ကိုယ်ပိုင်ဘလော့လေးကိုစဖွင့်ခဲ့သည်မှာ
၂၀၀၈ခုနှစ်ကုန်ခါနီးလောက်မှာဖြစ်သည်။
နာဂစ်ရေဘေးအချိန်မှာဘလော့တွေနှင့်စတင်ရင်းနှီးခဲ့ရပြီး
စိတ်ထဲရှိသမျှရေးချလို့ရမဲ့ကိုယ်ပိုင်စာမျက်နှာလေးတစ်ခုဖွင့်ဘို့စိတ်ကူးမိပေမဲ့ လက်တွေ့မှာတော့ချက်ချင်း
အကောင်အထည်မဖော်ဖြစ်ခဲ့။
အိမ်ထောင်ရှင်မတစ်ယောက်၊ခလေးတို့ရဲ့မိခင်တစ်ယောက်အနေနှင့်
ကိုယ့်အတွက်ဆိုတာရှေ့တန်းမတင်တာကြာပြီမို့ ကိုယ့်ဆန္ဒမှန်သမျှ ချက်ချင်းအကောင်အထည်မဖော်ဖြစ်တာ
အကျင့်လိုဖြစ်နေခဲ့ပြီထင်ရဲ့။
တကယ်တမ်းစရေးဖြစ်တော့လည်း
ကိုယ်ရေးကိုယ်တာ ရင်ဖွင့်စရာလေးများနှင့်စခဲ့သည်။( အခုတော့ ကိုယ်ရေးကိုယ်တာပို့စ်အချို့ကိုဖျက်လိုက်ပါသည်)
ဘလော့သက်လေးရလာတော့ စိတ်ကူးထဲကအကြောင်းလေးတွေ၊ ပတ်ဝန်းကျင်ကစရိုက်လေးတွေကို စာဖွဲ့ပြီးရေးမိသည်။
ဒီလိုရေးမိမှဘဲဘလော့လောကနှင့်
ပုံနှိပ်လောကရဲ့ကွာဟမှုအချို့ကိုသိသာစွာမြင်လာခဲ့ရသည်။
ကိုယ်ကအပေါင်းအသင်းများသူမို့
ကိုယ့်အပေါင်းအသင်းထဲမှာ ကိုယ့်အပေါ်ကောင်းသူမကောင်းသူများကရောနှောနေခဲ့သည်။ မိသားစုအရေးသာဦးစားပေးသူမို့
ကိုယ့်အပေါ်မကောင်းသူတွေကိုလွယ်လွယ်ဥပေက္ခာပြုနိုင်ပေမဲ့ ကိုယ်ရေးတဲ့အရေးအသားအပေါ် စော်ကားခဲ့မှုများကိုတော့
ဥပေက္ခာပြုနိုင်ဘို့ အတော်ကြိုးစားခဲ့ရသည်။
ကိုယ်ရေးသမျှကိုယ့်ဇာတ်လမ်းလား၊
သူတို့ကိုစောင်းမြောင်းရေးလေသလားအထင်နှင့် အမြင်ကျဉ်းသူတစ်ချို့ကြောင့် ဘလော့ရေးခြင်းကို
စိတ်အနည်းငယ်ပျက်ခဲ့ဘူးပါသည်။
ပုံနှိပ်လောကထဲမှာစာရေးရင်သာတကယ့်စာပေထင်သူများအကြားမှာ
ဘလော့ရေးတယ်လို့ပြောရမှာ စိတ်မသက်မသာဖြစ်ခဲ့ဘူးပါသည်။
သို့ပေမဲ့
ဝါသနာအရရေးသူမို့ လွတ်လပ်စွာပေါ့ပါးစွာရေးသားနိုင်သောဘလော့လေးကို စွန့်လွှတ်ဖို့ဘယ်တုန်းကမှစိတ်မကူးခဲ့မိပါ။
ဘလော့ရေးမှခင်မင်ခဲ့ရသော
ဘလော့ဂါမောင်နှမများနှင့်ရရှိခဲ့သည့်ခင်မင်မှုကိုကျမတန်ဘိုးထားပါသည်။
ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားခဲ့သောဘလော့ဂါသူငယ်ချင်းများက
ကျမအတွက် ဘလော့ရေးခြင်းမှရရှိသော အကျိုးအမြတ်ဖြစ်သည်။
ဘလော့ရေးခြင်း၏စာပေလွတ်လပ်မှုကိုကျမမြတ်နိုးပါသည်။
