ချစ်စရာကောင်းတဲ့ ဝက်ဝံလေးက တဂ်ထားတယ်.... အကြိုက်ဆုံးဘလော့၅ခုနှင့်ဘာကြောင့်ကြိုက်နှစ်သက်ရသလဲဆိုတဲ့ အကြောင်းလေး ....
အကြိုက်ဆုံးလို့ရွေးရမှာ ကျမအတွက် တော်တော်ခက်ပါတယ်... ကျမရဲ့ဘလော့စာမျက်နှာမှာလင့်ထားတဲ့ ဘလော့တွေဟာ ကျမကြိုက်နှစ်သက်လို့ အသစ်တင်တိုင်း သိရအောင် လင့်ထားတာပါ...
အကုန်လုံးက ကိုယ့်ထက်စာရေးကောင်းသူတွေချည်းပါဘဲ....
အမှတ်တရလေးများ၊မေလေး(ဆုံနိုင်ခွင့်)၊ခြေလှမ်းသစ်၊နဒီမိုးညို၊ကိုလူထွေး၊ Craton၊ စိတ်ကူးယဉ်အိမ်မက်၊ Idiotlove၊ ငှက်ကလေးရဲ့စာမျက်နှာ၊ MANORHARY၊ We She Me၊ The world of Moe Thanzin၊ ဆုံစည်းရာ၊ဂျာမုန်းဒန်၊ ရေခဲပြင်မှာပွင့်တဲ့ပန်း၊ Thu Hnin See၊ စူးနွယ်ရဲ့ကမ္ဘာ၊ မျက်မှန်လေး၊ Nine Nine Sanay၊ စန္ဒကူး၊ Nge Naing၊ ရွက်လွှင့်ခြင်း၊ သားကြီး၊ ထမင်းအိုး၊ မြူးသျှရီ၊ My little world၊ Kin Oo May၊ Sonata-Cantata၊ ပန်ဒိုရာ၊ပြည့်စုံ၊ လသာည၊ လေနုအေး၊ သက်ဝေ၊ လူအအိမ်မက်၊ ရင်ခွင်တစ်ခုဖန်ဆင်းခြင်း၊ စုဗူးအိမ်၊ K ၊ Ah-Pauk၊ ကြယ်ကလေး၊ ပေါက်ကရအတွေးအပိုင်းအစများ၊ ဖြူစင်ကြယ်၊ ကျောပိုးအိတ်၊ မီးမီးချစ်၊ အိမ့်ချမ်းမြေ့၊ May Nyane၊ ယုယနွေးထွေးသောဘဝလေးတစ်ခု၊ My Nc Diary၊ မိုးစက်အိမ်၊ Prosper & Peace၊ Evergreen Phyo၊ နုသွဲ့ရဲ့ကမ္ဘာ၊ မေတ္တာရပ်ဝန်းမီးဖိုဆောင်၊ Smoke and Spice၊ ဟိန်းနီ၊ Shinlay၊ အာဇာနည်၊ ကိုမင်းဒင်၊ မိုးသီးဇွန်..... အများကြီးဘဲ... ဒါတောင် မမှတ်မိလို့ ကျန်ခဲ့တာတွေရှိသေးတယ်... ဘယ်လိုလုပ်ရမလဲ?
ကိုယ်ကြိုက်တဲ့ အဲဒီအများကြီးထဲက ၅ခုဘဲရွေးရမှာ တော်တော် ခေါင်းစားပါတယ်... ကဲ ၃၄ခေါက်စဉ်းစားပြီး... အချိန်တွေ အများကြီးပေးပြီးရွေးထုတ်လိုက်ပါတယ်...
We She Me....ကိုယ်ဘလော့မရေးခင်ကထဲက အမြဲသွားလည်ဖြစ်တာပါ... လူမှုရေး၊ ပညာရေး ဗဟုသုတတွေ အများကြီးရလို့ပါ....
MANORHARY.... အရေးအသား အဖွဲ့အနွဲ့ အရမ်းကိုကောင်းလွန်းတယ်... တစ်ချို့စာတွေဆို ၂ခေါက်လောက်ပြန်ဖတ်ရတယ်... သိပ်ကိုအားကျမိလို့ပါ...
Nine Nine Sanay... ဗဟုသုတရတယ်.... ဘာသာပြန်တွေ သဘောကျတယ်... လူမှုရေး စိတ်ဓာတ်ကို ချီးကျုးမိတယ်...
May Nyane.... လေးစားတယ်... အရေးအသားကို သဘောကျတယ်... ဘဝဇာတ်ကြောင်းတွေရေးတာ စိတ်ဝင်စားဘို့ကောင်းတယ်... ပညာလဲရတယ်... အတုယူစရာတွေလဲတွေ့တယ်....
