အချစ်ဆိုတာ ကျမယောင်္ကျားပါ ဆိုတာ မနှစ်ကRose of Sharon: အချစ် ပို့စ်မှာ ရေးခဲ့ဘူးပါတယ်...အခု အမမေငြိမ်းရဲ့
နာမည်ကြီးဝထ္တုဖြစ်တဲ့ "အချစ်အကြောင်းပြောရအောင်" ဆိုတဲ့ခေါင်းစဉ်နဲ့ အမသက်ဝေက တဂ်တဲ့အခါ သူ့အကြောင်းဘဲ ရေးရဦးမှာမို့ အကြောင်းအရာမထပ်အောင် တတ်နိုင်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ်
...........................................................................................................................
မွေးစကနေ ဆယ်ကျော်သက်အရွယ် မတိုင်ခင်လေးအထိမှာ အချစ်အကြောင်းပြောရမယ်ဆိုရင်တော့ မိသားစု မောင်နှမ နဲ့ သူငယ်ချင်းတွေကို ချစ်တဲ့ အချစ်တွေပါဘဲ... နွေးထွေးတယ်... အေးချမ်းတယ်... ပူလောင်မှုမရှိ... အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ပေါ့....
၁၂နှစ်သမီးအရွယ်မှာတော့ ၁၁နှစ်သားကပေးတဲ့ ပထမဆုံး ရင်ခုန်စရာ ခရစ္စမတ်ကဒ်လေးရခဲ့တယ်...
ကဒ်လေးရဲ့အတွင်းဘက်စာမျက်နှာမှာ
" တကြိမ်တခါ
မလိမ်ညာဘူး
ရင်မှာအမြဲသတိရတယ်"
လို့ သူ့လက်ရေးနဲ့ရေးထားတယ်.... သိပ်မကြာခင် ကိုယ်တို့နေတဲ့ဝန်ထမ်းအိမ်ယာကနေ သူတို့မိသားစုပြောင်းသွားတော့ ဇာတ်လမ်းက အလိုလိုပြတ်သွားတယ်... လွမ်းရမှန်းတောင် မသိသေးတဲ့အရွယ်မို့ ရင်ခုန်မိတာကလွဲလို့ ဘာမှမခံစားလိုက်ရတော့ ရင်ခုန်ခဲ့တာကိုဘဲ အချစ်လို့ ထင်ခဲ့ဘူးတာ....အဲဒီအချိန်တုန်းက အချစ်ဆိုတာ ရင်ခုန်ခြင်းပေါ့...အဲဒီကဒ်လေးကို နှစ်အတော်ကြာတဲ့ အထိသိမ်းထားခဲ့တယ်... နောက်တော့လဲ ဘယ်ရောက်သွားမှန်းမသိပါဘူး... အဲဒီနောက်ပိုင်းမှာ အချစ်လို့ခေါင်းစဉ်တပ်လို့ရတဲ့ ဇာတ်လမ်းလေးတွေက အတ္တတွေဗရဗွနဲ့....ကိုယ်လိုချင်တဲ့ အချက်တွေရှိနေသူကိုမှ ရွေးချယ်လက်ခံခဲ့မိတာ အခုအချိန်မှာတော့ အချစ်စစ်တွေမဟုတ်ခဲ့ဘူးလို့ ယူဆမိပါတယ်....မိသားစုချင်းရင်းနှီးပြီး အိမ်ကိုလဲလာလည်နေကျ အသားဖြူဖြူ ရွယ်တူကောင်လေးကို ရွေးချယ်ဘို့ဆုံးဖြတ်ပြီး အဖြေပေးဘို့အတွက် အတူတွဲလမ်းလျှောက်ထွက်မိတဲ့နေ့မှာဘဲ ကိုယ်နဲ့အရပ်သိပ်မကွာလို့ ဇာတ်လမ်းဖြတ်ခဲ့တယ်... အရင်တုန်းက သတိမထားမိခဲ့တာ ကိုယ့်အမှားပေမဲ့ ကိုယ်မှန်းထားတဲ့ အချက်တစ်ခုနဲ့ လွဲချော်နေသူကို ဘယ်လိုမှ ဆက်မတွဲချင်တာနဲ့ဘဲ အားနာစွာလမ်းခွဲခဲ့ရတယ်...ကိုယ်မှန်းထားသလို အသားလည်းဖြူ အရပ်လည်းရှည် မိဘလက်ခံနိုင်သူကိုတွေ့လို့ ခေါင်းညိမ့်လက်ခံတဲ့နေ့မှာဘဲ သူက သူ့ကို မောင် လို့ခေါ်ခိုင်းတဲ့ အခါ စိတ်ပျက်သွားရပြန်ရော... ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရွယ်တူကိုဘဲ မောင်လို့ခေါ်ချင်တာ... ကိုယ့်ထက် ၉နှစ်ကျော်လောက် အသက်ပိုကြီးသူကို မောင်လို့ မှမခေါ်ချင်ဘဲ... နောက်တစ်ယောက်ကလည်း ကိုယ်လိုချင်တဲ့ အချက်အတော်များများနဲ့ကိုက်ညီလို့ ချစ်သူအဖြစ်ရွေးချယ်ခဲ့ပြီးခါမှ သူ့အဖေက မိန်းမနှစ်ယောက်ယူထားပြီး တအိမ်ထဲမှာ နှစ်မိသားစုအတူနေကြတယ်လို့ သိရတဲ့အခါ ကိုယ်နောက်ဆုတ်လိုက်ရပြန်တယ်... အဲလိုမိသားစုထဲမဝင်ချင်တဲ့အပြင် မျိုးရိုးဗီဇလိုက်မှာကိုလဲ စိုးရိမ်မိတယ်လေ... နောက်တစ်ယောက်ကတော့ ရည်မွန်တယ် စိတ်ထားကောင်းတယ်... ဘာသာမတူပေမဲ့ အစွဲမကြီးသူမို့ ပြသနာမရှိနိုင်ဘူးထင်ပေမဲ့ အလုပ်အရမ်းလုပ်ပြီး ငွေနောက်လိုက်လွန်းတဲ့အခါ မိသားစုအတွက် အချိန်မပေးနိုင်ရင် ကိုယ်လိုချင်တဲ့ နွေးထွေးတဲ့ မိသားစုဘဝလေး မရနိုင်ဘူးထင်လို့ လမ်းခွဲလိုက်ရပြန်တယ်...ဒီလိုနဲ့ဘဲ ကိုယ့်အတ္တနဲ့ မကိုက်ညီလိုက် ဇာတ်လမ်းဖြတ်လိုက်နဲ့ ပြတ်ခဲ့ရတဲ့ဇာတ်လမ်းတွေ အတော်များခဲ့တယ်....အဲဒီအရွယ်တုန်းက အချစ်အကြောင်းပြောရအောင်ဆိုပြီး စာရေးဖြစ်မယ်ဆိုရင် အတ္တတွေနဲ့ပေကျံနေတဲ့ အချစ်အကြောင်းတွေဘဲ ရေးဖြစ်မှာပါ....
တကယ့်အချစ်စစ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကိုယ်လိုချင်ခဲ့တဲ့ အချက်တွေနဲ့ လုံးဝကို ဆန့်ကျင်နေတော့တာ... ကိုက်ညီတာဆိုလို့ ရုပ်ရည်ချောမောခြင်းတချက်ဘဲရှိတယ်...အရပ်လည်း ကိုယ်လိုချင်သလောက်မရှည်... ဘာသာကလဲတူတယ်ပြောမရတဲ့အပြင် လူမျိုးကလည်းခြားတာမှအဝေးကြီး... ပြီးတော့ အလုပ်ပြုတ်တော့မဲ့ အနာဂတ်မရေရာတဲ့သူ....
သူကကိုယ့်ကိုမြင်မြင်ချင်းချစ်ခဲ့တာဆိုပေမဲ့ ကိုယ့်ဘက်ကတော့ ဖခင်ကိုစိတ်နာ မိခင်မေတ္တာငတ်ရှာသူ စိတ်ဓာတ်တွေကျနေတဲ့သူ့ကို ဘာဆိုဘာမှ မလေ့လာနိုင်ဘဲ အကြင်နာတွေပို သူတောင့်တနေတဲ့ နွေးထွေးတဲ့ မေတ္တာတွေပေးမယ်ဆိုပြီး သူ့ကိုလက်ခံခဲ့တာ..... မိဘအသိုင်းးအဝိုင်းကိုဆန့်ကျင်ကာ သူ့ကိုရွေးချယ်ခဲ့ပြီး ကိုယ့်ထက်၎နှစ်ကြီးတဲ့သူ့ကို နွဲ့ဆိုးဆိုးဖို့လဲ မစဉ်းစားဘဲ သူငတ်မွတ်ခဲ့တဲ့ မိခင်မေတ္တာမျိုးနဲ့ ပေးဆပ်ပြီးချစ်ခဲ့တာ... သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ရပိုင်ခွင့်တွေဟာ ကိုယ်မမျှော်လင့်ခဲ့တဲ့အရာတွေ.... အဲဒီတုန်းကသာ အချစ်အကြောင်းပြောခွင့်ရခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းဖြင့်ရယူခြင်းပေါ့....
