Friday, April 26, 2013

တွေ့ရင်ပြောကြပါ



 
 Ma

 I'm from Singapore.
If you don't mind , i like have a help from you.
Once again I want to confirm that Are you staying @ Vietnam?
Because One of my friend's husband was missing in the sea since 2011 Sept.He is a sailor and his family staying in yangon. Now as per their fortune teller , he might be in Vietnam. The family is truely believed in that cos they don't have confirmed news that whether he was dead or alive.
If you interest to help, please reply to me.
I will give you full detail of him.
If someone who can help this, please give me a contact too.
Thanks a lot for reading this letter until to the end.
Have a nice day!!!!

with love & BR,






ကျမဆီဒီမေးလ်ပို့ထားတာကြာပါပြီ… ဒါပေမဲ့ကျမက ဗေဒင်တွေဘာတွေအယုံအကြည်မရှိသူမို့
ကူညီချင်ပေမဲ့ စိတ်ထဲမှာလက်တွေ့မကျသလိုခံစားရလို့ သူများကိုတဆင့်အကူအညီတောင်းပေးရမှာ ချီတုံချတုံဖြစ်မိပါတယ်…

နောက်တော့ကျမတတ်နိုင်သလောက်ကူညီဖို့ဆုံးဖြတ်မိတာက ခင်ပွန်းသည်အတွက်ပူဆွေးသောကရောက်နေမဲ့ ဇနီးသည်ကို အမျိုးသမီးချင်းကိုယ်ချင်းစာစိတ်၊ ခလေးတွေရဲ့အဖေကိုတမ်းတနေကြမဲ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်တခုနဲ့ပါ။

ဒီဓာတ်ပုံထဲကအမျိုးသားဟာ ဗီယက်နမ်မှာရှိနေကြောင်း၊သို့မဟုတ်ဗီယက်နမ်နိုင်ငံကိုထွက်ခွါလာခဲ့ကြောင်း အထောက်အထားတခုခုသာရှိခဲ့ရင် သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းတခုခုကို အကူအညီတောင်းကြည့်နိုင်ပါတယ်… ခုတော့ ဘာအထောက်အထားမှမရှိတာကြောင့် ဒီပို့စ်လေးရေးပြီးတော့ပဲစာလာဖတ်တဲ့ မောင်နှမတွေကို ဝိုင်းဝန်းကူညီပေးဘို့တောင်းဆိုချင်ပါတယ်….



ဓာတ်ပုံထဲကအမျိုးသားကိုတွေ့မိတဲ့သူများရှိခဲ့ရင်ghostcasper.k@googlemail.com/zclwin.80@gmail.com
သို့အကြောင်းကြားပေးကြပါရန်မေတ္တာရပ်ခံပါတယ်ရှင်။

ချစ်ခင်စွာဖြင့်
Rose of Sharon

Thursday, March 28, 2013

ခုတလော(တဂ်ပို့စ်)


တွေးနေမိတာက...... မမြင်ရတဲ့ဟိုးအဝေးကအနာဂတ်ဆိုတဲ့ရွာလေးတရွာအကြောင်း

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက..... မသိချင်ယောင်ဆောင်နေလိုက်ရတာတွေ အတော်များနေပြီဆိုတာ

ကျန်းမာရေး...      ဇရာကထောက်လာလေ ကျန်းမာရေးကအနိုင်ကျင့်လေ... ဆေးရုံဆေးခန်းသွားရမှာ ပျင်းပါတယ်ဆိုမှ

ဖတ်ဖြစ်တဲ့စာအုပ်တွေ.....  လက်ဆောင်ရထားတာတွေ

ရောက်ဖြစ်နေတာက..... လမ်းခုလပ်မှာ

နားထောင်ဖြစ်နေတာက.... သူများပြောတဲ့ကိုယ့်အကြောင်းတွေ (ကိုယ့်ကိုကိုယ်ဆင်ခြင်ဘို့)

ရွတ်ဖြစ်နေတဲ့ကဗျာက..... ကဗျာတွေမရွတ်ဖြစ်ဘူးရယ်... ဘုရားသာတမိတာအကြိမ်ကြိမ်... အဲဒါတွေဟာကဗျာများလား

ဖြစ်ချင်နေတာက..... ဖြစ်ချင်တိုင်းဖြစ်လာတာမှမဟုတ်တာ... ဖြစ်ချင်တာတွေဖြစ်လာခွင့်မရှိတဲ့လမ်းကို ရွေးချယ်ခဲ့ပြီမို့ ဖြစ်နေတဲ့ အခြေအနေကိုဘဲ ရောင့်ရဲဘို့ကြိုးစားနေသူ

