ချစ်စရာကောင်းတဲ့ ဝက်ဝံလေးက တဂ်ထားတယ်.... အကြိုက်ဆုံးဘလော့၅ခုနှင့်ဘာကြောင့်ကြိုက်နှစ်သက်ရသလဲဆိုတဲ့ အကြောင်းလေး ....
အကြိုက်ဆုံးလို့ရွေးရမှာ ကျမအတွက် တော်တော်ခက်ပါတယ်... ကျမရဲ့ဘလော့စာမျက်နှာမှာလင့်ထားတဲ့ ဘလော့တွေဟာ ကျမကြိုက်နှစ်သက်လို့ အသစ်တင်တိုင်း သိရအောင် လင့်ထားတာပါ...
အကုန်လုံးက ကိုယ့်ထက်စာရေးကောင်းသူတွေချည်းပါဘဲ....
အမှတ်တရလေးများ၊မေလေး(ဆုံနိုင်ခွင့်)၊ခြေလှမ်းသစ်၊နဒီမိုးညို၊ကိုလူထွေး၊ Craton၊ စိတ်ကူးယဉ်အိမ်မက်၊ Idiotlove၊ ငှက်ကလေးရဲ့စာမျက်နှာ၊ MANORHARY၊ We She Me၊ The world of Moe Thanzin၊ ဆုံစည်းရာ၊ဂျာမုန်းဒန်၊ ရေခဲပြင်မှာပွင့်တဲ့ပန်း၊ Thu Hnin See၊ စူးနွယ်ရဲ့ကမ္ဘာ၊ မျက်မှန်လေး၊ Nine Nine Sanay၊ စန္ဒကူး၊ Nge Naing၊ ရွက်လွှင့်ခြင်း၊ သားကြီး၊ ထမင်းအိုး၊ မြူးသျှရီ၊ My little world၊ Kin Oo May၊ Sonata-Cantata၊ ပန်ဒိုရာ၊ပြည့်စုံ၊ လသာည၊ လေနုအေး၊ သက်ဝေ၊ လူအအိမ်မက်၊ ရင်ခွင်တစ်ခုဖန်ဆင်းခြင်း၊ စုဗူးအိမ်၊ K ၊ Ah-Pauk၊ ကြယ်ကလေး၊ ပေါက်ကရအတွေးအပိုင်းအစများ၊ ဖြူစင်ကြယ်၊ ကျောပိုးအိတ်၊ မီးမီးချစ်၊ အိမ့်ချမ်းမြေ့၊ May Nyane၊ ယုယနွေးထွေးသောဘဝလေးတစ်ခု၊ My Nc Diary၊ မိုးစက်အိမ်၊ Prosper & Peace၊ Evergreen Phyo၊ နုသွဲ့ရဲ့ကမ္ဘာ၊ မေတ္တာရပ်ဝန်းမီးဖိုဆောင်၊ Smoke and Spice၊ ဟိန်းနီ၊ Shinlay၊ အာဇာနည်၊ ကိုမင်းဒင်၊ မိုးသီးဇွန်..... အများကြီးဘဲ... ဒါတောင် မမှတ်မိလို့ ကျန်ခဲ့တာတွေရှိသေးတယ်... ဘယ်လိုလုပ်ရမလဲ?
ကိုယ်ကြိုက်တဲ့ အဲဒီအများကြီးထဲက ၅ခုဘဲရွေးရမှာ တော်တော် ခေါင်းစားပါတယ်... ကဲ ၃၄ခေါက်စဉ်းစားပြီး... အချိန်တွေ အများကြီးပေးပြီးရွေးထုတ်လိုက်ပါတယ်...
We She Me....ကိုယ်ဘလော့မရေးခင်ကထဲက အမြဲသွားလည်ဖြစ်တာပါ... လူမှုရေး၊ ပညာရေး ဗဟုသုတတွေ အများကြီးရလို့ပါ....
MANORHARY.... အရေးအသား အဖွဲ့အနွဲ့ အရမ်းကိုကောင်းလွန်းတယ်... တစ်ချို့စာတွေဆို ၂ခေါက်လောက်ပြန်ဖတ်ရတယ်... သိပ်ကိုအားကျမိလို့ပါ...
Nine Nine Sanay... ဗဟုသုတရတယ်.... ဘာသာပြန်တွေ သဘောကျတယ်... လူမှုရေး စိတ်ဓာတ်ကို ချီးကျုးမိတယ်...
