ရက်ရက်စက်စက်လှတယ်ဆိုတဲ့ အပြောမျိုး ကြားဖူးနေတာတော့ ကြာပါပြီ… ဒါပေမဲ့ ကိုယ့်အလှကိုအသုံးချပြီး သူများမျက်ရည်ကျအာင် လုပ်ရက်ကြသူတွေကို တွေ့ရဖန်များလာတော့ ရက်စက်စွာလှပသူများအကြောင်း စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရပြီး ဒီပို့စ်လေးကို ရေးလိုက်ပါတယ်….
…………………………………………………………………………………………..
စန္ဒာကိုကို့နောက်ကို လိုက်ရတော့မည်မို့ အပျော်ကြီးပျော်နေမိသည်… စန္ဒာ့ဘဝမှာ ကိုကို့တစ်ယောက်ထဲကိုသာချစ်ခဲ့ဘူးပြီး ကိုကို့ကို လက်ထပ်ခွင့်ရသည့်အတွက် စန္ဒာ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးသူတစ်ယောက်ကဲ့သို့ ခံစားမိသည်… စန္ဒာသိပ်ချစ်သည့်ကိုကိုနှင့် နှစ်ပေါင်းများစွာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ကိုကိုက ဗီယက်နမ်နိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားခဲ့သည်…. သူငယ်ချင်းများက ဗီယက်နမ်မလေးတွေသိပ်ချောကြောင်း၊ ကိုကို့ကိုလွှတ်မထားသင့်ကြောင်း ဝိုင်းပြောကြသော်လည်း စန္ဒာ ကိုကို့ကို ယုံကြည်သည်… ကိုကို့ကိုစန္ဒာ သဝန်မတိုမိခဲ့… ဒီလိုနဲ့နေလာရင်း ကိုကို ရန်ကုန်သို့ အလည်ပြန်လာသောတစ်နေ့တွင် စန္ဒာ့ထံ လက်ထပ်ခွင့်တောင်းခဲ့သည်… ကိုကို့ကိုသိပ်ချစ်သောစန္ဒာကချက်ချင်းပင် လက်ခံခဲ့ပြီး နှစ်ဘက်မိဘများသဘောတူညီချက်ဖြင့် လက်ထပ်လိုက်ကြသည်… ထို့နောက်စန္ဒာ ကိုကို့နောက်လိုက်ဖို့ စတင်ပြင်ဆင်တော့သည်….
………………………………………………………………
ဗီယက်နမ်ရောက်တော့ ကိုကို့အလုပ်ကပေးသောအိမ်မှာ စန္ဒာတို့ အတူနေရင်း ပျော်ရွှင်ခဲ့ကြသည်… စန္ဒာက ကိုကို့ကို သိပ်ချစ်သလို လေးစားရသူမို့ အစစ အရာရာ ကိုကို့ကိုသာဦးစားပေးရင်း ကိုကို့သဘောကျနေထိုင်ခဲ့သည်… ကိုကို့အလိုကျ ငွေကိုချွေတာသုံး ကိုကို့စကားတွေကို မြေဝယ်မကျနားထောင်ရင်း ကိုကိုသွားခိုင်းသော အလုပ်အင်တာဗျူးများစွာကိုလည်း စန္ဒာသွားခဲ့သည်… ရန်ကုန်မှာထဲက ကုမ္ပဏီတစ်ခုမှာစာရင်းကိုင် လုပ်ဖူးတာမို့ အလုပ်ကတော့မရှား…ဒါပေမဲ့ လစာကနည်းလွန်းတော့ လမ်းစာရိတ်နဲ့တင် ကာမိမှာမဟုတ်… ကိုယ်လိုချင်သည့်လစာရဘို့က နိုင်ငံခြား အသိအမှတ်ပြု အောင်လက်မှတ်တခုလောက်တော့ ရထားဖို့လိုသည်… ဗီယက်နမ်မှာ အဲလိုလက်မှတ်ရဖို့တက်ရမဲ့သင်တန်းက စာရိတ်ကြီးလွန်းသည်… ဒီတော့ ကိုကိုက စန္ဒာ့ကို ရန်ကုန်မှာ ဘဲသင်တန်းပြန်တက်ပြီး အောင်လက်မှတ်ရမှ ဗီယက်နမ်ပြန်လာပြီး အလုပ်ရှာဖို့ပြောသည်…. စန္ဒာ ကကိုကို့စကားကိုမြေဝယ်မကျနားထောင်နေကျမို့ ရန်ကုန်ပြန်ဘို့ချက်ချင်းပင် ပြင်ဆင်တော့သည်….