ခုတော့ အချိန်တွေကြာလာတဲ့အခါ ကိုယ့်အတွက် အချစ်ဆိုတာ အိမ်ထောင်တခုထူထောင်ဘို့ လိုအပ်တဲ့ ပျိုးပင်ပေါက်လေးပါ.... ချစ်ခြင်းနဲ့ အစပျိုးခဲ့တဲ့အိမ်ထောင်ရေးမှာ အတ္တတွေကိုခဝါချပြီး နားလည်ခြင်း ခွင့်လွှတ်သည်းခံခြင်းတွေနဲ့ ရေလောင်းပေါင်းသင်လိုက်တဲ့အခါ အချစ်ဆိုတဲ့ ပျိုးပင်လေးဟာ နွေးထွေးခြင်း ငြိမ်းချမ်းခြင်း ကြည်နူးခြင်း အညွန့်အခက်တွေ ဝေဝေဆာဆာနဲ့ စိမ်းလမ်းစိုပြေလာတော့တာ....
သူများရေးတာလေးတွေဖတ်ရတာကောင်းထှာ .. ကိုယ့်ကျဘယ်ကစရေးရမှန်းကို မသိ ခွိ။
ReplyDeleteအချစ်အကြောင်းလေး လာဖတ်သွားတယ်
ReplyDeleteအချစ်အကြောင်းတစွန်းတစ လာရောက်လေ့လာသွားပါသည်...။
ReplyDeleteမသက်ဝေရဲ့ တဂ်ကိုရေးဖို့ကြိုးစားနေတုန်း...း)
ခင်တဲ့
မိုးငွေ့
မချစ်တဲ့ အခါ ကိုယ့်ရဲ့ လိုအပ်ချက်များစွာကို ရှေ့တန်းတင်မိပေမဲ့
ReplyDeleteတကယ်ချစ်တဲ့အခါကျတော့ သူ့လိုအပ်ချက်လေးတွေကိုသာ စဉ်းစားပေးမိတော့တာပဲနော်...
သိပ်လှတဲ့ အချစ်အကြောင်းဘဲ... ဒီလိုချစ်ခြင်းကို ပိုင်ဆိုင်ရသူမို့ သာယာ ချမ်းမြေ့တဲ့ အိမ်ထောင်ဖြစ်မှာ သေချာပါတယ်.
အစ်မရှာရွန်ရဲ့ အချစ် အကြောင်းလေး လာရောက် ဖတ်ရှုတယ်း) ကြည်နူးမိတယ်။
ReplyDeleteအြစ်မတို့ အချစ်သစ်ပင်လေး သက်ဆုံးတိုင် စိမ်းလန်းစိုပြေ ဝေဆာနိုင်ပါစေ..
ReplyDeleteအားကျလျက်
မုန်းရင်အပြစ်၊ ချစ်ရင်အကျိုး ဆိုတာလေး သတိရသွားတယ်၊ ဦးနှောက်က ဘယ်လိုပဲ သတ်မှတ်ထားထား၊ နှလုံးသားက တကယ် စကားပြောလာရင် တော့ ချစ်ခြင်းနဲ့အတူ လှသွားပြန်ရော၊ အချစ်သစ်ပင်ကလေး စိမ်းစို၊ လန်းဆန်းပါစေ..။
ReplyDeleteအချစ်အကြောင်းပြောနေတာမို့..
ReplyDeleteလာနားထောင်တယ်..။
ပေါက်
ညီမပြောပြတဲ့ အချစ်အကြောင်းလေးက ဟန်ဆောင်မှုတွေ ကင်းစင်ပြီး ရိုးသား လှပလိုက်တာ... အမဖြင့် သဘောကျလို့ နှစ်ခါမိတယ်...
ReplyDeleteဖြူစင်တဲ့ ချစ်ခြင်းနဲ့အတူ အကြင်နာရော စေတနာပါ ပါဝင်တဲ့ ပေးဆပ်မှုတွေကြောင့် ညီမရဲ့ ဘဝလေးက တသက်လုံး အေးမြ လှပနေတော့မှာ...
