Thursday, December 3, 2009

ဗီယက်နမ်မှာ(၆)


(ဟိုချီမင်းမြို့လမ်းမတစ်နေရာ........ ဟိုချီမင်းမှာ ကားလမ်းတွေက အဲလိုပိတ်ပါတယ်)

ဆရာဝန်ဆီကနေဒီလိုကြားလိုက်ရတော့ ခဏတော့မှင်သက်မိသွားတယ်…. အဓိကကတော့ လေထုညစ်ညမ်းမှုပေါ့… ကျမသူငယ်ချင်းတစ်ယောက်ရဲ့သားလေးလဲ အဲလိုဖြစ်သေးတယ်… ဒါနဲ့သိပ်မကြာခင် ဟိုချီမင်းမြို့ထဲကနေ မြို့စွန်ဘက်ကိုပြောင်းနေလိုက်တော့ ခလေးက သက်သာသွားတယ်ပြောပါတယ်… ကျမအနေနဲ့ကတော့ လက်ရှိနေတဲ့နေရာက ခင်ပွန်းအလုပ်လုပ်ရာနေရာဆိုတော့ သူများလို အိမ်ပြောင်းနေလို့လဲမဖြစ်ပါဘူး… ရန်ကုန်ပြန်နေရင်ကောာင်းမလား စိတ်ကူးမိပေမဲ့ ခလေးတွေကိုလဲ ဖခင်နဲ့ ခွဲမနေစေချင်ပါဘူး…. ကျမရဲ့ခလေးတွေကို မိခင်မေတ္တာရော ဖခင်မေတ္တာပါ နီးကပ်စွာ နွေးထွေးစွာရရှိစေချင်ပါတယ်…. ဒီတော့ ကာကွယ်ဘို့ဘဲပြင်ဆင်ကြပါတယ်…. လိုအပ်တာတွေမှန်သမျှအိမ်မှာ အဆင်သင့်ရှိနေဖို့ဆောင်ထားတယ်… အရေးပေါ်ကာကွယ်နည်းကို သိသွားပြီဖြစ်တဲ့အပြင် ကာကွယ်စရာပစ္စည်းတွေလဲ ရှိနေပြီမို့ နောက်တခေါက်ဒီလိုမဖြစ်တော့မှာလဲ သေချာသလောက်ရှိနေပြီ… ဆရာဝန်ကလဲ ဖုန်းဆက်ခေါ်တိုင်းလာပါတယ်… ကျမတို့ သိပ်စိုးရိမ်တတ်မှန်းသိတော့ ဘယ်တော့ခေါ်ခေါ်အမြဲအရောက်လာတဲ့အပြင် ချက်ချင်းမလာနိုင်တဲ့ အခါ ဖုန်းထဲကနေလှမ်းမေးပြီး ခလေးကို ဘာဆေးဘယ်လောက်တိုက်ထား… ဘယ်လိုလုပ်ထားဆိုတာမျိုးတွေ ပြောပြပေးပါတယ်…. အဲဒီဆရာဝန်မဟာ ကျမတို့မိသားစုအတွက်တော့ ဘုရားသခင်လွှတ်လိုက်တဲ့ ကောင်းကင်တမန်ပါဘဲ…. အခုနောက်ပိုင်း သားလေးလဲ တော်တော်ကျန်းမာနေပါပြီ်…. အခုတော့လည်ဲး ဗီယက်နမ်မှာနေရတာ တော်တော်နေသားကျနေပါပြီ…. ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုတဲ့ စကားဟာ ကျမအတွက် တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်…. တော်ရာမှာနေရင်း ပျော်အောင်ကြိုးစားရတာလည်း ရင့်ကျက်မှုတွေတိုးပွားစေပါတယ်…. အဆင်မပြေတာတွေ ကြုံလာရတဲ့အခါတိုင်း တခါတလေလဲ ဖြစ်တတ်ပါတယ်လေ လို့ လျှော့တွေးလိုက်တာပါဘဲ…. ရိုင်းပျစွာဆက်ဆံခံရတဲ့ အခါလဲ သူတို့ အတွက်ဒါဟာရိုင်းတယ်လို့ မထင်တဲ့ အပြုအမူဖြစ်နေမှာပါလေလို့ ဖော့တွေးပေးလိုက်တယ်…. ရောက်တဲ့ အရပ်မှာ ပျော်အောင်နေတတ်ဘို့ ဘဝတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်ပြီ……..
အခုတော့ ကျမတို့ မိသားစုတွေ ဗီယက်နမ်မှာနေရတာ ပျော်နေပါပြီ…….. ဆက်နေရမဲ့ နောက်ပိုင်းကာလများမှာလည်း ပျော်နေမှာသေချာတဲ့ ယုံကြည်ချက်တွေနဲ့ ဗီယက်နမ်မှာကြုံခဲ့ရတဲ့ ကျမရဲ့ အတွေ့အကြုံတွေ အကြောင်း “ဗီယက်နမ်မှာ” ကို နိဂုဏ်းချုပ်လိုက်ပါတယ်…. ဗီယက်နမ်မှာနေနေရဆဲမို့ နောက်ပိုင်းတွေမှာ အကြောင်းအရာအလိုက်ဘဲ ခေါင်းစဉ်တပ်ပြီးရေးသွားပါမယ်…. ကျမရဲ့ “ဗီယက်နမ်မှာ” ကို အပိုင်း၁ကနေ နောက်ဆုံး အပိုင်း၆ အထိ အမြဲ လာရောက် ဖတ်ရှုကြတဲ့ ဘလော့ဂါမောင်နှမများ ဘလော့လည်သူမောင်နှမများ အားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်… အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်……..

