နှုတ်မဆက်ဘဲ
ရုတ်တရက်ထွက်ခွါသွားတဲ့ဖေဖေ
ကောင်းကင်ဘုံမှာ
ငြိမ်းချမ်းစွာနဲ့
သမီးအလာကို
စောင့်ကြိုနေပါဖေဖေ...
အရမ်းဝမ်းနည်းစိတ်မကောင်းဖြစ်နေပါတယ်.... ဒီနေ့ဖေဖေ့ရဲ့မွေးနေ့.... ဖေဖေ့ဆီကိုတယ်လီဖုန်းနဲ့ မွေးနေ့နှုတ်ခွန်းဆက်နေကျ.... မနေ့ကရန်ကုန်ကဖုန်းလာတယ်....ဖေဖေနေမကောင်းလို့ဆေးရုံတင်လိုက်ရတယ်တဲ့... အမတွေနဲ့ဘဲဖုန်းပြောဖြစ်ပြီး မနက်ဖြန်မွေးနေ့နှုတ်ခွန်းဆက်ရင်း ဖေဖေ့ကိုအားပေးစကားတွေပြောမယ်လို့ရည်ရွယ်ထားတာ...ဖေ့ဖေ့ကိုသတိတွေရပြီးအိပ်လို့လဲမရဖြစ်နေတုန်း ဖုန်းသံမြည်လို့ ထူးလိုက်တော့ ဖေဖေဆုံးသွားပြီတဲ့.... မြန်လိုက်တာ.. ကောင်းကင်ဘုံမှာတနေ့ပြန်ဆုံရမယ်ဆိုတာ သိပေမဲ့ ဖေဖေနေမကောင်းတဲ့အချိန် အနားမှာမပြုစုလိုက်ရတာ ယူကြုံးမရ ဖြစ်မိတယ်...
အို..ဖြစ်ရလေ အစ်မရယ်။
ReplyDeleteအဝေးရောက်နေတဲ့သူတွေချင်း ကိုယ်ချင်းစာပါတယ်။
Dear Rose...
ReplyDeleteSorry to hear that....
......I really dont know how to comfort you....
I did feel the same when I lost my father....
အမရေ တကယ်ကိုကိုယ်ချင်းစာပါတယ်။ ညီမလည်း အဝေးရောက်နေတုန်း ဖေဖေ အသည်းအသန်ဖြစ်တာနဲ့ ကြုံဖူးတယ်လေ။ ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းပေးပါမယ် မမ။
ReplyDeleteစိတ်မကောင်းပါဘူး မမရယ်..
ReplyDeleteထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ် မမရယ်..
တကယ် စိတ်မကောင်းဘူးအစ်မရေ..။
ReplyDeleteတကယ်ထပ်တူ ၀မ်းနည်းမိတယ်..။
ကျွန်တော့်အဖေလည်း ဒီနေ့ဆို ဆုံးတာ ၇ နှစ်ပြည့်တယ်...။
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု ကို ကိုယ်ချင်းစာပါတယ်။ တကယ်စိတ်မကောင်း ဖြစ်ရပါတယ် အစ်မ။
ReplyDeleteအရမ်းကို စိတ်မကောင်းဖြစ်ရပါတယ် ရိုစ့် ..
ReplyDeleteစူးနွယ်
ညီမရေ...
ReplyDeleteထပ်တူ ဝမ်းနည်းမိပါတယ်
မိဘတွေနဲ့ အဝေးမှာ နေရတဲ့ ဘဝတူတွေမို့ ဒီလို သောကတွေကိုလဲ အတူတူ မျှဝေခံစားနိုင်ပါတယ်...
ညီမ ဖေဖေ ကောင်းရာ မွန်ရာကို ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်...
ရို့စ်ရေ
ReplyDeleteရုတ်တရက် ဆိုတော့ ညီမရေ ကျန်ခဲ့တဲ့သူတွေ အရမ်းဝမ်းနည်းရပေမယ့် ရို့စ်ဖေဖေကတော့ ဝေဒနာကို ကြာကြာ မခံစားလိုက်ရဘူး ထင်တယ်နော်။
ညီမ ဖေဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ။
ကိုယ့်ကို ကိုယ်လည်း ဂရုစိုက်ပါ ညီမ။
မအယ်
မရို့ စ် နဲ့ ထပ်တူ ဝမ်းနည်း စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ် ။
ReplyDeleteအဝေးရောက်နေလို့  မပြုစု လိုက်ရပဲ ခုလို ရုတ်တရက် ခွဲခွာသွားတဲ့  တို့  အဖေ အဖြစ်မျိုး နဲ့ တူနေလို့  ၊ မရို့ စ် ခံစားနေရတဲ့ ဝမ်းနည်းမှုမျိုးကို ကိုယ်ချင်းစာ နားလည် မိပါတယ် ။
မရို့ စ် ရဲ့ ဖေဖေ ကောင်းရာဘုံဘဝ မှာ အေးချမ်းစွာ ရှိနေပါစေ ......
အရမ်းစိတ်မကောင်းဖြစ်မိပါတယ် မရိုစ်ရယ်..
ReplyDeleteကိုယ်ချင်းလည်း စာပါတယ်..
ဘ၀တူပါ မရယ်...
ဟိုဘက်ကမ်းမှာ ပြန်ဆုံကြမှာပါ မရယ်..
မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်..မရို့စ်ရေ...
ReplyDeleteအရမ်းကို စိတ်မကောင်းဖြစ်နေမယ်ဆိုတာ နားလည်ပါတယ်...
မရို့စ်ရဲ့ဖေဖေ ကောင်းရာဘုံရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။
မရို့စ် .. ထပ်တူခံစားရပါသည်။ ပြန်ဆုံကြမဲ့ ခရီး အစ ပါ..
ReplyDeleteRose ရေ ထပ်တူထပ်မျှ ခံစားရပါတယ်။ Rose အဖေ ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူနိုင်ပါစေ။
ReplyDelete၀မ်းနည်းရပါတယ်အမရယ်။
ReplyDeleteအမအရင်လက ပြန်လိုက်တာမှန်သွားတာပေါ့အဖေနဲ့ တွေ့လိုက်ရတယ်မဟုတ်လာ ?
sy phoo
so so sad to hear like this...
ReplyDeleteငိုချင်ရက်လက်တို့ .. ငိုသွားတယ် ..စိတ်မကောင်းဘူးလို့ မပြောတော့ဘူး ငိုနေတာ သက်သေပဲး(
ReplyDeleteVery sad to hear that. :(
ReplyDeletesdl
အမရေ မိဘဆိုတာ အစားပြန်ရရိုး ထုံးစံမရှိလို့ 
ReplyDeleteထပ်တူ ထပ်မျှ ၀မ်းနည်းရပါတယ်ဗျာ . . .
ကိုလူထွေးဘလော့ကနေသိလို့ လာအားပေးတာပါ။ တခါမှ မရောက်ဘူးဘူး။ အဝေးမှာရောက်နေတဲ့အချိန်မှာ ကိုယ်မဖြစ်စေချင်ဆုံးကလည်း အဲဒါပဲဆိုတော့ အရမ်းကိုကိုယ်ချင်းစာမိပါတယ်။ အမအဖေကောင်းကင်ဘုံမှာ အေးချမ်းနေမှာပါ။
ReplyDeleteမနက်ကဖေ့ဘွတ်မှာသိသိချင်းထဲမှာ ငိုနေမိတယ်
ReplyDeleteအပြင်မှာမမြင်ဖူးပေမဲ့အမရင်းတစ်ယောက်လိုခင်မင်နေမိတဲ့ မမနဲ့ထပ်တူခံစားရပါတယ်..။
ကျမ်းမာရေးဂရုစိုက်နော်
မရိုစ့်ရေ......
ReplyDeleteစာလေးထဲမှာ ၀မ်းနည်းတဲ့အရိပ်အငွေ့တွေ ပြည့်ကျပ်နေတာ.......ခံစားမိတယ်ဗျာ.....။
စိတ်လည်း.....မကောင်းဖြစ်ရမိတယ်......။
သက်ပြင်းလည်း.....အခါခါချမိပါရဲ့.....။
ဘာဆက်ရေးရမှန်းတောင် မသိတော့ဘူးဗျာ.......။
ကျန်းမာရေးကိုဂရုစိုက်ပါဦးမရိုစ့်ရယ်........ တစ်ကယ်ပဲစိတ်မကောင်းဖြစ်မိရတယ်ဗျာ.......။
ခင်မင်တဲ့
ဏီလင်းညို
ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါသည်၊
ReplyDeleteမရို့စ် ဖေဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ။
ထပ်တူခံစားရပါသည်၊ အဝေးရောက် သားသမီးတွေ ဘဝ။
Rose နဲ့ ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။
ReplyDeleteကြားရတာ စိတ်မကောင်းဘူး မရို့စ်ရယ်
ReplyDeleteမရို့စ်အဖေ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းမှာပါ
ဖြစ်ရလေ မမရယ်။
ReplyDeleteရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။
ကောင်းရာသုဂတိ လားပါစေနော်။
း(
မရေ......
ReplyDeleteထပ်တူထပ်မျှခံစားရပါတယ်
မမရဲ့ဖေဖေ ကောင်းရာသုဂတိလားပါစေနော်
ချစ်တဲ့
ရုံလေး
ကိုယ်ချင်းစာစိတ်နဲ့ ထပ်တူခံစားကြေကွဲမိပါတယ်.. ကျွန်မဖေဖေတုန်းကလဲ အဲလိုပဲလေ.. ရုတ်တရက်ကြီး..
ReplyDeleteစိတ်မကောင်းဖြစ်ရပါတယ် အမ
ReplyDeleteသိရတာ စိတ်မကောင်းဘူး မမရယ်။
ReplyDeleteစိတ်မကောင်းဖြစ်ရပါတယ် မရို့စ်
ReplyDeleteမမရေ
ReplyDeleteကြားရတာနဲ့တင် ကြေကွဲရပါတယ်... ကိုယ်ချင်းစာမိပါတယ်.....
မမရို့စ်အဖေ ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်မမ...
စိတ်မကောင်းဘူး ရိုစ်ရယ်...
ReplyDeleteရိုစ်နဲ့ထပ်တူ ကြေကွဲရပါတယ်။
ထပ်တူ ထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်
ReplyDeleteဘာမှ မပြောချင်တော့ ပါဘူး အမရယ်...
ReplyDeleteစိတ်မကောင်းပါ။
ReplyDelete