May Nyane.... လေးစားတယ်... အရေးအသားကို သဘောကျတယ်... ဘဝဇာတ်ကြောင်းတွေရေးတာ စိတ်ဝင်စားဘို့ကောင်းတယ်... ပညာလဲရတယ်... အတုယူစရာတွေလဲတွေ့တယ်....
အာဇာနည်.... နိုင်ငံရေးသတင်းတွေ up to date သိရတယ်....
ကိုလူထွေး.... အရေးအသားကောင်းတယ်... ပညာသားပါတယ်.... ရသစုံပေးနိုင်တယ်....
မေလေး.... ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တတ်နိုင်သလောက် ဒုက္ခရောက်သူကိုကူညီတယ်... စိတ်ဓာတ်လေးဖြူစင်တယ်.... ကိုယ့်ထက်ငယ်ပေမဲ့ တကယ်ကိုလေးစားတယ်....
ကဲ... ငါးခုရွေးရတာနဲလွန်းတယ်... ယုံတယ်ဟုတ်... တော်တော်လေးစိစစ်ပြီးရွေးတာတောင်၇ခုထွက်တယ်....
ဘယ်သူ့ကိုမှဆက်မတဂ်တော့ဘူး... ကိုယ့်လိုဘဲရွေးရခက်နေကြမှာစိုးလို့....
Friday, September 4, 2009
Thursday, August 20, 2009
ငါ့စိုက်ခင်းများလန်းချင်ပြီ
ဒီကဗျာလေးကို ဖတ်ပြီး heart ထိသွားလို့
Blogger မောင်နှမများအတွက်
ဝေငှပေးလိုက်ပါတယ်
ကဗျာဆရာရဲ့ရင်တွင်းဖြစ်စစ်စစ်ပါ
သူကတော့(ရင်တွင်းညှစ်)လို့ပြောပါတယ်
ငါ့စိုက်ခင်းများလန်းချင်ပြီ
နှလုံးသားပတ်ပတ်လည်မှာ
နေပျောက်မထိုးအောင်ကာရံထားတဲ့
ငါ့ရင်ထဲကနာမည်လေးတစ်ခုဟာ
ဂါဇာအရပ်ကအုတ်တံတိုင်းတွေထက်
ပိုမိုအေးစက်မာကျောခဲ့ပါတယ်
တစ်စိုက်မက်မက်ကျင့်သုံးခဲ့တဲ့မူဝါဒက
ဥပေက္ခာ
ပို့လွှတ်ခဲ့တဲ့ချစ်ခြင်းမှာ
ယမ်းစိမ်းနံ့တွေပေးမဝေနိုင်ခဲ့ဘူး
တစ်ဝုန်းဝုန်းကျရောက်ပေါက်ကွဲခဲ့တဲ့
ဒုံးကျည်အစင်းစင်းဟာ...ငါ့ရင်ထဲ
မသိကျေးကျွန်ပြုမှုရဲ့တစ်စွန်းတစ်စထဲ
ဘဝတစ်ခုလုံးစာတောက်လောင်မြည်ဟီးလို့
ငါကမင်းဖတ်ချင်စိတ်မရှိတဲ့အပေါ့စားဂျာနယ်
ပျင်းစရာကောင်းလွန်းတဲ့ကျမ်းစာအုပ်တစ်အုပ်နဲ့
နားထောင်စရာမလိုတဲ့သတင်းတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်
မျိုသိပ်ထားရတဲ့ကိစ္စတွေထဲ
ဒါဝင်ရဲ့မျောက်တွေစပ်စုတာကအစ
ဆံပင်တွေရှည်လာတဲ့ဖြစ်စဉ်အဆုံး
မီးနီမီးစိမ်းပြတာကအစ
နှုတ်မဆက်ဘဲပြန်တာအဆုံး
စကားလက်ဆုံကျချင်တာကအစ
ဝါးပင်တွေစက္ကူဖြစ်တာအဆုံး
ပြောင်းဝတဲ့တဲ့ကငါ့မျက်နှာကို
ငါ့လက်ကလေးမကွေးနိုင်သေးသ၍
ခိုလှုံရာမဲ့ငါ့စိတ်ကလေး
အညောင်းမိမပုပ်သိုးသေးသ၍
ကျည်မကုန်ခင်ကတည်းက
အလံဖြူပြခဲ့သူပါ
ငါ့စိုက်ခင်းများလန်းချင်ပြီ။
မင်းစစ်အိမ်
(ကဗျာပိုင်ရှင်မင်းစစ်အိမ် ဟာဟိုချီမင်းမြို့မှာ အလုပ်လုပ်ရင်း အချိန်မရတဲ့ကြားက ဝါသနာအရ ကဗျာရေးနေသူပါ... လူပျိုကြီးဖြစ်ပါတယ်)
Blogger မောင်နှမများအတွက်
