အိပ်ရာနိုးနိုးချင်း ကိုယ့်ရဲ့ဘယ်ဘက်မှာအိပ်နေတဲ့သားလေးနဲ့ ညာဘက်မှာအိပ်နေတဲ့သမီးလေးကို ဖွဖွလေးနမ်းရတာနှစ်သက်တယ်…
အလုပ်သွားခါနီးခင်ပွန်းအတွက်နဲ့ ကျောင်းသွားခါနီးသားနဲ့သမီးအတွက် မနက်စာချက်ပြုတ်ပြင်ဆင်ပေးရတာကိုနှစ်သက်တယ်…
မနက်စောစော ပဲဆီနဲ့နှပ်ထားတဲ့ လက်ဖက်အသားကို ပဲကြော်၊ပုဇွန်ခြောက်၊ထမင်းဖြူတွေနဲ့ နယ်စားပြီး ကော်ဖီပူပူမွှေးမွှေးလေးမှုတ်သောက်ရတာနှစ်သက်တယ်…
သားနဲ့သမီးကို ဘယ်ညာလက်တွဲပြီး ကျောင်းလိုက်ပို့ရတာကို နှစ်သက်တယ်…
ခင်ပွန်းကအလုပ်သွား ခလေးတွေကကျောင်းသွားချိန်မှာ ဘလော့လည် ဖေ့ဘွတ်ဝင် ဂိမ်းတွေဆော့ရတာကိုနှစ်သက်တယ်…
ခလေးတွေကျောင်းသွားနေတုန်း သူတို့ဆော့လက်စ ကွန်ပျူတာဂိမ်းတွေကို level တက်အောင် ကူဆော့ပေးရတာ နှစ်သက်တယ်…
အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေ့တွေမှာ ရှော့ပင်းစန်တာတွေမှာ ဈေးထွက်ဝယ်ရတာကို နှစ်သက်တယ်…
သူငယ်ချင်းတွေနဲ့ချိန်းပြီး နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…
မြန်မာအစားအစာတွေချက်ပြီး သူငယ်ချင်းတွေကို ဖိတ်ကျွေးရတာ နှစ်သက်တယ်…
သူငယ်ချင်းတွေအိမ်သွားလည်ပြီး သူတို့ချက်တာတွေ စားရတာကိုနှစ်သက်တယ်…
သားနဲ့သမီးကို ကျောင်းသွားကြိုရတာကို နှစ်သက်တယ်…
ခလေးတွေကျောင်းကဆရာ ဆရာမတွေနဲ့ ခလေးတွေအကြောင်း ဆွေးနွေးရတာ နှစ်သက်တယ်…
အလုပ်ကပြန်လာတဲ့ခင်ပွန်းကို အပြုံးနဲ့ကြိုဆိုရတာ နှစ်သက်တယ်…
ခင်ပွန်းကို ခလေးတွေရဲ့ တနေ့တာ ကျောင်းကအကြောင်းတွေကို ပြောပြရတာ နှစ်သက်တယ်…
ခင်ပွန်းက လစာထုတ်တဲ့နေ့တိုင်း လစာအပ်တာကို နှစ်သက်တယ်…
အိမ်မှာတခုခု အရေးပေါ်လိုအပ်တိုင်း ခင်ပွန်းက ဆိုင်ကယ်နဲ့ အပြင်ထွက်သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…
ခင်ပွန်းက အပြင်ကပြန်လာတိုင်း စားစရာတခုခု ဝယ်လာပေးတတ်တာကို နှစ်သက်တယ်…
ရုံးပိတ်ရက်တိုင်း ခင်ပွန်းက wet market မှာ ဟင်းချက်စရာတွေ သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…
စနေတနင်္ဂနွေနေ့တွေမှာ မိသားစုအပြင်ထွက်ပြီး ရှော့ပင်ထွက် နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…
အိပ်ရာဝင်ခါနီးတိုင်း ခလေးတွေနဲ့ အတူတူ ဘုရားရှိခိုးရတာကို နှစ်သက်တယ်…
အိပ်ခါနီးတိုင်း ခလေးနှစ်ယောက်ကို ဖွဖွလေးနမ်းပြီး I love you လို့ပြောရတာကိုနှစ်သက်တယ်…
(Kiki, ခြင် နှင့် ဝက်ဝံလေးတို့ကို တဂ်ပါသည်... ရေးပေးကြတော်မူပါ)
အကြိုက်လေးတွေက မိသားစုလေးနဲ့နွယ်ပြီး ချစ်စရာလေး...၊ ပျော်စရာ နေ့စဉ်ဖြတ်သန်းမှုတွေပါပဲ...။
ReplyDeleteကြည်နူးစရာလေးပါ ယောက်ခမကြီးရေ...