………………………………………………………………….
စန္ဒာ့ဘက်ကကိုကို့နောက်လိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီ… နိုင်ငံခြားမှာ အလုပ်ရနိုင်မဲ့ အောင်လက်မှတ်တခုလည်းရခဲ့ပြီ… ဒါပေမဲ့ ကိုကိုက စန္ဒာ့ကိုမလာခိုင်းတော့ပါ… စန္ဒာ့ရင်မှာ စတင်ပြီးသံသယဝင်မိပြီ… စုံစမ်းကြည့်တော့ ကိုကို့မှာ ဗီယက်နမ်မချောချောလေးတစ်ယောက်ရှိနေပြီ…ကိုကိုကစန္ဒာ့ကို စကားလက်ခံမပြောတော့… စန္ဒာအမျိုးမျိုး ကြိုးစားသော်လည်း ကိုကို့မှာစန္ဒာ့အပေါ်ချစ်ခဲ့ဘူးတဲ့အချစ်တွေ မရှိတော့မှန်းသာသိလိုက်ရသည်… စန္ဒာနာကျည်းစွာ ကွာရှင်းမယ်ဆိုတော့လည်း ကိုကိုနှင့်က ဘယ်လိုမှ တွေ့ခွင့်မရတော့… စန္ဒာစိတ်နာစွာ လျှော်ကြေးတောင်းတော့လည်း စန္ဒာအောင်လက်မှတ်ရဖို့ သင်တန်းစရိတ်ပေးပြီးသား… သူ့ဘက်ကဘာလျှော်ကြေးမှပေးစရာမလိုဘူးတဲ့….
စန္ဒာကိုကို့ကို သိပ်ချစ်ခဲ့သလို ခုတော့သိပ်ကိုနာကျည်းနေမိပြီ… စန္ဒာလည်း အရည်အချင်းရှိသူတစ်ယောက်မို့ ခုတော့ ဗီယက်နမ်မဟုတ်သောနိုင်ငံတခုမှာ သင့်တင့်သောလစာငွေဖြင့် အလုပ်လုပ်ရင်း မိမိအိမ်ထောင်ရေးကြောင့် စိတ်ဆင်းရဲနေရသော မိဘအိုနှစ်ဦးအား အလုပ်အကျွေးပြုလျှက် ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းနေပါသည်…. စန္ဒာ့လို အဖြစ်မျိုးနှင့်မကြုံကြစေဘို့ စန္ဒာနှင့် ရင်းနှီးသော ညီမလေးများအား ကိုယ့်ကိုကိုယ် ဥပမာပေးရင်း ခင်ပွန်းကို အယုံအကြည်မလွန်ကြဘို့ စန္ဒာအမြဲပြောပြဖြစ်နေတော့သည်….
……………………………………………………………….
ဗီယက်နမ်မှာတကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကို နာမည်နဲ့ အကြောင်းအရာတစ်ချို့လွှဲပြီးရေးထားတာပါ… ဗီယက်နမ်မလေးတွေဟာ အသားအရေလှပ၊ ရုပ်ရည်ချောမောပြီး သူတို့အလှအပကိုလည်း အလေးပေးကြပါတယ်…ဒါပေမဲ့ သူတို့ရဲ့အလှတွေကိုအသုံးချပြီး သူများအိမ်ထောင်တွေကိုဖျက်စီး၊ဖျက်စီးနိုင်ခြင်းကိုလည်း ဂုဏ်ယူနေကြတဲ့အခါ သူတို့ရဲ့အလှအပေါ်မှာမုဒိတာမပွားနိုင်တော့ပါဘူး…( အကုန်လုံးကို မပြောလိုပါဘူး… ရိုးသားတဲ့ဗီယက်နမ်မလေးတွေလည်းရှိပါတယ်…) ကျမဗီယက်နမ်ရောက်ခါစထဲက ဗီယက်နမ်မချောချောလေးတွေကိုယူ မယားကြီးကိုကန်ထုတ်ကြတဲ့ နိုင်ငံခြားသားများစွာကို တွေ့ဖူးခဲ့ပါတယ်… အဲလိုသူများယောကျာင်္းကိုယူနိုင်ပြီး အဲဒီယောင်္ကျားက