဒီနှစ်ဒီဇင်ဘာကို ရန်ကုန်ပြန်ဦးမယ်ဆိုတာ ပြန်ဖြစ်မှာလား? ပြန်ဖြစ်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် သားသားမီးမီးတို့ရော ရိုစ်ရော ပျော်နေမယ်ဆိုတာ ခံစားတွေးပြီး ကိုယ်တောင် ထပ်တူပျော်လာတယ်။
အစစအဆင်ပြေပါစေနော်..။
မိခင်ကောင်းတယောက်ဖြစ်ဆိုတာ ဒီဘလောဂ်လေး စ ဖတ်မိကတည်းက သတိပြု မိပါရဲ့ မရို့ စ်ရေ ။
ReplyDelete့ကိုယ့်တိုင်းပြည် ဘယ်လောက်ပဲ ခေတ်နောက်ကျတယ်ပြော ပြော လူသားဆန်တဲ့ လူတွေလည်း ရှိနေကြသေးလို့ တော်သေးတာပေါ့လေ ။ မိဘဆွေမျိုးတွေရှိနေကြလို့သာ ပြန်ဖြစ်ကြတဲ့သူတွေ များပါတယ် ။
စိတ်ဝင်စားစရာ အတွေ့ အကြုံလေးတွေပါဘဲ ...
စကား မစပ် .. မြန်မာပြည် ပြန်ပြီးကလေးမွေးတဲ့ စရိတ်စက တွေ ကရော .. အံ့သြကုန်နိုင်ဘွယ်ပဲလား လို့ .. သိချင်ပါတယ် ..
:) သမီးလေးက မြန်မာလိုနားလည်လားဟင်။ ချစ်စရာကောင်းတယ်နော်။
ReplyDeleteသားလေးခမျာ ငယ်ငယ်လေးနဲ့ရှုဆေးမှုတ်ရတာ သနားပါတယ်။ အခုရော ကျန်းမာနေပြီမဟုတ်လား။
မကြီး တူလေးနဲ့ တူမလေးက မြန်မာလိုနားလည်လားဟင်
ReplyDeleteဗီယက်နမ်လိုရော တတ်ကြလား . . . ကလေးတွေအကြောင်း
ဖတ်ရတာ ကောင်းတယ်အမရေ . . . ဘာပြောပြော အမရေ
အမပြောသလို ပြင်သစ် OG နဲ့  မြန်မာ OG ကွာသလိုပေါ့
အရေးနဲ့ အကြောင်းဆိုရင် ကိုယ်မြေ ကိုယ့်ရေ ကိုယ်မိသားစုက
အလုံခြုံဆုံး အနွေးထွေးဆုံးပါဘဲ အမရေ . . .
အိမ်နီးနားချင်း မိတ်ဆွေကောင်းတွေရှိတာ တကယ့်ကို ဘုရားပေးတာပါပဲ
ReplyDeleteချစ်စရာ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ မမကတော့ ပျော်ရမှာပါနော်
မောင်လေးက အသက်ရှုလမ်းကြောင်း မှုတ်စက်လေး သုံးရတာ ဖတ်ပီး စိတ်မကောင်းလိုက်တာ
ကိုယ်တောင်နေမကောင်းလို့ နှာပိတ်ရင် ဘယ်လောက် ခံရခက်လဲနော်
ဒီနှစ် ဒီဇင်ဘာရော ပြန်ဖြစ်မယ်ဟုတ်
မမတို့ မိသားစုလေး အေးချမ်းပျော်ရွှင်ကြပါစေနော်
ကလေးတွေကိုနှုတ်ဆက်လိုက်ပါ။
ReplyDeleteကလေးတွေဆိုပြီး လျော့မတွက်နဲ့.. သူတို့က မေတ္တာတရားကို အဖြူစင် အရိုးရှင်းဆုံး ခံစားတတ်တယ်နော်။
ReplyDeleteအမတို့လည်း အခွင့်သာတိုင်း ပြန်ပါတယ်။ ကလေးတွေကိုလည်း သွားလေရာခေါ်တယ်။ အရွယ်ရောက်လာရင် စိတ်တွေက ပြောင်းသွားတော့မှာလေ။ အဲ့အချိန် ကိုယ်စိတ်ဝင်စားတာနဲ့ သူတို့ စိတ်ဝင်စားတာ ဘယ်လိုမှ မတူနိုင်တော့ဘူး။ ငယ်တုန်းမှာ သူတို့ စိတ်ထဲ ရောက်ခဲ့တဲ့ ဟာလေးတွေကတော့ တသက်လုံး စွဲသွားပြီမို့ အဲ့ဒီအခံလေးနဲ့ နောင်အရှည် မိဘနဲ့ သားသမီးကြား အမြင်တွေ၊ ဆက်ဆံရေးတွေကို ဆက်ဟပ်ယူရမှာလေ။
