လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက် မိသားစုနေ့လည်စာထွက်စားကြတဲ့တစ်ရက်မှာ ဘာအဆက်အစပ်မှမရှိ ဆိုင်းမဆင့်ဘုံမဆင့်နဲ့ သမီးလေးက သူ့အဖေကို ဗီယက်နမ်မှာမနေချင်တော့ဘဲ မြန်မာပြည်မှာပြန်နေချင်ကြောင်း ရုတ်တရက်ကြီးတောင်းဆိုလိုက်တယ်... အဖေလုပ်သူက အံ့သြသင့်ပြီး ဘာလို့လဲလို့မေးတော့ မြန်မာပြည်မှာနေရတဲ့ဘဝအတွေ့အကြုံကိုလိုချင်လို့ လို့ပြန်ဖြေတယ်... သူက နောက်ဆိုမိသားစုနဲ့ခွဲပြီး တက္ကသိုလ်ပညာရပ်ကို တနယ်တကျေးမှာသင်ကြားရမှာ... ပညာစုံလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါ ဒီအခွင့်အရေးရနိုင်ပေမဲ့ ကြီးလာလို့အမှတ်တရအကြောင်းလေးတွေပြန်တွေးရင် သူ့ရဲ့အတိတ်မှာ မြန်မာပြည်နဲ့ပတ်သတ်တာတွေ ရှိနေချင်တယ်တဲ့လေ.... အဲဒီအချိန်မှာ ၁၂နှစ်ဘဲရှိသေးတဲ့ ခလေးတစ်ယောက်ရဲ့ လေးနက်တဲ့စကားကို ကျမတို့ဇနီးမောင်နှံနှစ်ယောက် မသိချင်ယောင်ဆောင်နေလို့မရတော့ပါဘူး... ဟိုးအရင်ထဲက တစ်နေ့မှာ မြန်မာပြည်မှာသာပြန်လည်အခြေချနေထိုင်ဘို့စဉ်းစားထားပြီးသားမို့ သိပ်ပြင်ဆင်စရာမလိုပေမဲ့ ဗီယက်နမ်ကလုပ်လက်စလုပ်ငန်းတွေအတွက်တော့ အတော်လေး အချိန်ယူပြင်ဆင်ရပါတယ်... နောက်ဆုံးမှာ ခလေးတွေကိုမြန်မာပြည်ပြန်ထားပြီး အလုပ်ကိစ္စနဲ့ဗီယက်နမ်ကို ၂လ၃လတခါလောက် ပြန်လာကြဘို့ ဆုံးဖြတ်လိုက်ပါတယ်...
ဆုံးဖြတ်ချက်ချပြီးတဲ့အခါ နေဘို့က အဆင်သင့်ရှိပေမဲ့ အဓိက ခေါင်းစားရတာက ခလေးတွေရဲ့ပညာရေးပါ... ဗီယက်နမ်မှာ International School တက်လက်စမို့ ရန်ကုန်က ကျောင်းတွေစုံစမ်းတဲ့အခါထင်သလောက်မလွယ်ပါဘူး... လမ်းတွေသိပ်မပိတ်တဲ့ ... အိမ်နဲ့ကျောင်းသိပ်မဝေးလွန်းတဲ့ကျောင်းတွေရှာရတဲ့အပြင် တက်လက်စကျောင်းနဲ့ ပညာရေးအဆင့်အတန်းသိပ်မကွာတဲ့ကျောင်းကိုရှာရပါတယ်.... တကယ်တော့ ရန်ကုန်ကကျောင်းတွေဟာ လက်ရှိဒီမှာတက်လက်စကျောင်းရဲ့အဆင့်ကိုမှီတာကျောင်းလခတစ်ခုထဲပါ.... တက်လက်စကျောင်းနီးနီးအဆင့်မှီတဲ့ အဆောက်အဦနဲ့ Facilitiesတွေ၇ှိတဲ့ကျောင်းရဲ့ကျောင်းလခက ကျမတို့ရေရှည်မတတ်နိုင်တဲ့နှူန်းထားတွေမို့ ထည့်တောင်မစဉ်းစားရဲ... နောက်ဆုံးတော့ ပညာရေးအဆင့်မှီပြီး အပြင်ပန်းလက္ခဏာလဲ တစ်ခြားကျောင်းတွေလောက်သိပ်မဆိုးလှတဲ့ ကျောင်းလေးတစ်ကျောင်းကို တမိသားစုလုံး သဘောတူရွေးချယ်ခဲ့ပါတယ်...
ကိုယ့်ဘက်ကရွေးချယ်တိုင်းလဲ သူတို့ကတန်းလက်မခံပါဘူး... လျှောက်လွှာအရင်တင်ထားရသေးတာ.... အဲဒီလျှောက်လွှာတွေထဲကမှ သူတို့ကရွေးပြီး ဝင်ခွင့်စာမေးပွဲလာဖြေခိုင်း.... အဲဒီကမှ အရည်အချင်းအရှိဆုံးခလေးတွေကို စိစစ်ရွေးချယ်ပြီးမှ သူတို့ကျောင်းကိုတက်ခွင့်ရမှာပါ....