ဝေငှပေးလိုက်ပါတယ်
ကဗျာဆရာရဲ့ရင်တွင်းဖြစ်စစ်စစ်ပါ
သူကတော့(ရင်တွင်းညှစ်)လို့ပြောပါတယ်
ငါ့စိုက်ခင်းများလန်းချင်ပြီ
နှလုံးသားပတ်ပတ်လည်မှာ
နေပျောက်မထိုးအောင်ကာရံထားတဲ့
ငါ့ရင်ထဲကနာမည်လေးတစ်ခုဟာ
ဂါဇာအရပ်ကအုတ်တံတိုင်းတွေထက်
ပိုမိုအေးစက်မာကျောခဲ့ပါတယ်
တစ်စိုက်မက်မက်ကျင့်သုံးခဲ့တဲ့မူဝါဒက
ဥပေက္ခာ
ပို့လွှတ်ခဲ့တဲ့ချစ်ခြင်းမှာ
ယမ်းစိမ်းနံ့တွေပေးမဝေနိုင်ခဲ့ဘူး
တစ်ဝုန်းဝုန်းကျရောက်ပေါက်ကွဲခဲ့တဲ့
ဒုံးကျည်အစင်းစင်းဟာ...ငါ့ရင်ထဲ
မသိကျေးကျွန်ပြုမှုရဲ့တစ်စွန်းတစ်စထဲ
ဘဝတစ်ခုလုံးစာတောက်လောင်မြည်ဟီးလို့
ငါကမင်းဖတ်ချင်စိတ်မရှိတဲ့အပေါ့စားဂျာနယ်
ပျင်းစရာကောင်းလွန်းတဲ့ကျမ်းစာအုပ်တစ်အုပ်နဲ့
နားထောင်စရာမလိုတဲ့သတင်းတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်
မျိုသိပ်ထားရတဲ့ကိစ္စတွေထဲ
ဒါဝင်ရဲ့မျောက်တွေစပ်စုတာကအစ
ဆံပင်တွေရှည်လာတဲ့ဖြစ်စဉ်အဆုံး
မီးနီမီးစိမ်းပြတာကအစ
နှုတ်မဆက်ဘဲပြန်တာအဆုံး
စကားလက်ဆုံကျချင်တာကအစ
ဝါးပင်တွေစက္ကူဖြစ်တာအဆုံး
ပြောင်းဝတဲ့တဲ့ကငါ့မျက်နှာကို
ငါ့လက်ကလေးမကွေးနိုင်သေးသ၍
ခိုလှုံရာမဲ့ငါ့စိတ်ကလေး
အညောင်းမိမပုပ်သိုးသေးသ၍
ကျည်မကုန်ခင်ကတည်းက
အလံဖြူပြခဲ့သူပါ
ငါ့စိုက်ခင်းများလန်းချင်ပြီ။
မင်းစစ်အိမ်
(ကဗျာပိုင်ရှင်မင်းစစ်အိမ် ဟာဟိုချီမင်းမြို့မှာ အလုပ်လုပ်ရင်း အချိန်မရတဲ့ကြားက ဝါသနာအရ ကဗျာရေးနေသူပါ... လူပျိုကြီးဖြစ်ပါတယ်)
လင်တော်မောင်ခရီးသွားတဲ့အခါ
ဒီတပတ်ဆုံဖြစ်ကြမယ်ဆိုတော့ ကျမလက်ရာမုန့်ဟင်းခါးလေးချက်ကျွေးဖို့ စဉ်းစားမိပါတယ်.... ဒါပေမဲ့ ကုလားပဲက အခြမ်းဝယ်မရတော့ အလုံးလိုက်ကို ရေစိမ်ပြီး အခွံချွတ်ရတာ အတော်လက်ဝင်ပါတယ်... ပြီးတော့လဲပြီးသွားတာပါဘဲ... မချက်ခင်တရက်အလိုမှ ဆန်မှုန့်မရှိမှန်းသိလို့ ဖုန်းလိုက်ဆက်မိတော့ အမတယောက်ဆီမှာ ရှိတယ်ဆိုလို့ သွားပြေးယူရပါတယ်... မဟုတ်ရင် ဆန်ကိုလှော် အမှုန့်ထောင်းနဲ့ အတော်အလုပ်ရှုပ်မှာ... နောက်ဆုံးတော့ အားလုံးစုံစုံ လင်လင်နဲ့ မုန့်ဟင်းခါးတစ်အိုး ချက်ဖြစ်သွားပါတယ်.... တချို့ကတောင်းဆိုတာကြောင့် ဝက်သားဒုတ်ထိုးလေးလဲ လုပ်လိုက်ပါသေးတယ်... ဓာတ်ပုံက နောက်မှရိုက်ဖြစ်လို့ နဲနဲလေးဘဲပုံမှာ ပါသွားတယ်... ညီမလေးတယောက်က အချိုပွဲအတွက် မာလကာသီး၊ ပီလောပီနံပေါင်း၊ ငှက်ပျောပေါင်းတွေ ယူလာပါတယ်... နောက်တယောက်က ကိတ်မုန့်၊ သူငယ်ချင်း ရခိုင်အမျိုး သမီးက ထုံးစံအတိုင်း မုန့်တီ သုတ်စားချင်သူများ စားနိုင်အောင် အစာပလာတွေ သယ်လာပါတယ်... အဲဒီနေ့ ကလဲ အရင်တပတ်ကလိုပါဘဲ... အားလုံးပျော်ပျော် ရွှင်ရွှင်စားကြသောက်ကြနဲ့ ဓာတ်ပုံရိုက်ဘို့ အချိန် မရလိုက်ပါဘူး...