စားဖြစ်နေတတ်တာက…. စားချင်တာမှန်သမျှ

သနားနေမိတာက….. ဆွေမျိုးအသိုင်းအဝိုင်းနဲ့ဝေးရာမှာနေနေရတဲ့သားနဲ့သမီး

လွမ်းနေမိတာက…. မလွမ်းတတ်အောင်ကြိုးစားနေထိုင်တတ်သူမို့ လွမ်းမနေမိဘူးဘဲဆိုပါတော့

မေ့လျှော့ပစ်နေရတာက…. အများကြီးပါဘဲ… ဘဝဆိုတာအကောင်းအဆိုးဒွန်တွဲနေလေတော့ အဆိုးတွေကိုမေ့ပစ်ချင်နေတာပါဘဲ

ခါးသက်နေမိတာက…. ခုတလောမှာတော့ဘာကိုမှခါးသက်မနေခဲ့

တမ်းတနေမိတာက…. ဟိုးငယ်ဘဝရဲ့မိသားစုပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ

ကြိတ်ပြီးချီးကျူးနေမိတာက…. ကိုယ့်ယောင်္ကျား

ကြိတ်ပြီးအထင်သေးနေမိတာက…. ကိုယ့်ကိုကိုယ်

ဆန္ဒမရှိတဲ့နေရာ…. ယောက္ခမအိမ် (ဒါဟာဘယ်တော့မှမပြောင်းလဲမဲ့အဖြေ)

မုန်းတီးနေမိတာက…. ဘာကိုမှမမုန်းပါဘူး… မုန်းလိုက်တာဆိုတဲ့စကားမျိုးကိုတောင်မပြောဖြစ်ဘို့ကြိုးစားပါတယ်

ချစ်နေတာက…. ကိုယ့်ဘဝရဲ့ရှင်သန်ခြင်းအကြောင်းရင်းလေးများဖြစ်တဲ့သမီးလေးနဲ့သားလေးကို

စိတ်ပျက်နေမိတာက…. လုပ်စရာတွေအကြွေးတင်နေတာကို

စွဲလန်းနေမိတာက…. ဘာကိုမှခုတလောစွဲလန်းမနေမိသလိုဘဲ

လိုအပ်နေတာက…. ခုတလောဘာမှလဲမလိုအပ်နေသလိုလို

ရောက်နေတဲ့နေရာက… ရောက်နေရတဲ့နေရာမှာ

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက… ခုတလောဘာကိုမှလဲနက်နက်နဲနဲမစဉ်းစားဖြစ်(ကိုယ့်အလုပ်နဲ့ကိုယ်ဘာမဟုတ်တာတွေနဲ့မအားနေလို့)

အဲမေးခွန်းတွေကဒါဘဲလား… ဖြေကြည့်လို့တောင်မဝသေးဘူး…ပြီးသွားပြီ :D

Wednesday, March 20, 2013

Happy Birthday Mickey



Happy 7th birthday my lovely son "Mickey".You are growing up now. But it is no matter to me how much has you grown. You are still the same little boy to me who first learned to walk by holding my finger.
You are the most charming gift which I have received from God. Happy Birthday to my son who is my life! 




  မွေးနေ့ရှင်ကျောင်းမသွားခင်




သူငယ်ချင်းများနဲ့အတန်းထဲမှာ


                                 မိသားစုအမှတ်တရမွေးနေ့ညစာ





 အိမ်မှာစားတဲ့မွေးနေ့ကိတ်


Monday, March 4, 2013

၁၄နှစ်မင်္ဂလာ



 
 (ပုံကိုGoogleမှယူပါသည်)


မိဘရဲ့အေးမြငြိမ်းချမ်းတဲ့ရင်ခွင်ကိုစွန့်ခွာပြီး ချစ်သူ့ရင်ခွင်ခိုဝင်ခဲ့တာ ၁၄နှစ်ပြည့်ခဲ့ပြီ…
၁၄နှစ်ဆိုတာ သက်တမ်းလဲမရင့်သေးသလို သိပ်လဲမနုတော့တဲ့သက်တမ်းမို့ ၁၄နှစ်ပြည့်သွားပြီဆိုတဲ့ အသိတစ်ခုနဲ့ ကြည်နူးမိရုံသာ…. ခလေးတွေကျောင်းတက်ရက်မို့ ဘာမှလဲမစီစဉ်ဖြစ်ပေမဲ့ နှစ်ဦးသားသီးသန့် နေ့လည်စာအတူစားဖြစ်ပါမည်….

