မနေ့ညကအိပ်ရာဝင်နောက်ကျတယ်...တင်းနစ်ဖိုင်နယ်ကိုပြီးတဲ့အထိကြည့်ချင်တာကိုး...ခင်ပွန်းသည်ကRoddickကိုအားပေးပြီး ကျမကFedererကိုအားပေးပါတယ်...အရင်ပွဲတွေသူရှုံးတုန်းကငိုတဲ့ပုံကိုသတိရပြီး သူမငိုရပါစေနဲ့လို့ဆုတောင်းပေးနေမိတယ်...ပြီးတော့ပွဲတိုင်းမှာအမြဲလိုက်ပါအားပေးတဲ့သူ့ရဲ့လက်တွဲဖော်လေးကိုလဲပျော်ရွှင်စေချင်တယ်... ကိုယ်ဝန်ကြီးနဲ့ဝမ်းမနည်းစေချင်ဘူး... ဒီပွဲရဲ့ရလာဒ်ဟာသူမွေးလာမဲ့ခလေးလေးအတွက်ဘုရားပေးတဲ့ဆုလေး ဖြစ်စေချင်တယ်... ကျမဆုတောင်းပြည့်ပါတယ်... အားကုန်သုံးပြီးကစားတဲ့Roddickကိုသူနိုင်သွားပါတယ်...
Roddick ကစားတာပိုကောင်းနေပေမဲ့ ပုံမှန်အတိုင်းခံစစ်ကနေကစားသွားးတဲ့ Federer ကနောက်ဆုံး ၃ မိနစ်လေးနဲ့ကပ်ပြီးအနိုင်ရရှိသွားပါတယ်... Roddick အတွက်တော့စိတ်မကောင်းပါဘူး... သူတကယ်ကိုအကောင်းဆုံးကစားသွားခဲ့တာပါ... Tennis မှာပူးတွဲဆုပေးတဲ့အစဉ်အလာသာရှိခဲ့ရင်သိပ်ကောင်းမှာဘဲလို့စဉ်းစားမိတယ်.. ရှုံးတဲ့သူကိုသနားလို့..
အခုတော့Federer တစ်ယောက် မနှစ်ကလက်လွှတ်ခဲ့ရတဲ့ World No 1နေရာကိုပြန်လည်ရရှိသွားခဲ့ပါပြီ... ဒါ့အပြင် Sampras ထက် Grand Slam ဆုတစ်ခုအသာနဲ့ Greatest player အဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ.. အနာဂတ်မှာFederer တစ်ယောက် သူချစ်တဲ့ဇနီး၊လာခြင်းကောင်းသောသူ့ရင်သွေးလေးနဲ့အတူအောင်မြင်မှုတွေ ဒိထက်တိုးပြီးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
ဘောလုံးပွဲအကြောင်း သိပ်မသိပေမဲ့ မမဆုတောင်းပြည့်ပါစေလို့ ထပ်ဆုတောင်းခဲ့တယ်နော်။(ဘောလုံးပွဲတော့ ဟုတ်ပါတယ်နော်)
ReplyDeleteရပါတယ်မေလေးရဲ့...မမလဲတခါတလေလွဲတတ်ပါတယ်... ဖြစ်တတ်တဲ့သဘာဝပါ..လာလည်တာကျေးဇူး...
ReplyDeleteမေလေးရဲ.Tennis ပါဟ အလုံးတော.အလုံးပဲ ဟိဟိ
ReplyDeleteအယင်ကတော့ ကြက်တောင်၊ တင်းနစ် ကြည့်ဖြစ်တယ်...အခုတော့ မယ်မယ်ရရ မဟုတ်ပဲ ဘာတွေနဲ့ရှုပ်နေမှန်းမသိ...မကြည့်ဖြစ်တာကြာပြီ...နောက်ဆုံးတော့ ထုံးစံအတိုင်း ဟိုနှစ်ယောက်ကိုပဲ လက်ညှိုးထိုးလိုက်ဦးမယ်...
ReplyDelete(ဟိုနှစ်ယောက်ဆိုတာ မသီတာရဲ့ ၁၁နှစ်နဲ့ ၆နှစ် သားနှစ်ယောက်)
လာလည်သွားတာကျေးဇူး>Vista
ReplyDeleteဟုတ်တယ်မသီတာ...ကျမလဲဟိုနှစ်ယောက်စောစောအိပ်သွားလို့ ကြည့်ရတာပါ...လာလည်သွားတာကျေးဇူး...