ReplyDeleteတခု ကျန်ခဲ့သေးတယ်နော် ထည့်မရေးဘူးလား
“အလုပ်ကပြန်လာတဲ့ ခင်ပွန်းကို အာဘွားပေးပြီး ကြိုရတာ နှစ်သက်တယ်” လို့ ထည့်မရေးဘူးလား ဟိ
စ သွားတယ်နော် ပျော်လို့ပါ ဖတ်ရတာ
တာ့တာ
ပျော်စရာကြီး
ReplyDeleteခလေးကနှစ်ယောက်တောင်ဆိုတော့ မ ..အလုပ်တော့အတော်ရှုပ်မှာနော်
ကလေးနှစ်ယောက်နဲ့ စပြီး ကလေးနှစ်ယောက်နဲ့ အဆုံးသတ်ထားတဲ့ မိသားစုအကြိုက်လေးတွေကို ကြိုက်တယ်
ReplyDeleteအားကျသွားတယ် သူငယ်ချင်းလေးရေ...
ReplyDeleteး)
ညီလင်းသစ်... တူတူတွေဘဲလေ...နော့်...
ReplyDeleteဝက်ကလေးရေ... တကယ်ကို ပြုံးပြရုံပါဘဲကွယ်...
ကျော်နှင်းဆီလွင်... အဲလိုရှုပ်နေရတာကိုဘဲ ကျေနပ်နေတာ...
ဖြိုးဖြိုး... ကျေးဇူးနော်...
အဖြူရောင်နတ်သမီး... အကောင်အထည်ဖော်တော့လေသူငယ်ချင်းရယ်...
အစ်မရှာရွန် ရေးထားတာလေးက ချစ်စရာ ကောင်းလိုက်တာ။ မိသားစုကို သိပ်ချစ်တဲ့ မိခင် တစ်ယောက်ပဲနော်း) "အိပ်ရာ နိုးနိုးချင်း ကိုယ့်ရဲ့ ဘယ်ဘက်မှာ အိပ်နေတဲ့ သားလေးနဲ့ ညာဘက်မှာ အိပ်နေတဲ့ သမီးလေးကို ဖွဖွလေး နမ်းရတာ နှစ်သက်တယ်…"
ReplyDeleteမိသားစုအပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ အရမ်းလှတဲ့ တစ်နေ့တာလေးတွေ...၊
ReplyDelete( ခင်ပွန်းက လစာထုတ်တဲ့နေ့တိုင်း လစာအပ်တာကို နှစ်သက်တယ်…) ဖတ်ပြီး သဘောကျသဗျိုး....:)))
ဒီပို့စ်လေးက ရို့စ်တို့ မိသားစုလိုပဲ လှလှလေး
ReplyDeleteအားကျစရာ မိသားစုလေးကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတဲ့ အကြိုက်လေးတွေဘဲ။
ReplyDeleteကလေးနဲ့ အိမ်သားကို ဘယ်လောက်အလေးထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ချစ်စရာပို့စ့်လေး
သား နဲ့ သင်္မီး ကိုဂရုစိုက်တတ်တဲ့ မိခင်တစ်ယောက်ရဲ့ အကြိုက်တွေက နှစ်သက်စရာ ။
ReplyDeleteလစာရော အောက်ဆိုဒ်ရော ဘောနပ်ပါတောင်းနော်... ဖောရေ..... ဟားဟား.... ချစ်လို့စသွားတယ်....
ReplyDeleteအိမ်ရှင်မကောင်း၊ဇနီးကောင်း၊မိခင်ကောင်းတယောက်ရဲ့ ကြည်နူးမှု ကို ခံစားသွား ပါတယ်။
ReplyDeleteလာဖတ်သွားပါတယ်။ နှစ်သက်တာတွေက တော်တော်များတယ်နော့်။ နှစ်သက်တာတွေ များတော့ ဘ၀မှာ ငြီးငွေ့ချိန် မရှိတော့ဘူး ကောင်းတယ်။
ReplyDeleteဟိ...ရေလာလောင်းရင်းနဲ့ ပြန်လာဖတ်သွားတယ် သူငယ်ချင်းလေးရေ..
ReplyDeleteဖော်မှာ..ဖော်မှာ..ဖော်အုံးမှာ..ဟိ..
အဲဒတော့မှ မတားနဲ့..
နောက်နှစ်....ခွိ
သယ်ရင်းလေး..........
ReplyDeleteကိုယ်ရောက်ခဲ့တယ်