နှစ်ဦးသဘောတူ ထူထောင်ခဲ့တဲ့ သည်အိမ်ထောင်လေးကို ၁၄နှစ်ကြာမြဲမြံစေခဲ့တာက အချစ်စစ်စစ်တစ်ခုတည်းနဲ့သာ…စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ… ဗိုလ်လုကြတဲ့အခါ ထားပစ်လိုက်ခဲ့ချင်စိတ်တွေ ဖြစ်ခဲ့ဘူးပေမဲ့ တကယ်တမ်းမထားပစ်ရက်ခဲ့တာဟာ အချစ်တစ်ခုတည်းကြောင့်… သူလည်း ကိုယ့်လိုဘဲတွေးမိမှာသေချာသည်… 

ခလေးဘဝကစိတ်ကူးယဉ်ခဲ့တဲ့ နေ့နေ့ညည အချစ်တွေမွှန်းထုံနေတဲ့ အိမ်ထောင်မျိုး တကယ်မရှိဘူးလို့ လက်တွေ့သိလိုက်ရချိန်မှာသံယောဇဉ်နွယ်ကြိုးလေးနှစ်ချောင်းက ကိုယ်တို့နှစ်ယောက်ကို တင်းကြပ်စွာ ပတ်ရစ်ထားခဲ့ပြီ…. ချစ်နေရုံနဲ့မပြီးတဲ့ အိမ်ထောင်သည်ဘဝမှာ အချစ်သာမပါခဲ့ရင်တော့ ကွဲဖြစ်ခဲ့တာကြာပေါ့… ထပ်တူညီသောအချစ်ဖြစ်ဘို့တော့လိုအပ်မည်ထင်ရဲ့….ခုတော့ နှစ်ဦးသားငြင်းကြခုံကြပြီးရင် ကိုယ်ပြောတာလွန်သွားသလား အပြန်အလှန်တွေးရင်း စိတ်ကိုလျှော့ချ နှုတ်ဆိတ်နေလိုက်မိကြတာဟာ အချစ်တစ်ခုတည်းကြောင့်ပေါ့… ခလေးတွေစိတ်ဆင်းရဲရမှာစိုးလို့ ရန်မဖြစ်အောင် နေကြရင်း တစ်ယောက်နဲ့တစ်ယောက် ပိုလို့နားလည်လာခဲ့တာ ကိုယ်တို့နှစ်ယောက်သိပ်ချစ်ခဲ့တဲ့ အချစ်တွေအပေါ်ထပ်တိုးလာတဲ့ အချစ်လေးနှစ်ယောက်ကြောင့်မို့ အိမ်ထောင်ပိုမိုသာယာလာခဲ့တာ…

မိဘတွေသဘောတူမတူထက် ကိုယ်တို့နှစ်ယောက်ချစ်ကြတဲ့ အချစ်တစ်ခုထဲနဲ့ ထူထောင်ခဲ့တဲ့ ဒီအိမ်ထောင်လေး ခိုင်မြဲဘို့ အချစ်ကိုအုတ်မြစ်ချပြီး နားလည်မှု၊စာနာမှု၊ခွင့်လွှတ်သည်းခံမှုတွေတထပ်ပြီးတထပ်ဆင့်လိုက်တဲ့အခါ သာယာပျော်ရွှင်စရာအိမ်ထောင်လေးတည်ဆောက်လာနိုင်ခဲ့ပြီ…
တစ်ယောက်မကြိုက်တာတစ်ယောက်ကမလုပ်တော့ရင် ရန်ဖြစ်စရာအကြောင်းတွေတကယ်ကို မရှိတော့တာလက်တွေ့မို့ အိမ်ထောင်တစ်ခုခိုင်မြဲဘို့ တကယ်လိုအပ်တာ အချစ်စစ်စစ်တစ်ခုထဲသာ….