အာဇာနည်.... နိုင်ငံရေးသတင်းတွေ up to date သိရတယ်....
ကိုလူထွေး.... အရေးအသားကောင်းတယ်... ပညာသားပါတယ်.... ရသစုံပေးနိုင်တယ်....
မေလေး.... ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တတ်နိုင်သလောက် ဒုက္ခရောက်သူကိုကူညီတယ်... စိတ်ဓာတ်လေးဖြူစင်တယ်.... ကိုယ့်ထက်ငယ်ပေမဲ့ တကယ်ကိုလေးစားတယ်....
ကဲ... ငါးခုရွေးရတာနဲလွန်းတယ်... ယုံတယ်ဟုတ်... တော်တော်လေးစိစစ်ပြီးရွေးတာတောင်၇ခုထွက်တယ်....
ဘယ်သူ့ကိုမှဆက်မတဂ်တော့ဘူး... ကိုယ့်လိုဘဲရွေးရခက်နေကြမှာစိုးလို့....
ဟိဟိ ..
ReplyDeleteအကြိုက်ဆုံး စာရင်းမှာ မပါပေမဲ့
နှစ်သက်လို့ ဘေးမှာ ထဲ့ ထားတဲ့  စာရင်းထဲ မှာ ပါရတာ လည်း မဆိုးပါဘူး .. ပေါက်ကရလေးတွေကို အချိန်ပေးပြီး လာအားပေးတာ ကျေးဇူး ပါ နော် ..
ဟဲဟဲ.. နံပါတ် ၁ ရပြီ... နေရာ ဦးတာ ခေတ်စား နေလို့လေ ..
အဲဒါကြောင့် ပြောတာ မနော်ဖော တော်ပါတယ်လို့...းP
ReplyDelete(ဟုတ်တယ်နော်... တကယ်တမ်းရေးကြကြေးဆို ၅ခုလဲ မလောက် ၇ခုလဲ မလောက်နိုင်ဘူးလေ... ကျနော်ကတော့ ဝက်ကလေးကို ဒီအတွက် တောင်းပန်ရဦးမယ်)
းဝ)
ဘလော့ကို အားပေးတဲ့ အတွက် ၀မ်းသာပါတယ်။ ဧည့်မှတ်တမ်း ရေးပေးသွားတာလည်း ကျေးဇူးပါပဲ။
ReplyDeleteဟုတ်တယ်မမရေ.... နောင့် လဲ ခေါင်းစားနေတယ်... ။ 5 ခုမှ မကပဲ... ဘီလို လုပ်မလဲ...။း))
ReplyDeleteဟုတ်ပါ့ အမရေ ... ရွေးရတာခက်တယ် ...
ReplyDeleteဟုတ်တယ် မရေ.. ကူးကူးလဲ ကို အန်ဒီ ဘလော့ ပထမဆုံးဖတ်မိတာ.. နဲ့နောက်ပိုင်း ဘလော့လုပ်ဖြစ်တာ။
ReplyDeleteသူ့ကြောင့်အများကြီးပါတယ်.. အားကျတဲ့ စာရေးသူ မိသားစု ဖခင်တစ်ယောက်ပေါ့။ ကူးလဲ မနက်လင်းရင်အရင်ဆုံးသွားတာ သူ့ဘလော့ကိုဘဲ...
မနိုင်းနိုင်းလဲ ကြိုက်တယ်.. စိတ်ဓာတ်ကျနေတဲ့အချိန်လေးတွေ ဆိုသူဘာသာပြန်တင်ပေးထားတဲ့အကြောင်းလေးတွေအမြဲတိုက် ဆိုင်တယ်... လေးစားစရာကောင်းတဲ့ သူတွေ ပါဘဲ...း) အကြိုက်ချင်းတူလို့ ပျော်သွားပီ...
နှင်းဆီရေ ကျေးဇူးးးနော် ရေးပေးတာ ဟဲဟဲ ညီမလဲ ခေါင်းစားလို့ ဟိဟိ နှင်းဆီတို့ကို ပါ ဝိုင်းခေါင်းစားခိုင်းလိုက်တာ အခု ညီမလဲ ခေါင်းကြိမ်းနေတယ် ဟက်
ReplyDeleteလင့်ခ် ထားတဲ့အတွက်လဲ ကျေးဇူးအရမ်းတင်တယ် နော် ဘိုင်
ကလေးတွေက တယောက်တမျိုး ချောကြပါလား အဒူနဲ့တူတာတုံး နှင်းဆီနဲ့လား ဒါမှမဟုတ် သူတို့ ပါးပါး နဲ့လား ဟဟဟဟ ညီမကတော့ မိန်းကလေး ပိုချစ်တယ် နှင်းဆီရေ မိန်းကလေးကမှ မိဘကို ကူနိုင်တယ် ပြန်ကြည့်နိုင်တာလေ သားကိုချစ် နှစ် ၂၀ သမီးကိုချစ် တသက်လုံးတဲ့ ဟုတ်လားမသိဘူး ဟဟဟဟ ကိုယ်ကတော့ မိဘတွေ ပြန်ကြည့်နိုင်အောင် ကြိုးစားလိုက်ပါဦးမယ်
အိုကေ ကျေးကျေးနော် ရေးပေးတာ ဘိုင် တာ့တာ သမီးနဲ့ သားလဲ မေးတယ် လို့ပြောပေးပါဦး နော်
ဟား.. ဟား..ဟား...