ကျွန်မလဲ Federer ရဲ့  ပရိသတ်ပဲ မရေ... သူ့ သတင်းကောင်းတွေ ကြားရရင် တကယ် ဝမ်းသာမိတယ်။
ReplyDeleteပျော်လိုက်တာမယ်ကိုးရေ...အဖော်ရှိလို့...လာလည်တာကျေးဇူး
ReplyDeleteအယ် Federer ရဲ့ ပရိသတ်တွေ များလှချဉ်တကား များ ကတော့ Nadal ပဲ အခုသူ နားထားတော့ အားမပေးဖြစ်တာတောင် ကြာပေါ့လေ ခိခိ ဆိုးဘူး မမ နောက်ဆိုရင် ဆွေးနွေးလို့ရပြီ တရား ဟုတ်ဖူး တင်းနစ်
ReplyDeleteဆွေးနွေးကြစို့ငှက်ကလေးရေ..အကြိုက်မတူမှဆွေးနွေးလို့ကောင်းတာ..လာလည်သွားတာကျေးဇူး :)
ReplyDeleteတင်းနစ်ကြည့်တာတော့ နည်းနည်းဝါသနာပါတယ်.. ရန်ကုန်သိမ်ဖြူကွင်းမှာ ၂၀၀၈တုန်းက နိုင်ငံစုံဖလားပြိုင်တယ်လေ.. ၁၁နိုင်ငံထင်တယ်.. သိပ်မမှတ်မိ။ အဲ့တုန်းကတော့ မြန်မာချန်ပီယံဖိတ်လို့ သွားကြည့်သေးတယ်.. နောက်လည်း ကြုံရင်ပွဲကြီးပွဲကောင်းတွေ သွားကြည့်ချင်သေးတယ်..း)
ReplyDeleteလာလည်တာကျေးဇူးCraton သိမ်ဖြူကွင်းမှာပြိုင်တာမသိလိုက်ဘူး...
ReplyDeleteရန်ကုန်အလည်ပြန်တဲ့အချိန်ဒီလိုပွဲမျိုးကြုံရင်ကြည့်ချင်တယ်...
တွေ့ွလိုက်တယ်။ သူပျော်နေတာကို..
ReplyDeleteစာတွေလာဖတ်သွားပါတယ်
ReplyDeleteရေးထားတဲ့ပိုစ့်လေးတွေကောင်းပါတယ်
အစစအရာရာအဆင်ပြေပါစေ
ချစ်ခင်လျက်
ရှင်လေးနဲ့မသက်ဇင် လာလည်သွားတာကျေးဇူးပါရှင်:)
ReplyDeleteအမရေ Tennis မှာတော့ နံပတ်တစ် Nadal နောက် Federer နံပတ် ၃ ကတော့ Andy Roddick တို့ကို အားပေးနေကြ..။ အသစ်ထဲကဆိုရင် ပြင်သစ်က Tsonga ပေါ့း)
ReplyDeleteဘယ်သူမှ မမေးပဲ ကိုယ့်အကြိုက်လေးတွေ ချရေးပြသွားတယ်...အဟိး)
မိသားစုလေးနဲ့အတူ ပျော်ရွှင်ပါစေ
မေသစ္စာမောင်>ဝါသနာတူချင်းလေးစားပါတယ်... လာလည်သွားတာရော ဆုတောင်းပေးသွားတာအတွက်ရော ကျေးဇူး
ReplyDeletePak Karamu reading your blog
ReplyDeleteမမဆုတောင်းသံသာကြားရင်သူလဲတော်တော်ဝမ်းသာမယ်။
ReplyDeleteကျောပိုးအိတ်လဲကြိုက်တယ်။ သူကစားကွက်တွေကို။ လှတယ်၊သပ်ရပ်တယ်၊စတိုင်မိတယ်။
အစတုန်းကတော့ စိန်ကတုံး အဂစီပေါ့။ ခုတော့လဲ သူ့ ခေတ်ရောက်ပြီ။ နောက်ဆို ကျောပိုးအိတ်ခေတ်။
အဟဲ
း)
ကျောပိုးအိတ်ခေတ်ရောက်ရင်တော့Federerကိုတာ့တာဘဲ ကျောပိုးအိတ်မှကျောပိုးအိတ်... ပွဲတိုင်းကိုအားပေးမှာ...
ReplyDelete