ခလေးတွေရဲ့နေ့တဓူဝကိစ္စတွေနဲ့ မအားလပ်နေကြတာမို့ အဖိုးကြီးအဖွားကြီးဖြစ်ချိန်မှ ချစ်သူတွေလိုပြန်နေကြရတော့မယ်လို့တွေးမိတိုင်း ကိုင်ဇာရဲ့ရွှေရတုသီချင်းကိုသတိရပြီးနှစ်သက်စွာရီမောမိသည်…
ငယ်ငယ်တုန်းကတော့ သီချင်းအဓိပ္ပါယ်ကိုသေချာနားလည်တာမဟုတ်ဘဲ ဆိုရလွယ်လို့ လိုက်ဆိုမိတဲ့သီချင်းလေးမှာ အဓိပ္ပါယ်တွေအများကြီးပါနေမှန်း သည်အရွယ်မှခံစားနားလည်မိသည်…
အဲဒီရွေရတုနှစ်ပတ်လည်အတူဆင်နွှဲဘို့၃၆နှစ်လိုပါသေးသည်… ထိုအချိန်ထိအိမ်ထောင်ခိုင်မြဲနေစေဘို့ ကျမရင်ထဲက အချစ်စစ်များကိုသာ ကျမအားကိုးပါမည်…. ကျမတို့တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြကြောင်း ကျမတို့ယုံကြည်ကြသည်….

သိပ်ချစ်နေတဲ့အခါ ချစ်သူမကြိုက်တာဆို ဘာမှမလုပ်ဖြစ်တော့… အချစ်နဲ့အတူပါလာတဲ့ ကြင်နာခြင်း၊မြတ်နိုးခြင်း၊သစ္စာတရားနဲ့ နာလည်ခွင့်လွှတ်ခြင်းတို့ဟာ အချစ်ကိုပိုပြီးလေးနက်စေတာမို့ သည်အိမ်ထောင်လေးခိုင်မြဲနေတော့မှာအသေအချာ….
ကိုယ်တို့အိမ်ထောင်လေးမှာလေးနက်တဲ့ချစ်ခြင်းတရားတွေဖုံးလွှမ်းလျှက် နောင်နှစ်ပေါင်းများစွာထိ အတူရှိနေကြဘို့တောင်းဆုချွေရင်း မင်္ဂလာနှစ်ပတ်လည်နေ့ကို ချစ်သူနှင့်အတူ ဖြတ်သန်းလိုက်ပါဦးမည်...