ကဲ.. ဒီလောက်ပါဘဲ... အခုတလော ဘလော့ကိုပစ်ထားမိသလို ဖြစ်နေပါတယ်... လာလည်သူမောင်နှမများ ခွင့်လွှတ်ကြပါနော်....
Sunday, August 16, 2009
ခုတလော
ငှက်ကလေးဆီသွားလည်ရင်းမရေးရသေးသူများကိုtagထားတဲ့ ခုတလော လေးကို ပေါ့ပေါ့ပါးပါးလေးမို့ ရေးလိုက်ပါတယ်...
တွေးနေမိတာက
ကလေးတွေရဲ့ရှေ့ရေး
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
ရင့်ကျက်ဘို့လိုသေးတယ်
ကျန်းမာရေး
မဆိုးပါဘူး
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကလေးတွေကျောင်းပိတ်ထားလို့စာအုပ်ဖတ်ချိန်မရှိပါဘူး
ရောက်ဖြစ်နေတာက
shopping center,game center(ကလေးတွေကိုလိုက်ပို့တာ)
ရေးဖြစ်နေတာက
ခုတလောtag
နားထောင်ဖြစ်နေတာက
သမီးနဲ့သား အော်ဆိုနေသောသီချင်းများ
ရွတ်နေမိတဲ့ကဗျာက
သံယောဇဉ်အမျှင်တန်းကို၊ရှင်ခန်းဘယ်သူဖြတ်နိုင်ပ
ဖြစ်ချင်နေတာက
ကိုယ်ကျိုးစွန့်ဝန်ထမ်း
စားဖြစ်နေတတ်တာက
ငါးပိရည်၊မုန့်ဟင်းခါး၊ရခိုင်မုန့်တီ
သနားနေမိတာက
နယ်စပ်ကဒုက္ခသည်တွေ
လွမ်းနေမိတာက
ခရီးထွက်နေတဲ့ချစ်ခင်ပွန်း
မေ့လျော့ပစ်နေမိတာက
မေ့ချင်တာမှန်သမျှ
ခါးသက်နေမိတာ
အူခါး(အူချိုနဲ့မှားဝယ်လာတာ)
တမ်းတနေမိတာက
ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ
ကြိတ်ပြီးအထင်သေးနေမိတာက
ကွယ်ရာမှာသူများအကြောင်းသွားပုတ်လေလွင့်ပြောတဲ့သူတွေ
ကြိတ်ပြီးချီးကျုးမိနေတာက
ကိုယ်ပိုက်ဆံနဲ့ကိုယ်ဒုက္ခရောက်သူကိုကူညီနေသူတွေ
မေလေး(ဆုံနိုင်ခွင့်လေး)
ဆန္ဒမရှိတဲ့နေရာ
ယောက္ခမအိမ်
ဆန္ဒရှိနေတဲ့ကိစ္စ
နယ်စပ်ကဒုက္ခသည်ကလေးငယ်တွေကိုစာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)
မုန်းတီးနေမိတာက
မမုန်းမိအောင်ကြိုးစားတယ်... ရုပ်ရင့်မှာစိုးလို့
ချစ်နေတာက
ချစ်ခင်ပွန်း၊ချစ်သားသမီး၊ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ
စိတ်ပျက်နေမိတာက
ပျော်ရာမှာမနေရတဲ့ကိုယ့်ဘဝ
စွဲလမ်းနေမိတာက
ဖတ်ချင်ပြီးမဖတ်ရသေးတဲ့စာအုပ်တွေ
လိုအပ်နေတာက
ရင့်ကျက်မှု
တောင်းနေမိတဲ့ဆု
မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန်
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
(ဘာမှမအော်ဟစ်မိဘူးထင်တယ်)
ဝန်ခံချင်တာက
I am nothing.