မယားကြီးကို သူ့နိုင်ငံပြန်ပို့တာတို့၊ မယားကြီးက သည်းမခံနိုင်လို့ အဲဒီယောကျာင်္းကို ကွာပြီး သူ့နိုင်ငံပြန်သွားအောင်လုပ်နိုင်တာတို့ကို သူတို့တွေက ဂုဏ်ယူကြတာ… အဲလိုအဖြစ်မျိုးတွေ ကျမရဲ့အိမ်နီးနားမှာ အမြဲတွေ့နေရတာပါ… ဒါပေမဲ့ ကိုယ့်မြန်မာမလေးကိုယ်တိုင် ဒီအဖြစ်မျိုးနဲ့ကြုံရတဲ့အခါ ကျမသိပ်စိတ်ထိခိုက်ခံစားရပြီး ဝမ်းနည်းမိသလို အဲလိုမိန်းမမျိုးကို စက်ဆုတ်ရွံရှာမိပါတယ်..... ကိုယ့်အလှကိုတန်ဖိုးထားတတ်မယ်ဆိုရင် သူ့တန်ဖိုးနဲ့ညီတဲ့ ယောကျာင်္းတစ်ယောက် အချိန်တန်ရင်ရနိုင်ပါလျှက်နဲ့ … ဘာလို့များသူများအိမ်ထောင်ကိုဖျက်စီးချင်ကြရတာလဲ… အဲဒီခြံခုန်ဖူးတဲ့ယောင်္ကျားကရော… ဒိထက်သာတဲ့သူတစ်ယောက်ထပ်တွေ့ခဲ့ရင် ပါမသွားနိုင်ဖူးလို့ အာမခံနိုင်ပါသလား…. ကျမအတွက်တော့ သူတို့ရဲ့ ရက်စက်တဲ့အလှတွေဟာ ရွံစရာကောင်းတယ်လို့ဘဲမြင်ပါတယ်….
လှပသောမိန်းကလေးများမိမိအလှကို တန်ဖိုးထားပြီး တလွဲအသုံးမချမိစေဘို့ရည်ရွယ်လျှက်......
ထွန်းအိန္ဒြာဗိုလ် ရိုက်ထားတဲ့ “အဆိပ်ပြင်းသည်” ဗီဒီယိုလေးတောင် သတိရ သွားတယ်၊ ဒီလို အဖြစ်မျိုးတွေမှာ ခံရသူတွေက တကယ်ပဲ မသက်သာလှ ပါဘူး...။
ReplyDeleteစိတ်မကောင်းဖြစ်ရပါတယ်။
ReplyDeleteသူတို့လုပ်ရပ်ကို ဂုဏ်ယူနေကြတယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး သူငယ်ချင်းရေ
ReplyDeleteစူးနွယ်လေး
အခုခေတ်က မြန်မာမလေးတွေပါ အဲလိုလုပ်ရတာကို ဂုဏ်ယူလာကြတယ်။ UK တို့ စလုံးတို့မှာ ပေါမှပေါ။
ReplyDeleteဟုတ်တယ်မမရေ.. တချို့မြန်မာမလေးတွေလဲ အဲသလိုတွေရှိလာပြီ.. ကိုယ့်ပါတ်ဝန်းကျင်မှာ တွေ့ကြုံနေရတော့ ရင်နာမိတယ်.. သူကပဲ မယားကြီးကို အတင်းကွာပေးခိုင်းနေသေးတယ်.. အရှက်ကိုနည်းလွန်းပါတယ် မမရယ်.. စိတ်ပျက်စရာ..
ReplyDeleteမလေး အဲလိုဗီယက်နမ်မလေးတွေကို တွေ့ဖူးတယ် မရိုစ်။ ဒီမှာလည်း ရှိကြတယ်။ ဖက်ရှင်လိုဖြစ်နေတာ.. အပြိုင်အဆိုင် ဖြစ်နေကြသလိုပဲ။ သူတို့အဲသလို ၀ဋ်မလိုက်လေအောင် ရက်စက်စွာ လှနေကြရတယ်။ သူတို့ရဲ့ အလှအပဟာ သူတို့ကိုပြန်ပြီး မလွတ်နိုင်အောင်ကွန်ရက်တွေလို ရစ်ပတ်လို့... ပူလောင်လိုက်တာကွယ်..
ReplyDeleteအဲဒီမိန်းမတွေဟာလည်း တစ်နေ့မှာ အလှတွေ ပျက်ပျယ်သွားရင်ကော...
ဒို့တော့ ဗီယက်နမ်ကို ပြောင်းနေတော့မယ်...