Rose of Sharon

Wednesday, January 30, 2013

အေးစက်သွားသောကော်ဖီတစ်ခွက်နှင့်အတူ



မျက်ရည်စများကိုသုတ်လျှက် နောက်သို့လှည့်မကြည့်မိအောင် ကြိုးစားရင်း လမ်းကိုလျှောက်နေမိသည်…
ကတ္တရာလမ်းတို့က မျက်ရည်ပူတွေဝေဝါးနေသော အမြင်မှာ တိမ်လွှာတွေအဖြစ်သို့ ပြောင်းလဲသွားသလိုလို…
ဘယ်ကိုလျှောက်ရမှန်းမသိ ဆက်လျှောက်နေရင်းက ကော်ဖီဆိုင်တခုမှာထိုင်ရင်း စိတ်တွေတည်ငြိမ်အောင် ကြိုးစားဘို့ဆုံးဖြတ်လိုက်သည်…
လွတ်နေသည့်စားပွဲမှာဝင်ထိုင်ပြီး စားပွဲထိုးလေးလာပေးသည့်မီနူးထဲက တခုကိုလက်ထောက်ပြမိရင်း စိတ်တွေကို ပြန်လည်စုစည်းဘို့ကြိုးစားသည်…
ကြိုးစားမိကာမှ မျက်ရည်ပူများက ပါးပြင်ပေါ်သို့အရှိန်အဟုန်ပြင်းစွာလှိမ့်ဆင်းလာကြသည်…
ထိုနေရာကို ကျမ မသွားခဲ့မိရင် သိပ်ကောင်းမှာ… ခုတော့ မမြင်ချင်ဆုံးသောမြင်ကွင်းတခုကို ကျမမြင်တွေ့ခဲ့ရသည်… ကျမလေးစားစွာချစ်မြတ်နိုးခဲ့သောချစ်ခင်ပွန်းက ကောင်မလေးငယ်ငယ်တယောက်ကို ရတနာဆိုင်ထဲမှာ လက်စွပ်လေးစွပ်ပေးနေသည့်မြင်ကွင်းက ထပ်ခါထပ်ခါ ပေါ်လာသည်…
ကျမအပ်ထားတဲ့မင်္ဂလာနှစ်ပတ်လည်စိန်လက်စွပ်နှစ်ကွင်းရွေးရမဲ့နေ့က ဘာကြောင့်ဒီနေ့ဖြစ်နေခဲ့ပါသလဲ?
တိုက်ဆိုင်တာလား… တစုံတယောက်က ကျမကိုဒီမြင်ကွင်းမြင်စေချင်လို့ ကြိုတင်စီစဉ်ခဲ့လေသလား…
တကယ်တော့ထိုရတနာဆိုင်ပိုင်ရှင်သည် ကျမခင်ပွန်း၏သူငယ်ချင်းတစ်ယောက်ဖြစ်သည်…
ကျမရဲ့တချို့သောမွေးနေ့တွေမှာ ခင်ပွန်းသည်က မွေးနေ့လက်ဆောင်ဝယ်ပေးလေ့ရှိသောဆိုင်ဖြစ်သည်…
ထိုဆိုင်သို့မရောက်ဖြစ်သည်မှာနှစ်အတော်ကြာခဲ့ပြီဖြစ်သည်…
ဒီနှစ်မှ မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စိန်လက်စွပ်နှစ်ကွင်း ကိုအပ်ခဲ့သည်… အပ်သည့်နေ့က ဆိုင်ရှင်ရှိမနေဘဲ ဆိုင်ဝန်ထမ်းလေးနှင့်သာတွေ့ခဲ့ပြီး ဘောင်ချာမှာရေးထားသော ရက်မှာ ကျမထိုဆိုင်သို့ လက်စွပ်ရွေးရန်ရောက်လာခဲ့ခြင်းဖြစ်သည်…
ထိုဆိုင်သည် ရှော့ပင်းစင်တာကြီင်္းတခု၏မြေညီထပ်တွင်ရှိရာ ကျမထိုဆိုင်ရှေ့သို့မရောက်ခင်မှာပင် ဆိုင်ထဲမှာစုံတွဲတတွဲရှိနေတာ မြင်နေခဲ့ပြီးဖြစ်သည်…
ဆိုင်ရှေ့အရောက်မှာတော့ ကောင်မလေးကို လက်စွပ်စွပ်ပေးနေသော အမျိုးသား၏ဘေးတိုက်မျက်နှာကိုမြင်လိုက်ရသောအခါ ကျမခြေလှမ်းတွေရပ်တန့်သွားခဲ့သည်…
တကယ်ကဒီအချိန်သူရုံးခန်းမှာရှိနေရမှာ… ကောင်မလေးက ခြေဖျားလေးထောက်ပြီး
 ကျေးဇူးတင်အနမ်းလေးလှမ်းပေးလိုက်ချိန်မှာ မတ်တပ်ရပ်ကြည့်နေမိသော ကျမခြေထောက်များ ညွတ်ခွေသွားတော့သည်…
လုံခြုံရေးဝန်ထမ်းတစ်ဦး အနားရောက်လာပြီး ကျမကိုထူမပေးချိန်မှာ ဝိုင်းကြည့်နေကြသော မျက်ဝန်းများကို ရှက်ရွံ့ကာ ကျမပြေးထွက်လာမိသည်…
ခုတော့ ဆိုင်ထဲမှာ ထိုင်ငိုနေမိတာ အချိန်အတော်ကြာသွားပြီလားမသိ… ဘယ်အချိန်ကလာချထားမှန်းမသိလိုက်သော ကော်ဖီခွက်တခွက်က စားပွဲပေါ်မှာငြိမ်သက်စွာ….