ပုံနှိပ်လောကသို့ကူးပြောင်းဖို့လည်း ကျမမှာရည်မှန်းချက်ပန်းတိုင်မရှိပါ။ စာရေးခြင်းကိုဝါသနာပါ၊မြတ်နိုးသော်လည်း ဇွဲကြီးကြီးနှင့်ထိုင်ခုံပေါ်မှာအကြာကြီးစာထိုင်ရေးနိုင်သူတစ်ယောက်လည်းမဟုတ်ပါ။စာအရှည်ကြီးရေးရမှာ အလွန်ပျင်းပါသောကြောင့်
ပုံနှိပ်လောကသို့ဝင်ရောက်ရန်ကြိုးစားအားထုတ်မှုမျိုးကျမမှာမရှိကြောင်း
ဝန်ခံပါသည်။
စာတိုလေးတွေသာ
ဝါသနာအရရေးရင်း လွတ်လပ်သောဘလော့ဂါဘဝကိုသာ တွယ်ဖက်နေပါဦးမည်။
ဘလော့ရေးခြင်းကိုကျမဘယ်တော့မှစွန့်လွှတ်မည်မဟုတ်ကြောင်း
ဘလော့ဒေးမှာသစ္စာဆိုပါသည်။
(မိတ်ဆက်ပေးချင်တဲ့ဘလော့ကတော့တစ်ခုဘဲရှိပါသည်။
http://kaillivingwithlove.blogspot.com
သွားရောက်လည်ပတ်လက်တွဲခေါ်ယူဘို့တိုက်တွန်းလိုပါသည်။)
(မိတ်ဆက်ပေးချင်တဲ့ဘလော့ကတော့တစ်ခုဘဲရှိပါသည်။
http://kaillivingwithlove.blogspot.com
သွားရောက်လည်ပတ်လက်တွဲခေါ်ယူဘို့တိုက်တွန်းလိုပါသည်။)
ဘလော့ဂါမောင်နှမအားလုံးကိုလေးစားချစ်ခင်လျှက်
Rose of
Sharon
ဘလော့ဂ်ပို့လေးတွေမှာ ရင်ထဲရှိတာကို ရိုးရိုးရှင်းရှင်း ချရေးတတ်တဲ့ ရို့စ်ရဲ့ စိတ်သဘောလေးကို မြင်နေရတယ်...အဖြူရောင်လေး
ReplyDeleteများများရေးနိုင်ပါစေ.........ဘလော်ဂါမောင်နှမများနှင့်ရရှိခဲ့သည် ခင်မင်မှုကိုတန်ဖိုးထားပါသည်......အားပေးတဲ့သူများကလည်း ခင်မင်ကြောင်းပြောကြားလိုပါသည်.....:P
ReplyDeleteမရို့စ်
ReplyDelete“ပုံနှိပ်လောကထဲမှာစာရေးရင်သာတကယ့်စာပေထင်သူများအကြားမှာ ဘလော့ရေးတယ်လို့ပြောရမှာ စိတ်မသက်မသာဖြစ်ခဲ့ဘူးပါသည်“... ဆိုတဲ့ စာကြောင်းလေးကို သဘောကျလိုက်တာ။
ဝါသနာပါတဲ့ စာလေးတွေ ရေးသွားနိုင်ပါစေဗျာ...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ပျော်ပျော်ရွှင်ရွှင်နဲ့ စာလေးတွေ ဆက်ရေးနိုင်ပါစေ မမ
ReplyDeleteအမှတ်မထင်ဆုံတွေ့ခဲ့ရမှုကို အမြဲသတိရလျှက်ပါ
ချစ်သော
သူသူ
ချစ်စရာခလေးတို့ရဲ့ မေမေ ရိုစ့် ချစ်စရာမိသားစုနဲ့ အတူ ပျော်ရွှင်၊
ReplyDeleteဘလောဂ့်မှာလည်းစာတွေတင်၊
အမြဲပြုံးလို့ပျော်ရွှင်ပါစေ။
ရေးပေးတဲ့အတွက် ကျေးဇူးပါ Sis ရေ. ဒီပို့စ်လေးကို Blog Digest လေးမှာ အမှတ်တရ ရှဲလိုက်ပါတယ်။ ရန်ကုန်မှာ နောက်တစ်ခေါက် ပြန်ဆုံကြတာပေါ့. :)
ReplyDeleteYan.