မမရေ သားသားလေးက ငယ်ငယ်တုန်းကလဲ ချစ်စရာလေးနော်။
ReplyDeleteရန်ကုန်ပြန်တိုင်း လေဆိပ်ရောက်ရင် မချင့်မရဲဒေါသထွက်ရတယ်။
ကိုယ်နိုင်ငံဆုတ်ယုတ်မှုတွေ မြင်တိုင်းး အဘတွေကို စိတ်တိုမိဒယ်။
ဘာဘဲပြောပြော ဘယ်နိုင်ငံဘယ်လောက်တိုးတက်တိုးတက် မိဘဆွေမျိုးအသိုင်းအဝိုင်းအရိပ်လောက်တော့ ဘယ်အေးမြမလဲမမရယ်။
မေလေးလဲမမသမီးလေးလိုဘဲ အိမ်ကိုအလည်ပြန်ပြီး စလုံးကိုပြန်လာတိုင်း ငိုရတယ်။ တလလောက်လဲအလွမ်းသယ်လို့မပီးနိုင်ဘူး။
ဒါပေမဲ့လေ ပျော်ရာမှမနေရ တော်ရာမှာနေရဆိုသလိုဘဲ
ဖြေသိမ့်နေရတယ်မမရေ။
စလုံးခဏခဏလာလည်တယ်ဆိုတော့ နောက်တခါလာရင် အိမ်ကိုလာလည်နော်။မမတို့စားချင်တာချက်ကျွေးမယ်။
နိုင်ငံတစ်ကာတွေများမြန်မာပြည်ကိုအားမနာကြဘူး
ReplyDeleteလုပ်ရက်လိုက်ကြတာ တိုးတက်ရက်လိုက်ကြတာ :P
မြန်မာပြည်မှာတော့တိုးတက်ဖို့ဘတ်စ်ကားပဲရှိတော့တယ်
အတွေ့အကြုံအစုစုကိုဖတ်ရှုသွားတယ်အစ်မရေ
မိခင်တယောက်ရဲ့ ဒုက္ခ၊ သောကအပူ။ မေတ္တာတရားတွေ တွေ့ရတယ်။ အမတို့မိသားစု ကျန်းမာ ပျော်ရွင်ပါစေ။
ReplyDeleteသားလေး ပါးကို ကိုက်ပစ်ချင်တယ် ဟီးးးးးးးးးး
ReplyDeleteစည်သူရေ... ခုထိတော့နေ နေရတုန်းပါဘဲ....
ReplyDeleteလသာညရေ.... ဒီဇင်ဘာပြန်မှာသေချာတယ်... ဘာမှာအုန်းမလဲ
Kikiရေ.... ရန်ကုန်ပြန်ခလေးမွေးရတာ သမီးတုန်းကတော့ သိပ်မကုန်ပါဘူး... သားအလှည့်မှာ နိုင်ငံတကာဆေးရုံရှိနေပြီဆိုတော့ တော်တော်ကုန်သွားတယ် :D
သုနှင်းဆီ... သမီးလေးကမြန်မာလို ကောင်းကောင်းပြောတတ်ပါတယ်... ရန်ကုန်ကအမျိုးတွေနဲ့ မြန်မာလိုဘဲဖုန်းပြောနေကျပါ..
မိုးစက်အိမ်.... ခလေးတွေမြန်မာလိုနားလည်ပါတယ်... ဗီယက်နမ်လိုတော့သိပ်မတတ်ပါဘူး
အနော်လေး.... ကိုယ်ချင်းစာခံစားပေးတာကျေးဇူးပါ
မသီတာ... ကျေးဇူးမသီတာ... မသီတာလဲမိခင်ကောင်းတစ်ယောက်ဆိုတာ ကျမသိပါတယ်... လာလည်ပြောပြပေးတာတွေအတွက်ကျေးဇူးပါ
နှင်းဆီပန်းချစ်တဲ့မေလေး........ တကယ်လား...ဒီတစ်ခေါက်လာဖြစ်ရင်ပြောမယ်နော်...
ReplyDeleteသားကြီး.... ဟုတ်ပနော် :D လာလည်သွားတာကျေးဇူး
ရေတမာ...ဆုတောင်းပေးသွားတာကျေးဇူးပါ
ဝက်ဝံလေး.... ဖတ်ရတာကြက်သီးထသွားတယ်
အမေတယောက်ရဲ့သောကကို စာနာမိပါတယ်...
ReplyDeleteမမရေ........
ReplyDeleteမလို မိခင်ကောင်းရဲ့ ကလေးတွေဖြစ်ရတာ မောင်လေးနဲ့ ညီမလေးတို့ ကံကောင်းတယ်။ ပျော်စရာမိသားစုလေးဖြစ်ပါစေ။ ဘုရားရှင်ကောင်းကြီးပေး လမ်းပြပါစေနော်။
"နီးနီးနားနား စင်္ကာပူနိုင်ငံကိုတော့ ပိုသွားဖြစ်တယ်..."
ReplyDeleteနောက်တခါ လာလည်ရင် ပြောနော်...
တွေ့ကြမယ်လေ....း))