(ချစ်သူငယ်ချင်းလေးလသာညကိုဆက်tagပါတယ်)
တွေးနေမိတာက
ကလေးတွေရဲ့ရှေ့ရေး
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
ရင့်ကျက်ဘို့လိုသေးတယ်
ကျန်းမာရေး
မဆိုးပါဘူး
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကလေးတွေကျောင်းပိတ်ထားလို့စာအုပ်ဖတ်ချိန်မရှိပါဘူး
ရောက်ဖြစ်နေတာက
shopping center,game center(ကလေးတွေကိုလိုက်ပို့တာ)
ရေးဖြစ်နေတာက
ခုတလောtag
နားထောင်ဖြစ်နေတာက
သမီးနဲ့သား အော်ဆိုနေသောသီချင်းများ
ရွတ်နေမိတဲ့ကဗျာက
သံယောဇဉ်အမျှင်တန်းကို၊ရှင်ခန်းဘယ်သူဖြတ်နိုင်ပ
ဖြစ်ချင်နေတာက
ကိုယ်ကျိုးစွန့်ဝန်ထမ်း
စားဖြစ်နေတတ်တာက
ငါးပိရည်၊မုန့်ဟင်းခါး၊ရခိုင်မုန့်တီ
သနားနေမိတာက
နယ်စပ်ကဒုက္ခသည်တွေ
လွမ်းနေမိတာက
ခရီးထွက်နေတဲ့ချစ်ခင်ပွန်း
မေ့လျော့ပစ်နေမိတာက
မေ့ချင်တာမှန်သမျှ
ခါးသက်နေမိတာ
အူခါး(အူချိုနဲ့မှားဝယ်လာတာ)
တမ်းတနေမိတာက
ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ
ကြိတ်ပြီးအထင်သေးနေမိတာက
ကွယ်ရာမှာသူများအကြောင်းသွားပုတ်လေလွင့်ပြောတဲ့သူတွေ
ကြိတ်ပြီးချီးကျုးမိနေတာက
ကိုယ်ပိုက်ဆံနဲ့ကိုယ်ဒုက္ခရောက်သူကိုကူညီနေသူတွေ
မေလေး(ဆုံနိုင်ခွင့်လေး)
ဆန္ဒမရှိတဲ့နေရာ
ယောက္ခမအိမ်
ဆန္ဒရှိနေတဲ့ကိစ္စ
နယ်စပ်ကဒုက္ခသည်ကလေးငယ်တွေကိုစာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)
မုန်းတီးနေမိတာက
မမုန်းမိအောင်ကြိုးစားတယ်... ရုပ်ရင့်မှာစိုးလို့
ချစ်နေတာက
ချစ်ခင်ပွန်း၊ချစ်သားသမီး၊ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ
စိတ်ပျက်နေမိတာက
ပျော်ရာမှာမနေရတဲ့ကိုယ့်ဘဝ
စွဲလမ်းနေမိတာက
ဖတ်ချင်ပြီးမဖတ်ရသေးတဲ့စာအုပ်တွေ
လိုအပ်နေတာက
ရင့်ကျက်မှု
တောင်းနေမိတဲ့ဆု
မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန်
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
(ဘာမှမအော်ဟစ်မိဘူးထင်တယ်)
ဝန်ခံချင်တာက
I am nothing.