13 comments:

  1. ပြီးသွားပြီလား..ဖတ်လို့ကောင်းတုန်းရှိသေးတယ်
    ဘ၀အတွေ့အကြုံလေးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်

    ReplyDelete
  2. အရင် ပို့စ်တွေ တင်တုန်းက စာမေးပွဲကာလမို့ တချို့ကိုပဲ ဖတ်ဖြစ်ပြီး အခုမှ ပြန်လာဖတ်တော့ အဆုံးမရှိ အစမရှိဖြစ်နေတယ်။ မိသားစု တခုလုံး ကျန်းမာ၇ွှင်လန်း ချမ်းမြေ့ကြပါစေ။

    ReplyDelete
  3.း) အဆင်ပြေတာပဲကြားချင်မြင်ချင်ပါတယ်။ ဒါပဲလေ ဘ၀ဆိုတာ။

    ReplyDelete
  4. အပိုင်း ၁ ကနေ ၆ ထိ သေချာဖတ်ဖြစ်ပါတယ် ။
    နောက်ပိုင်းအတွေ့အကြုံတွေလည်းအားရင်ရေးပါအုံးနော် ။

    ReplyDelete
  5. ဗီယက်နမ် မှာကားလမ်းတွေ ပိတ်တာက အတော်ဆိုးသားနော်။ ၁ ကနေ ၆ အထိဖတ်ပြီးသွားပြီ။ အတွေ့အကြုံလေးတွေကဖတ်လို့ကောင်းတယ်။

    ReplyDelete
  6. ဘဝ ဆိုတာ ဒီလိုပါပဲ ..မရှလွတ် ရေ....
    တော်ရာနေရာ မှာ ပျော်အောင်နေတတ်ဖို့ ပဲ အရေးကြီးတယ် မဟုတ်လား လို့  ။
    မိသားစု စုံစုံလင်လင် နေရတာ နဲ့ တင် ပြည့်စုံ နေလောက်ပါပြီနော် ။

    (ဟိုချီမင်း က ကားတွေ လူတွေ ပိတ်တာကြီးကလည်း အတော် ကြောက်စရာ ကောင်းတာပဲ .. ဒီက ကားတွေ ပိတ်လှပြီမှတ်တာ ..
    ဒီမှာတော့ လူတွေ က ကားလမ်းမ ပေါ်မှာ ဒီလို ဒင်းကြမ်း ဖြစ်မနေသေးဘုး ။ ဟီးဟီး )