ReplyDeleteရသွားပြီကွ.. တစ်ရက်နဲ့ တစ်ည မအိပ်လိုက်ရဘူး..
အေးပေါ့အမရာ.. ဘယ်လိုလုပ်ပြောနိုင်မှာလဲနော်..
ဟဲ.. ဟဲ..လာသာပြောရတယ်..
ခေါင်းတော့ ကျိန်းသဗျို့..း)
တော်တော်ခေါင်းစားစေတဲ့ တက်ဂ်ပိုစ့်ပဲ
ReplyDeleteဟိ
ReplyDeleteကျနော်လည်းအဲဒီဒုက္ခရောက်နေတယ်ဗျ
လက်သည်ကတော့ သက်တန့်ချိုနဲ့ ဝက်ဝံပိစိကလေးတို့ပဲ
တနေ့တနေ့ရောက်တဲ့နေရာတွေကနည်းမှမနည်းဘဲ
အစ်မက၃၄ခေါက်တောင်စဉ်းစားရသတဲ့လား
ကျနော်လည်းစဉ်းစားလိုက်ဦးမယ်ဗျာ
ခေါင်းတော့နည်းနည်းကျိန်းတယ် ဂယ်ပဲ
အားပေးတယ်ဆိုလို့ ကျေးဇူးပါ..။
ReplyDeleteEvergreen Phyo
နှစ်သက်စာရင်းထဲပါလို့ ၀မ်းသာပါတယ် မရိုစ်း)
ReplyDeleteမရိုစ်ရဲ့ လက်ရာတွေကိုလဲ မလေးအမြဲလာအားပေးပါတယ်...
Kiki ပြောသလိုပါပဲ အဟိ..။ Rose ကြိုက်တဲ့ ဘလော့ဂ်တွေကို ကျွန်မလည်း ကြိုက်ပါတယ်။ အထူးသဖြင့် သုတရော ရသပါစုံတဲ့ဘလော့ဂ်တွေပေါ့။
ReplyDeleteအကြိုက်ချင်း တူပါတယ်
ReplyDeleteအဲဒီတဂ်က တော်တော် ခေါင်းစားတဲ့ တဂ်ပဲ
း)
ကျေးဇူးတင်ပါသည် မနှင်းဆီ ..း)
ReplyDeleteဒီလောက်ရွေးရခက်တဲ့ကိစ္စကြီးဆိုတာ အမှန်ပါပဲ
ကိုယ့်လာရွေးခိုင်းလည်း ရွေးတတ်မယ်မထင်...
မမရေ မမနှစ်သက်တဲ့ဘလော့ထဲပါလို့ ဝမ်းသာမိပါတယ်။
ReplyDeleteဒီတက်ဂ့်ပို့စ်က တော်တော် စားတာဘဲ။
မေလေးဆိုလဲရွေးနိုင်မယ် မထင်ဘူး။
အကုန်လုံးကို တူတူချစ်တာကိုးး။
ဟိဟိ။
Rose ရေ
ReplyDeleteS-C ကို နှစ်သက်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်...
ရေးဦးမယ်တဲ့ ရေးဦးမယ်
Comment ရေးပေးသွားကြတဲ့ မောင်နှမများ (Kiki ၊ ကိုလူထွေး၊ကိုအန်ဒီ၊မေဇင်၊မင်းနေဝေး၊ကူးကူး၊ ဝက်ဝံလေး၊ စည်သူ၊ ရေတမာ၊ သားကြီး၊ Evergreen Phyo ၊ အိမ်ချမ်း၊ ငယ်နိုင်၊ ရွက်လွှင့်ခြင်း၊ မနော်ဟရီ၊ မေလေးေ။ မသီတာ) အားလုံးကိုကျေးဇူး အထူးတင်ပါတယ်
ReplyDeleteအဟိ.. ၃၄ ခေါက်ဖတ်မှတော့ ခေါင်းစားပြိပေါ့။ တို့တော့ တခေါက်ပဲ ဖတ်ပြီး သဘောတူလိုက်တယ်။ ချစ်သောရို့စ်ညွှန်းသော ဘလော့များအားလုံး ကောင်းပါတယ်လို့..
ReplyDelete