(ချစ်သူငယ်ချင်းလေးလသာညကိုဆက်tagပါတယ်)
Friday, August 14, 2009
ထူးအိမ်သင်အမှတ်တရ

သူ့သီချင်းလေးတွေကိုခံစားရင်း ဆယ်ကျော်သက်အရွယ်မှာရင်ခုန်ခဲ့ဘူးတယ်... တနေ့နေ့တော့ချစ်လာလိမ့်မည် ဆိုတဲ့သီချင်းလေးကိုသဘောကျပြီး အဲဒီသီချင်းထဲကအတိုင်း ထီးနီနီနဲ့ ဖိနပ်နီနီလေး ဝယ်ပေးဘို့ အမေ့ကိုပူဆာခဲ့ဘူးတယ်.... ရထားနဲ့ခရီးထွက်ရတိုင်း အမေ့အိမ်သီချင်းထဲက ရထားခုတ်သံလေးကို လွမ်းမိတယ်... ဘယ်သူနဲ့ဝေးဝေး သူ့ရဲ့ ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းလေး ဖွင့်ပြီး ကြွေခဲ့ဘူးတယ်... ကျောင်းဆင်းခေါင်းလောင်းထိုးတိုင်း ခေါင်းလောင်းလေးတွေမြည်နေပြီလို့ အတန်းထဲမှာ သူငယ်ချင်းတွေ အော်ဆိုခဲ့ဘူးတယ်...
ရင်ခုန်ခံစားခဲ့ရသမျှ သူ့သီချင်းစာသားတိုင်းကိုသာ ချရေးရရင် ကုန်နိုင်မယ်မထင်ပါဘူး... အခု သူမရှိတော့တဲ့အခါ ရင်ခုန်လို့ကောင်းတဲ့သီချင်းလေးတွေ လက်တွေ့ဘဝအခြေအနေကို သီကုံးထားတဲ့သံစဉ်လေးတွေ သူ့ကိုယ်စားဘယ်သူက ဖန်ဆင်းပေးနိုင်မှာလဲ....
(ထူးအိမ်သင်ပုံကို htooeainthin.com မှယူပါသည်။)
Saturday, August 8, 2009
လေးစားရသောတိုင်းရင်းသားတစ်ယောက်

တကယ်တော့ဒီtagဟာအလေးအနက်ထားပြီးရေးရမှာဖြစ်တဲ့အတွက် ရေးရမှာမရဲလို့အချိန်တွေကြာနေတာကို ကိုလူထွေးတယောက်နားလည်ပေးမယ်ထင်ပါတယ်... ကိုယ်တိုင်က ကရင်လူမျိုးဖြစ်တဲ့အတွက် ရေးမဲ့ရေးတော့လည်းကရင်တိုင်းရင်းသားခေါင်းဆောင် အကြောင်းဘဲရေးချင်ပါတယ်... မရေးတတ်ရေးတတ်နဲ့ ဘလော့ပါးလဲမဝသေးတာကြောင့် အမှားပါရင်ခွင့်လွှတ်ကြဘို့ ပထမဆုံး တောင်းပန်ချင်ပါတယ်....
ကျမလေးစားမိတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ကတော့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်...သူဟာကရင့်သမိုင်းမှာသာမကဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဘို့ကြိုးပမ်းခဲ့ရာမှာလည်း မြန်မာ့သမိုင်းဝင်ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်... ၁၉၄၆ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးစံနစ်ပြန်လည်ဖော်ဆောင်ရာမှာ အင်္ဂလိပ်တို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးဟာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်... ဖဆပလအဖွဲ့ကြီးရဲ့ဗဟိုကော်မတီမှာလည်း ဝတ်လုံတော်ရစောဘဦးကြီးဟာ ဗဟိုကော်မတီဝင် အဖြစ်ထည့်သွင်းဖွဲ့စည်းတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်... ၁၉၄၇ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့မှာ စောဘဦးကြီးဟာ ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက်ရောက်ခဲ့ပါတယ်... ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးရဘို့ ကြိုးပမ်းတဲ့ကာလမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါတယ်... ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့ လွတ်လပ်ရေးနေ့မတိုင်ခင် ဗိုလ်ချုပ်ကျဆုံးခဲ့ပြီး လွတ်လပ်ရေးရပြီး မကြာမီ စောဘဦးကြီးကျဆုံးခဲ့ပါတယ်... စောဘဦးကြီးဟာ အစိုးရ ရာထူးဂုဏ်ရှိန်ကို မမက်မောဘဲ ကရင်အမျိုးသားရေးအတွက် ရာထူးဂုဏ်ရှိန်ကိုစွန့်လွှတ်ခဲ့ပါတယ်... "ကရင်တကျပ်သား၊ဗမာတကျပ်သား" ဆိုပြီး တန်းတူညီတူ ရရှိမှု အတွက် ကြွေးကြော်သံကိုချမှတ်ခဲ့ပါတယ်... ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ နဘူးမြို့နယ် ကော့ကိုးကျေးရွာအနီး လယ်တဲထဲမှာ တောလှန်ရေးတာဝန်ထမ်းဆောင်နေရင်း သစ္စာဖောက်ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖောက်မှုကြောင့် ရန်သူ၏ပစ်ခတ်မှုများကို အင်အားမမျှသော်လည်း လက်မမြှောက်ဘဲ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရပါတယ်....