    ReplyDelete
  7. မိမိရဲ့ မိသားစုအနားမှာရှိရင် အားရှိတာပါပဲ။

    ReplyDelete
  8. ဟုတ်ပါ့ ဖတ်လို့ကောင်းတုန်းပြီးသွားပြီတဲ့။ နောက်ထပ်လည်း စောင့်မျှော်နေပါတယ်

    ReplyDelete
  9. ကိုယ့်စိတ်ကိုကိုယ် ဖြေလျော့ပီး တွေးတတ်တဲ့ မမရဲ့ အတွေးတွေကို မျှယူသွားပါတယ်
    မမတို့ မိသားစုတွေ အကုန်လုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေနော်
ံပျော်ရွှင်စရာကောင်းတဲ့ ဒီဇင်ဘာလလေး ဖြစ်ပါစေ

    ReplyDelete
  10. စူးနွယ်၊Amayarko၊ရေတမာ.... နောက်ပိုင်းမှာဗီယက်နမ်အကြောင်းကို အကြောင်းအရာအလိုက် ခေါင်းစဉ်ခွဲပြီးရေးသွားမှာပါ
    Ngenaing,Craton,Evy,Kiki,Shinlay,အနော်လေး..... ကျေးဇူးပါနော်

    ReplyDelete
  11. မရို့စ်ရေ...
    ဒီနေရာလေးကို..ရောက်တိုင်း... အစ်မရဲ့ သမီးလေးနဲ့ သားသားကို ခဏတော့ သေချာကြည့်မိတာ အမြဲပါပဲဗျာ...။
    ချစ်စရာလေးတွေမို့လေ...။
    နောက်လည်း... ဗီယက်နမ်အတွေ့အကြုံလေးတွေ ကြုံသလိုရေးပါဦးနော်ဗျ...။
    မိသားစုအားလုံး..စိတ်ချမ်းသာ... ကိုယ်ကျန်းမာပါစေနော့ဗျ...။
    (ကားပိတ်တာကတော့ ကြောက်စ်စရာဂျီးးးးး...)

    ခင်မင်လျှက်...

    ဏီလင်းညို

    ReplyDelete
  12. ချစ်သောရိုစ်ရေ..
    နည်းနည်းအရောက်နောက်ကျသွားတယ်ကွာ။ ခွင့်လွှတ်နော်:P
    “ကျမရဲ့ခလေးတွေကို မိခင်မေတ္တာရော ဖခင်မေတ္တာပါ နီးကပ်စွာ နွေးထွေးစွာရရှိစေချင်ပါတယ်…. ”
    အဲဒီအယူအဆကို လှိုက်လှိုက်လှဲလှဲ လက်ခံမိတယ်။ ကလေးတွေအတွက် မိဘနားမှာနေခွင့်ရတာဟာ အကောင်းဆုံးပြုစုခံရခြင်းတမျိုးလို့ တို့လည်း ယုံကြည်တယ်။ ရိုစ်ကိုတော့ တကယ်ပဲ အားကျပါတယ်။ ဒီဇင်ဘာပြန်ဖြစ်ရင် ပျော်စရာတွေအများကြီး သယ်လာခဲ့နော်

    ReplyDelete
  13. အပိုင်း ၆ ထိဖတ်ခဲံ့ ပြီ...အတွေ့ အကြုံမို့ တကယ် ဖတ်လို့ ကောင်းတယ်...ကျမတို့ ဘော့စ် လည်းပြီးခဲ့တဲ့လ ကဗီယက်နမ် သွားတော့ ကားလမ်းတွေ ပိတ်တဲ့အကြောင်း ပြောပြတယ်....ကော်ဖီမှုန့်  တစ်ထုပ်လက်ဆောင်လာပေး
    လို့ ခုထိသောက်နေတုန်းပဲ..မရိုစ့် ကိုတောင်သတိယနေမိသေးတာ.....
    ခလေးတွေပုံ အမြဲ ကြည့်မ၀ဘူး..တကယ်ပါ....Christmas လမှာ မိသားစုတွေ အားလုံး ပျော်ရွှင်ပါစေ..

    ဆိုင်း

    ReplyDelete