ရင်ထဲမှာစိုးရိမ်ခြင်း စိတ်မကောင်းခြင်းများစွာဖြင့် နေမထိထိုင်မသာ...
ခလေးတွေကိုကျောင်းပို့်ပြီး အိမ်ပြန်ရောက်ကထဲက
သူ့နဲ့ကိုယ်အပြန်အလှန်မက်ဆေ့တွေပို့နေကြသည်...
တစ်ယောက်နဲ့တစ်ယောက်လိုအပ်လို့ နှစ်ဦးသဘောတူ
အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ကြတာမို့ ခုလိုအချိန်မျိုးမှာ
သူကိုယ့်ကိုပိုလို့နေအပ်နေမှာအသေအချာ...
သူအရေးပေါ်ခွဲစိတ်ရမည်ဆိုမှ ကိုယ့်ပတ်စပို့သက်တမ်းက ဗီဇာလျှောက်ဘို့ အဆင်မပြေတာမို့ သက်တမ်းတိုးပြီးမှဗီဇာလျှောက်ဘို့ ပြင်ရသည်... သက်တမ်းတိုးအပြီးမှာ ခလေးတွေကျောင်းက စာမေးပွဲတွေရှိနေတာမို့ ဆွေမရှိမျိုးမရှိ တနယ်တကျေးမှာနေထိုင်နေသူများအတွက် ခလေးတွေကိုထားခဲ့လို့လည်းမဖြစ်နိုင်တာကြောင့်
ကိုယ်လိုက်သွားလို့မဖြစ်နိုင်တော့... အရေးပေါ်ခွဲစိတ်စရာမလိုဘဲ အချိန်တခုများစောင့်လို့ရပါခဲ့လျှင် အဆင်ပြေအောင်စီစဉ်လို့ရနိုင်ပေမဲ့ ဆရာဝန်က အချိန်တွေအများကြီးမစောင့်စေချင်ခဲ့... ဟိုးအရင်ထဲကခွဲစိတ်ကုသသင့်တာကို အလုပ်တွေဦးစားပေးပြီးရက်ရွှေ့ခဲ့တာများပြီမို့ ဒီတခါရွှေ့မရတော့....

ခုတော့စိတ်မကောင်းဖြစ်ရုံ.. စိတ်ပူနေရုံထက် ဘာမှမတတ်နိုင်တာမို့
ဝမ်းနည်းစွာငိုကြွေးမိသည်... သူကတော့ စိတ်မပူဘို့ ပြောရင်း သူဆေးရုံတက်ဘို့
စာရင်းသွင်းချိန်... ဆေးရုံမှာသူနေရမဲ့အခန်းနံပါတ် .. တခုပြီးတခု ကိုယ့်ဆီ
သတင်းပို့နေခဲ့သည်... အစစအရာရာ အဆင်ပြေကြောင်း သူက
ကိုယ့်ကိုပြန်အားပေးနေခဲ့သည်...
သူခွဲခန်းထဲဝင်တော့မည်... သတိရတာနဲ့ မက်ဆေ့ပို့မည်ဆိုသောအခါ ရင်ထဲမှာ အတိုင်းအဆမဲ့ စိုးရိမ်စိတ်တွေက ပိုလို့ကြီးစိုးလာခဲ့သည်... ခလေးများနှင့်အတူ သူ့အတွက်ဆုတောင်းနေရင်း စားလို့်လဲမရ... အိပ်လို့လဲမပျော်... ခွဲစိတ်ခြင်းအောင်မြင်ဘို့... တစုံတရာချွတ်ချော်ခြင်းမဖြစ်ဘို့ တချိန်လုံးဆုတောင်းနေခဲ့ရသည်...
နောက်ဆုံးမက်ဆေ့ရပြီး ၆နာရီကျော်အကြာမှာ သူ့ဆီက မက်ဆေ့ဝင်လာခဲ့သည်... ပိုက်တွေတန်းလန်းမို့ စာရိုက်ရအဆင်မပြေကြောင်း... သူနေကောင်းကြောင်း စာတိုလေးတွေရေးအပြီးမှာ သူ့လုပ်ငန်းတခုရဲ့ အကောင့်ကိုစစ်ပေးဘို့ ပြောလာသည့်အခါ ကျမစိုးရိမ်စိတ်တွေ တဝက်လောက်လျော့ကျသွားတော့သည်... သူနေကောင်းတာသေချာပြီ... ကျမစိတ်မပူအောင်ပြောနေခြင်းမဟုတ်ကြောင်း ကျမယုံကြည်လိုက်ရပြီ... သူသည် စီးပွါးရေးသမားစစ်စစ်ဖြစ်သည်... သူ့အလုပ်ကိစ္စတွေက သူ့ခေါင်းထဲအမြဲရှိနေတာမို့ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်လျှက်ရှိကြောင်း ကျမသိလိုက်ရပြီ...
စိုးရိမ်စိတ်တွေလျော့ပါးသွားပေမဲ့ ကျမဆုံးဖြတ်ချက်ချလိုက်ပါသည်... နောက်တခါ ဒီလိုအရေးပေါ်ကိစ္စမျိုး ထပ်မံကြုံတွေ့ခဲ့ရပါလျှင် သူ့နောက်မရရအောင်လိုက်သွားပါမည်ဟု။

Speedy recovery for your other half... Take care of yourself too.. <3
ReplyDeleteThank you so much sis <3
Deleteအမြန်ဆုံးပြန်ကောင်းပါစေ
ReplyDeleteThanks...
DeleteDear Rose,
ReplyDeletePraying for you. Don't worry.
God will always be with you and family.
Thanks dear <3
ReplyDeleteအရာရာဟာ အနတ္တသဘောကိုဆောင်နေတယ် မနော်.... မထင်မှတ်တာတွေ အချိန်မရွေးပေါ်လာတဲ့သဘောပေါ့ ဒါပေမယ့်လဲ စိတ်ရင်းစေတနာကောင်းတဲ့ မနော်တို့မိသားစု အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်မှာအသေအချာ။
ReplyDeleteကျေးဇူးအထူးပါချစ်သောတီတင့်
Delete