သူကျမကိုတွေ့သွားလား မတွေ့သွားလား ကျမ မသိလိုက်ပါ…
အိမ်ပြန်ရောက်ရင် သူ့ကိုဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုစကား စပြောရမလဲ ကျမစဉ်းစားမရ…
ငဲ့ညှာစရာ ကျမတို့ရဲ့တစ်ဦးတည်းသောသမီးလေးသာမရှိခဲ့ရင် ကျမဘာမှစဉ်းစားစရာမလို… ခုတော့ သမီးလေးအတွက်ထည့်စဉ်းစားရမည်…
ကတောက်ကဆဖြစ်ချိန်တိုင်းမှာ သမီးလေးကိုပေးမသိစေချင်သည့်သူက ဒီကိစ္စမှာလဲ သမီးလေးကို ပိုလို့တောင်အသိပေးချင်မှာမဟုတ်တာသေချာသည်…
ကျမကတော့ အရွယ်ရောက်စပြုပြီဖြစ်သော သမီးလေးအား အရာရာတိုင်ပင်နေကျမို့ ပြောကိုပြောပြမှာဖြစ်သည်… သို့သော် သမီးလေးကိုတော့ မနာကျင်စေလိုပါ…သမီးလေးက ဒယ်ဒီကဘာလို့ဒီလိုလုပ်တာလဲဟုမေးလာလျှင် အဖြေရှိအောင် ကျမအရင်စဉ်းစားရပါမည်….
ဒါဆို သူဖောက်ပြန်ရခြင်းအကြောင်းရင်းကို ကျမက အရင်စဉ်းစားရမည်ဖြစ်သည်… ဘာဖြစ်လို့များပါလိမ့်…
တကယ်ဆိုကျမက ကျမရဲ့ဘဝတစ်ခုလုံးကို ဒီသမီးနှင့်ဒီခင်ပွန်းအတွက်သာ ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအလိုကျ မိမိရဲ့အရည်အချင်း အလုပ်အကိုင်တွေကို စွန့်ပစ်ပြီး အိမ်ထောင်ရှင်မအဖြစ် လိုလေသေးမရှိအောင် ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအတွက် ဇနီးကောင်း သမီးလေးအတွက် မိခင်ကောင်းအဖြစ် ရပ်တည်ရင်းသာ ဘဝကိုကျေနပ်နေခဲ့သူဖြစ်သည်…
လွန်ခဲ့သောသုံးလေးလခန့်က သူငယ်ချင်းတစ်ယောက်က ခင်ပွန်းသည်ကိုကောင်မလေးတစ်ယောက်နှင့်တွေ့လိုက်ကြောင်းဖုန်းနဲ့လှမ်းပြောတော့ ကျမနည်းနည်းလေးမှမယုံကြည်ခဲ့…. အခါတိုင်းလည်း အလုပ်သဘောအရ ဧည့်သည်တွေနဲ့ နေ့လည်စာစားတတ်သူမို့ သံသယမဝင်ခဲ့ပါ… ပြောသံတွေကြားရဖန်များလို့ မေးကြည့်တော့ အသိမိတ်ဆွေတွေပါဟုသာပြန်ပြောလျှက် စကားလမ်းကြောင်းလွှဲသွားခဲ့သည်…
ကျမဘဝမှာ ခင်ပွန်းနှင့်သမီးကိုသာ အလေးထားသလို သူသည်လည်းဇနီးနှင့်သမီးကိုသာအလေးထားမည်ဟု ကိုယ့်စိတ်နှင့်နှိုင်းကာ ယုံကြည်ခဲ့မိသည်…
ခုတော့ထိုယုံကြည်ချက်များတဒင်္ဂအတွင်းများ ပျောက်ပျက်သွားခဲ့လေပြီ… အိမ်ပြန်ရောက်တာနှင့် မျက်နှာချင်းဆိုင်မေးမြန်းပြောဆိုရတော့မည်… သူ့ဘက်ကပေးမည့်ဆင်ခြေတွေကို သည်းခံနားထောင်ရင်း မယုံကြည်ဖို့ကိုတော့ ကိုယ့်ကိုယ်အထူးသတိပေးစရာမလိုတော့…
သမီးလေးကိုမနာကျင်စေချင်မဲ့ အဖြစ်မှန်တွေကိုတော့ သမီးလေးကိုသိစေချင်ပါသည်… မိသားစုပြသနာကို သမီးလေးက ပတ်ဝန်းကျင်ပြောမှသိရလျှင် ပိုပြီးနာကျင်ရပါလိမ့်မည်…
သူ့ကိုရင်ဆိုင်ဘို့ တည်ငြိမ်လောက်ပြီဟု ယူဆမိချိန် နာရီကြည့်မိတော့ အချိန်ကြာကြာထိုင်နေမိကြောင်း သတိပြုမိသည်… ကော်ဖီခွက်ထဲကကော်ဖီရည်များလည်း အတော်ကိုအေးစက်နေခဲ့ပြီ…
ကော်ဖီတန်ဘိုးထက်အနည်းငယ်ပိုမည်ဖြစ်သော ငွေစက္ကူကို ကော်ဖီခွက်အောက်ထားခဲ့ပြီး ဆိုင်မှထွက်လာခဲ့သည်… ကျန်နေခဲ့သောကော်ဖီရည်များနှင့်ထပ်တူ ကျမနှလုံးသားက အေးစက်လျှက်