ဒီနေ့မနက်သည်ခါတိုင်းမနက်တွေထက်အေးချမ်းနေသယောင်ယောင်…
ဆိုင်ဂုံမြို့ရဲ့နွေအကုန်ကခါတိုင်းနေ့တွေမှာအစွမ်းကုန်ပူပြင်းလွန်းပေမဲ့ ဒီမနက်မှာတော့အေးမြသောမနက်ခင်းလေးကကြည်လင်နေသောစိတ်ကို
ကြည်နူးမှုတွေထပ်တိုးပေးနေပြန်သည်။
ဒီနေ့ခင်ပွန်းသည်မွေးနေ့မှာမှမနေ့ကပူနေသည့်ရာသီဥတုကအေးမြခြင်းသို့ပြောင်းလဲပေးခြင်းလေလားဟု
ကိုယ့်ဘာသာတွေးရင်းပြုံးမိသည်။ တစ်မြို့ထဲရှိနေပါရက်နှင့် အတူမရှိနေနိုင်သောမနက်ခင်းကသူ့အကြောင်းတွေပိုတွေးဘို့ဖြစ်လာခဲ့သည်ထင့်။
ညနေမှအိမ်ပြန်လာမည့်ခင်ပွန်းသည်အတွက်မွေးနေ့လက်ဆောင်အဝယ်ထွက်ဘို့စဉ်းစားထားပေမဲ့
အိမ်မှာမီးလာပြင်မည့်အလုပ်သမားတွေကိုစောင့်ရဦးမည်မို့ သူသာရုတ်တရက်စောပြီးအိမ်ပြန်လာလျှင်
ကိုယ့်မှာသူ့မွေးနေ့အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိသည်မို့ အားနာရမည်ဖြစ်သည်။
လက်ရှိအလုပ်တာဝန်တွေလွှဲပြောင်းပြီးမှအိမ်အသစ်မှာမိသားစုနှင့်အချိန်ပြည့်နေနိုင်မည့်သူက
လောလောဆယ်တော့ လုပ်ငန်းရှိရာနေရာမှာနေထိုင်နေရဆဲမို့ မိသားစုနှင့်အချိန်ပြည့်မနေနိုင်။
ဒီနေ့တော့သူ့မွေးနေ့မို့အလုပ်ချိန်ပြီးလျှင်မိသားစုနှင့်အတူညစာထွက်စားဘို့စီစဉ်ပြီးသားဖြစ်သည်။
သားနှင့်သမီးကတော့သူတို့ဖခင်အတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ပြီးသားဖြစ်သည်။
ကိုယ့်မှာသာအိမ်အသစ်မှာ
အသားကျဘို့တစ်နေ့တစ်နေ့အိမ်ပြင်ခြင်း၊အိမ်မှုကိစ္စများနှင့်
အချိန်ကုန်လို့ကုန်မှန်းမသိနှင့်
ခုတော့မွေးနေ့လက်ဆောင်တောင်ပြင်ဆင်ချိန်မရသေး။
သူကတော့မိသားစုများအပေါ်တာဝန်ကျေလွန်းသူဖြစ်သည်။
ဇနီးနှင့်သားသမီးများကိုလိုလေသေးမရှိအောင်
အစစအရာရာဖြည့်စွမ်းပေးလေ့ရှိကာလိုတရစေသူဖြစ်သည်။
အိမ်ထောင်သက်တမ်း၁၅နှစ်ချစ်သူသက်တမ်း၂နှစ်…
၁၇နှစ်လုံးသူ့ကြောင့်စိတ်ဆင်းရဲမှုများနည်းနည်းမှကိုမခံစားခဲ့ရခြင်းအတွက် ရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်ပါသည်။
အိမ်ထောင်ဦးကာလကြုံတွေ့ရလေ့ရှိသောအဆင်မပြေမှုများကိုလည်း
သူ့ဘက်မှနားလည်ခွင့်လွှတ်ခြင်းများဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘက်ကလစ်ဟင်းခဲ့ခြင်းများစွာကိုလည်း
အပြစ်မမြင်ဘဲ
နားလည်အောင်သင်ယူစေခဲ့သူဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင်
ဟိုးအရင်ထဲကနွေးထွေးမှုမျိုးကို ခုချိန်ထိရရှိနေခြင်းအတွက် မြတ်နိုးစွာကျေးဇူးတင်ပါသည်။
သူသည်ကိုယ့်အတွက်
ဘုရားပေးသောလက်ဆောင်အစစ်အမှန်ဖြစ်သည်။
မိသားစုအတွက်၊ကိုယ့်အတွက်၊သမီးနှင့်သားအတွက်
မရှိမဖြစ်လိုအပ်သော ထိုလက်ဆောင်မွန်ကိုတန်ဘိုးထားမြတ်နိုးလျှက် ဆုံးရှုံးရမှာကိုလည်း
စိုးရိမ်မိပါသည်။
ထို့အတွက်လည်း
သူ့ကျန်းမာရေးအတွက်အမြဲဆုတောင်းပေးလေ့ရှိသည်။
တည်ကြည်သစ္စာရှိသော၊အစဉ်သဖြင့်မိသားစုရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးလေ့ရှိသော၊