ဒီပိုစ့်လေးအတွက် ညီမကို ပိုလို့ ချစ်ခင် ကျေးဇူးတင်စွာ..း))
ညီမပြောပြတဲ့ အချစ်အကြောင်းလေးက ဟန်ဆောင်မှုတွေ ကင်းစင်ပြီး ရိုးသား လှပလိုက်တာ... အမဖြင့် သဘောကျလို့ နှစ်ခါပြန်ဖတ်မိတယ်...
ReplyDeleteဖြူစင်တဲ့ ချစ်ခြင်းနဲ့အတူ အကြင်နာရော စေတနာပါ ပါဝင်တဲ့ ပေးဆပ်မှုတွေကြောင့် ညီမရဲ့ ဘဝလေးက တသက်လုံး အေးမြ လှပနေတော့မှာ...
ဒီပိုစ့်လေးအတွက် ညီမကို ပိုလို့ ချစ်ခင် ကျေးဇူးတင်စွာ..း))
(စာလုံးကျန်နေခဲ့လို့ အပေါ်က ကော်မန့်ကို ဖျက်ပေးပါ ညီမရေ...)
အားကျသွားပါကြောင်းးး ဟောင်းးးဟောင်းးး
ReplyDeleteအချစ်အကြောင်းလေး လာဖတ်သွားတယ်
ReplyDeleteဖြူစင်တဲ့ ချစ်ခြင်းနဲ့အတူ သာယာပျော်ရွှင်ပါစေအမရေ
ကိုယ်က ချစ်မှ အချစ်အကြောင်းကိုး...
ReplyDeleteချစ်မိပြီဆိုတော့ စံချိန် စံညွှန်းတွေလဲ ကြည့်မနေတော့ပါဘူး..
ရိုစ့်လည်း အရင် အချစ်တွေကို ကျော်လွှားပြီးမှ ဖူးစာရှင် အချစ်နဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ခဲ့တာကိုး...။ ဟုတ်တယ် ကိုယ် ချစ်တဲ့သူနဲ့ တွေ့တဲ့အခါများ.....စံချိန် စံညွှန်းတွေ မြောင်းထဲ ရောက်ကုန်တာ..:)
ReplyDeleteမရေ..အချစ်တွေ မနည်းပါလား..
ReplyDeleteနောက်ဆုံးတော့ ကိုယ့်မိသားစုတာ အချစ်စစ်ပဲပေါ့နော်..။
စစ်မှန်တဲ့ ချစ်ခြင်းတွေ ၀င်ရောက်လာရင် ဘယ်လိုအခြေကမှ မတားစီနိုင်ဘူးပေါ့ နော့် အစ်မ အေးချမ်းလိုက်တာ အချစ်စစ်က စိမ့်စမ်းရေလို အေးမြမှာပါ ယုံကြည်တယ် ။
ReplyDeleteဒီမှာလဲ လာရောက် အားပေးသွားပါတယ် သူငယ်ချင်းရေ.... ပြည့်စုံတဲ့ မိသားစုလေးမှာ အေးချမ်းပျော်ရွှင်မှုလေးတွေ အပြည့်နဲ့ နားလည်မှု အပြန်အလှန်လေးစားမှုတွေနဲ့ ဆုတောင်းကောင်းခဲ့သူ ချစ်သူငယ်ချင်းလေးပေါ့နော်...
ReplyDeleteမရိုစ့်အချစ်အကြောင်းဖတ်ရတာလက်တွေ့ကျကျနဲ့ ကြည်နူးစရာလေး .. ရသနှစ်မျိုးရတယ်
ReplyDeleteပေးဆပ်မှုနဲ့ ချစ်ခဲ့တဲ့အချစ်လေးအရွေးမှန်းသွားတာပေါ့
မရိုစ့်တို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ကြပါစေ
အချစ်အကြောင်းလေး လာနားထောင်သွားတယ် သူငယ်ချင်းရေ...
ReplyDeleteအချစ်အကြောင်းလေ့လာသွားပါတယ်။
ReplyDeleteသတိထားမိတယ်..ရို့စ် အချစ်အကြောင်း ပြောတဲ့အခါတိုင်း ရိုးရိုးရှင်းရှင်းပဲ..မိုက်တယ်...ကြိုက်တယ်
ReplyDeleteအစကို ဖတ်မိတာနဲ့ ဆုံးအောင် ဖတ်ချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့
ReplyDeleteအချစ်အကြောင်း Post လေးပါ ..
စိတ်ဝင်တစား လာရောက်ဖတ်သွားပါတယ်