ဘလော့မှာရော အပြင်မှာပါ ခင်မင်ရသော ချစ်ဘလော့ဂါလေးပါ။ အရင်လိုပဲ အချိန်ရတိုင်း ပိုစ်တွေ အများကြီးဆက်ရေး နိုင်ပါစေ။
ReplyDeleteဖောရေ ရောက်စ်
ReplyDeleteမမရေ... Happy Blog Day ..ပါလို့ ..နောက်ကျမှရောက်လာတယ် ...:)
ReplyDeleteပျော်ရွှင်ချမ်းမြေ့သော ဘလောဒေးဖြစ်ပါစေလို့ ဆုတောင်းပါရစေဗျား...
ReplyDeleteသစ္စာတရား အတိုင်း ဆက်လက် ရပ်တည်နိုင်ပါစေ ... ခင်ဗျာ ... blogging ကို ခင်တွယ်တဲ့ ... blogger ဖြစ်ကြောင်း ... အမှန်တကယ် ... ထိုစိတ်များအတွက် ... ဦးညွှတ်မိပါကြောင်း ... blog day အမှတ်တရ စာလာဖတ်ရင်း ...
ReplyDeleteတခါရေးခဲ့ဖူးပြီးမို့လို့ ခုရေးဖို့ဖီလင်မလာဘူးဖြစ်နေတယ် ဘာပဲဖြစ်ဖြစ် ဘလော့ဂါတွေ ဖဘမှာချည်းပဲ ဖလန်းဖလန်းမထဘဲ စာများများရေးကြပါလို့တိုက်တွန်းချင်ပါတယ်...။
ReplyDeleteအမရေ လာတာ နောက်ကျသွားတယ် ၊ ဟိုရက်က မောင်လေးအိမ်ရောက်တည်းက ဖတ်မိတယ် ၊ ကွန်မန့်မရေးမိတာ။
ReplyDeleteအမေရောက်နေလို့ အပြင်ရောက်နေတာများတယ်။
လက်နာနေတာရော ၊ စုံနေတာဘဲ။ :))
မနော်ရေ..
ReplyDeleteရိုးရှင်းပွင့်လင်းတဲ့ ဘလော့ပို့စ်လေးကို နှစ်သက်မိရကြောင်းပါ...။
ကွန်နက်ရှင်နှိပ်စက်လို့ အခုမှ ရောက်ရပါတယ်...
Happy Belated Blog Day !
အမှတ်တရပေါ့ဗျာ :-)
ReplyDeleteဘလော့ရေးခြင်း၏စာပေလွတ်လပ်မှုကိုကျမမြတ်နိုးပါသည်...
ReplyDeleteတူတယ် မရို့ စ် ကျွန်မ ခံယူချက်နဲ့ ...
Happy Belated Blog Day !