ReplyDeleteငါးပါးသီလကို ခါးဝတ်ပုဆိုးလို မမြဲကြတော့ဘူးနော် ။ တရားရုံးမှာ လက်ထပ်တာလည်း အရာမဝင်ဘူးပဲ။
ReplyDeleteညီလင်းသစ်... ဟုတ်တယ်...ခံရတဲ့သူက တကယ်ဘဲမသက်သာဘူး
ReplyDeleteရှင်လေး....း(
စူးနွယ်လေး.... ဟုတ်ပသူငယ်ချင်းရေ
ခင် ...... စိတ်ပျက်စရာနော်း(
မြူး... ဟုတ်တယ်မြူးရေ
မလေး... တကယ်ကိုပူလောင်လွန်းပါတယ်
ကိုကြီးကျောက်... တကယ်လား
စော... စာချုပ်တွေဘာတွေရှိလဲ တကယ်မွှန်လာရင် ဘာကိုမှမမြင်ကြတော့ဘူးလေ
စိတ်မကောင်းဖြစ်ရပါတယ်၊
ReplyDeleteဗီယက်နမ်ရဲ့ စွမ်းအားတစ်ခုပေါ့။
At Taiwan, a lot of Vietnamese girls are housekeeper.Really they are beautiful. Thanks for your posts naw.....Rose.:D
ReplyDeleteစန္ဒာ့ကိုကိုလို ယောကျာင်္ားတွေကလည်း ဆိုးပါတယ်လေ၊
ReplyDeleteအဲဒီလို ဇာတ်လမ်းမျိုး အစစ်အမှန် ရန်ကုန်မှာလည်း ရှိနေတယ်၊ မိတ်ဆွေရင်းချာထဲမှာပဲ၊
ပာိုတစ်နေ့တည်းက လာဖတ်ပြီးပြီ။ ကွန်မန့် မရေးဖြစ်တာ အစ်မရှာရွန်ရေ။ အဲ့ဒီလို အဖြစ်မျိုးတွေ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ ကိုယ့်ဇနီး ခင်ပွန်း အပေါ်မှာ သစ္စာရှိပြီး သာယာတဲ့ အိမ်ထောင်ရေးမျိုးလေးတွေပဲ မြင်တွေ့ချင်တယ်။ အဲ့ဒီလိုတွေ ကြားရရင် မိန်းမချင်း ကိုယ်ချင်းစာပြီး ၀မ်းနည်းမိတယ် အရမ်းပဲ။
ReplyDeleteမရေ..ဒါမျိုးကျတော့မြန်မာပြည်ကဘာသာတရားအဆုံးအမနဲ့ထိန်းကွပ်ပေးသလိုဖြစ်နေတာအတော်ကံကောင်းတယ်လို့ခံစားရတယ်နော်။ အပျိုတုံးကဆိုရည်းစားရှိတယ်ဆိုရင်ကိုစည်းခြားထားပြီးသား ဟိုလိုလိုဒီလိုလိုပုံစံဆို တုတ်နဲ့တောင်ရိုက်ချင်တာ။ :D လူတယောက်အပေါ်တောင်သစ္စာမထားနိုင်တဲ့သူကို ယုံမှတ်လုယူတာလည်းအံ့သြတယ်နော်။ အလှပဆိုတာလည်းမရယ် ဇရာဆိုတာ လာမှာမလွဲတဲ့လူ့လောကရယ်ပါ။
ReplyDeleteဖတ်ပြီးဗဟုသုတရပါတယ်
သူတို့ဓလေ့ကိုက အဲဒီလိုဖြစ်နေပုံပဲနော်။
ReplyDeleteသူတို့ကိုယ်တိုင်လည်း ဝဋ်ပြန်လည်တာ ကြုံရမှာပါပဲ။
တကယ်တော့ အရေပြားတစ်ထောက်စာ အလှအပထက် ကိုယ့်အပေါ် တကယ်နားလည်ပြီး အဖော်မွန်ကောင်းလို နေပေးနိင်သူက ပိုတန်ဖိုးရှိပါတယ်။
ကျွန်တော်လည်း ကိုကြီးကျောက်နဲ့ အဖော်စပ်ပြီး ဗီယက်နမ်လာနေဦးမယ်....:)))
ReplyDeleteအလကားစတာ...၊ခံစားရတဲ့သူတွေအဖို့တော့ တကယ့်ငရဲပဲနော်...၊
(ဘယ်လိုကျော်သွားလဲမသိ၊မအားတာနဲ့ ခုမှတွေ့လို့ နောက်ကျသွားတယ်အစ်မ)
Rose,
ReplyDeleteမရောက်တာကြာလို့ ထူးထူးဆန်းဆန်း ဘလော့ခ်တွေ ပွင့်တုန်း လာဖတ်သွားတယ်။
စိတ်မကောင်းစရာပဲ..။ အဲဒါမျိုးတွေက အခုဆို ပိုများလာပြီ.. /
ReplyDelete