သြဂုတ်လ၁၂ရက်နေ့(ကရင်အမျိုးသားအာဇာနည်နေ့)တွင် ကျဆုံးခဲ့သော ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား ဦးညွတ်ဂါရဝပြုလျှက်
Rose of Sharon
မှတ်ချက်။ ။ကရင်အမျိုးသားစောဘဦးကြီး၏ပုံနှင့်မှတ်တမ်းအထောက်အထားများကို ဖားစည်သံ ကရင်ဘလော့မှယူပါသည်။
Tuesday, August 4, 2009
လင်တော်မောင်ခရီးသွားတဲ့အခါ
ငါးပိရည်ဖျော်နှင့်ဓညင်းသီးပြုတ်
ကျမတို့ဟိုချီမင်းမြို့မှာနေတဲ့အိမ်ထောင်ရှင်မြန်မာအမျိုးသမီးအများစုမှာထုံးစံလိုလုပ်ဖြစ်နေတဲ့ ဓလေ့တခုရှိပါတယ်.... ကိုယ့်ခင်ပွန်းသည်ခရီးထွက်တဲ့အခါ အိမ်မှာမြန်မာသူငယ်ချင်းတွေဖိတ်ပြီး မြန်မာအစားအစာတွေစုပြီးချက်စားကြတာပါ... ခလေးတွေတရုံးရုံး... လူကြီးတွေတပြုံးပြုံးနဲ့ပေါ့...
ဒီတခေါက်တော့ကျမရဲ့ကျေးဇူးရှင်ခင်ပွန်းသည်ပြင်သစ်ကို၃ပတ်ခရီးထွက်ပါတယ်... ဒါကြောင့်ကျမအိမ်မှာသူငယ်ချင်းတွေဖိတ်ပြီးစုစားကြပါတယ်...ကျမသူငယ်ချင်း ရခိုင်အမျိုးသမီးကရခိုင်မုန့်တီချက်ပါတယ်.... ကျမကဆိတ်သားနဲ့အာလူးဟင်း ၊ကြက်အသည်းအမြစ်ဆီပြန်ဟင်း၊ ငါးပိရည်ဖျော်နဲ့ကန်ဇွန်းရွက်ချဉ်ရည်ဟင်းချက်ပါတယ်... ကန်ဇွန်းရွက်ချဉ်ရည်ဟင်းကဓာတ်ပုံရိုက်ဖို့မေ့သွားပါတယ်... အမတယောက်ကရွှေကြည်မုန့်ထိုးလာပါတယ်... ဓာတ်ပုံရိုက်ဖို့အချိန်မမှီလိုက်ပါဘူး... နောက်တယောက်ကကိတ်မုန့်ယူလာတယ်... ဓာတ်ပုံရိုက်ဖို့ကြည့်လိုက်တော့အမြင်မလှတော့တာနဲ့မရိုက်လိုက်တော့ပါဘူး... နောက်တယောက်ကဝိုင်တပုလင်းသယ်လာပါတယ်... လင်တော်မောင်ပြန်လာရင်ရွှေစိတ်တော်ညိုမှာစိုးလို့ဝိုင်ပုလင်းကိုလဲဓာတ်ပုံမရိုက်လိုက်ပါဘူး... နောက်တပတ်လဲတခုခုလုပ်ဖြစ်ပါအုန်းမယ်... ဒီနေ့တော့ဒီလောက်ပါဘဲ...နားလိုက်ပါအုန်းမယ်...
Subscribe to:
Posts (Atom)