အဖက်ဖက်မှလိုလေသေးမရှိအောင်ပံ့ပိုးပေးလေ့ရှိသော
ခင်ပွန်းကောင်း၊ဖခင်ကောင်း ၏၄၄နှစ်မြောက်သောမွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်
ကျန်းမာခြင်းပကတိကိုရရှိလျှက် လိုရာဆန္ဒမှန်သမျှ ပြည့်စုံရပါမည့်အကြောင်း
ထာဝရဘုရားရှင်ထံဆုမွန်ကောင်းတောင်းပန်အပ်ပါသည်။
သမီးနှင့်သားကိုကျောင်းသွားကြိုရင်းအပြန်မှာမွေးနေ့လက်ဆောင်အတူဝင်ဝယ်ကြပြီး
သူပြန်အလာကိုစောင့်ကြိုနေကြပါမည်။
သူလည်းခုချိန်မှာ
အချိန်မှီအိမ်ပြန်လာနိုင်ဘို့ ပြင်ဆင်နေပါလိမ့်မည်။
တကယ်တော့သူ့မွေးနေ့တိုင်းမှာအချိန်ပြည်သူ့အနားရှိနေချင်ပါသည်။
ကိုယ့်ဆန္ဒတွေတွေခုချိန်မှာမပြည့်ဝနိုင်သေးမဲ့
အသက်တွေကြီးလို့
အနားယူချိန်မှာတော့ မွေးနေ့တိုင်းမှာ နှစ်ယောက်အတူအချိန်ပြည့်ရှိနေနိုင်ပါလိမ့်မည်။
ထိုနေ့မျိုးမှာတော့
ကိုယ်တို့ဇနီးမောင်နှံက မိဘအဘိုးအဘွားတွေကိုလာတွေ့မည့်
သမီးသားနှင့်မြေးများကို အိမ်ဝမှာစောင့်ကြိုနေပါလိမ့်မည်။
ထိုနေ့များကိုမျှော်လင့်စောင့်စားရင်း
ဒီနေ့ကျရောက်တဲ့သူ့မွေးနေ့ကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းလိုက်ပါဦးမည်။
ခင်ပွန်းသည်ကို ချစ်မြတ်နိုးတဲ့ မရို့စ်ရဲ့စိတ်ထားလေးတွေက စာထဲမှာ သိပ်သိပ်သည်းသည်းပါပဲ။
ReplyDeleteမရို့စ်ရဲ့ ခင်ပွန်းအတွက် ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....
-------------------
ခင်မင်စွာ...
ကိုဏီ
Thanks a lot Nini....
Deleteမမ နော် ချစ်သောသူ ကျန်းမာသည့်ပြင် ချစ်သောမိသားစုနှင့် အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ့
ReplyDeleteမိုး
Thanks a lot Moe...
Deleteချစ်သော မမနော်ရဲ့  ချစ်သူ ကျန်းမာပျော်ရွှင်လို့  မမနော်တို့ မိသားစုအားလုံး အခုလို ပျော်ရွှင်ချမ်းမြေ့ မှုတွေ ထာဝရပိုင်ဆိုင်ပါစေ ဘုရားသခင်ကောင်းချီးပေးပါစေ
ReplyDeleteပိုးပိုး
Thanks a lot Poe Lay...
Deleteမနော်ရဲ့ချစ်ချစ်အတွက် Happy Birthdayပါလို့...
ReplyDeleteချစ်ခင်တွယ်တာဖွယ်ရာ မိသားစုဝင်တွေရဲ့ အချင်းချင်း အပြန်အလှန် တန်ဘိုးထားတဲ့ မေတ္တာဖြူဖြူလေးတွေက အင်မတန်မှချစ်စရာပါ မနော်ရေ..
Thanks a lot Mya Thwe...
Deletehappy birthday to yr dear husband
ReplyDeleteThank you so much...
Deleteအာဘွားကြီးကြီးရောပေးလိုက်ရဲ့လား ကိုကိုအန်ထော်နီလေးကို :D စတာနော်.... Happy Birthday Antony
ReplyDeleteပြောပြဘူး :D
DeleteMany happy returns of the day & may God Bless Ma Naw's beloved !
ReplyDeletebest wishes,
T Tint
Thanks T Tint!
Deleteချစ်စရာကောင်းလိုက်တာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ
ReplyDeleteဖတ်ပြီး ပီတိဖြစ်ရတယ်
Happy Birthday ပါ လို့
ReplyDeleteပြောပေးနော် မကြီးရိုစ့် 
အစ်မလို ကံကောင်းချင်တယ်။း) တောင်းတဲ့ဆုနဲ့ ပြည့်ဝပါစေနော်။
ReplyDelete