ပထမဆုံးဝင်ခွင့်ဖြေဘို့ အီးမေးလ်ပို့တဲ့အခါ သားလေးကိုဘဲခေါ်တာမို့ ကမန်းကတန်းလေယာဉ်လက်မှတ်ဝယ်ပြီး ရန်ကုန်ပြန်ပြေးရပါတယ်... သမီးလေးကိုပါတခါတည်းခေါ်သွားလိုက်တယ်... ဝင်ခွင့်ဖြေဘို့ခေါ်တဲ့အခါအဆင်သင့်ဖြစ်နေအောင်ပါ... သားလေးဝင်ခွင့်ဖြေတာ တစ်နာရီခွဲလောက်ကြာပါတယ်...နှူတ်ဖြေ ရေးဖြေ သေသေချာချာကို စာမေးပွဲဖြေသလိုစစ်တာပါ...နောက်တစ်ပတ်မှာတော့ သားလေးဝင်ခွင့်အောင်တဲ့အကြောင်း.. ကျောင်းအပ်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားပါတယ်... ဒါပေမဲ့ သမီးလေးပါအတူတက်ခွင့်ရမှကျောင်းအပ်မှာဖြစ်တဲ့အကြောင်းပြောထားပြီးသားမို့ ကျောင်းတန်းမအပ်ဘဲစောင့်နေခဲ့ပါတယ်... ဗီယက်နမ်ပြန်ဖို့ရက်နီးလာတဲ့အထိကျောင်းက သမီးလေးဝင်ခွင့်စာမေးပွဲအတွက် မဆက်သွယ်တာမို့ ကျမကဘဲ သမီးလေးကို ဝင်ခွင့်စာမေးပွဲကြိုစစ်ပေးထားဘို့ တောင်းဆိုရပါတယ်... သူတို့ကျောင်းရဲ့ထုံးစံအရ လျှောက်လွှာစောတင်ထားသူတွေ အရင်နှစ်တွေထဲက waiting listနဲ့စောင့်နေသူတွေကို အရင်ခေါ်ဖို့စီစဉ်ထားတာ... ဒါပေမဲ့ ခလေးကသိပ်တော်နေရင်တော့ ဒီအချက်တွေမကြည့်ဘဲ ကျောင်းဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ပြောတာကြောင့် သမီးလေးကိုယုံကြည်ပြီး ဝင်ခွင့်ကြိုဖြေခွင့်ပြုဖို့... နောက်မှ တခြားဖြေတဲ့သူတွေနဲ့ ယှဉ်ရွေးဖို့ တောင်းဆိုလိုက်တာပါ...
ဝင်ခွင့်ကြိုဖြေခွငိ့ပြုလိုက်တာက ကျမတို့်အတွက်ကောင်းသွားတာပါ... မပြန်ခင်တစ်ရကိအလိုမှာသမီးလေး ဝင်ခွင့်သွားဖြေရပါတယ်... အထက်တန်းတက်မှာမို့ သားလေးဖြေတုန်းကထကိ ပိုကြာပါတယ်..၃နာရီလောက် စာဖြေခန်းအပြင်မှာ စောင့်နေခဲ့ရတယ်... သမီးလေးစာဖြေခန်းကထွက်လာတော့ စာစစ်တဲ့ထဲက ဆရာမတစ်ယောက်နဲ့စကားပြောရင်း ကျောင်းရဲ့ရုံးခန်းက သမီးလေးတက်ခွင့်ရဘို့ဖိုမသေချာကြောင်း အရှေ့မှာ နှစ်နဲ့ချီပြီးစောင့်နေတဲ့ ကျောင်းသားတွေကိုဦးစားပေးရမှာဖြစ်တဲ့အကြောင်းပြောထားတာတွေ ပြန်ပြောပြလိုက်ပါတယ်... အဲဒီဆရာမလေးက စိတ်မပူဘို့နဲ့ ဝင်ခွင့်အဖြေလွှာရဲ့ရလာဒ်ကိုဘဲ ကြည့်ပြီးရွေးချယ်မှာဖြစ်တဲ့အကြောင်းပြောပြီး သမီးလေးရဲ့အဖြေလွှာကို သူဘဲယူထားမယ်လို့ပြောတော့ အနည်းငယ်စိတ်အေးရပါတယ်...သူ့ရဲ့ အီးမေးလ်လိပ်စာလဲပေးလိုက်ပါတယ်....
ဒါပေမဲ့တပတ်ကြာတဲ့အထိမဆက်သွယ်တော့ စိတ်ပူမိပြီး အဲဒီကျောင်းနဲ့ပတ်သက်နေတဲ့သူတစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကိုပြောပြမိတော့ သူက မေးကြည့်ပေးပါတယ်... အဖြေကတော့ စောင့်နေဘို့ပ်ါဘဲ... မေးကြည့်ပေးတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်... ဘာမှမသိရတာထက်စာရင် သတင်းလေးမေးလို့ရတာက စိတ်သက်သာရာရစေပါတယ်...
နောက်တပတ်အထိမဆက်သွယ်တာမို့ ဝင်ခွင့်ဖြေပြီး နှစ်ပတ်မြောက်တဲ့နေ့မှာ ကျမဘယ်လိုမှငြိမ်ငြိမ်လေးထိုင်မစောင့်နိုင်တော့ဘဲ ကျမနဲ့စကားပြောထားတဲ့ စာစစ်တဲ့ဆရာမဆီကို အီးမေးလ်လှမ်းပို့လိုက်ပါတယ်...အဲဒီဆရာမက နောက်တနာရီမှာစာပြန်ပါတယ်... သူတို့မှာ ဝင်ခွင့်လျှောက်တဲ့သူအရမ်းများလို့ အချိန်ယူစိစစ်နေရကြောင်း... သို့ပေမဲ့ သမီးလေးက ဖြေထားတဲ့သူတွေထဲက အတော်ဆုံးစာရင်းထဲမှာပါနေကြောင်း... ခဏထပ်စောင့်ပေးဘို့နဲ့ သူပြန်ဆက်သွယ်မဲ့အကြောင်းဖြစ်ပါတယ်... သမီးလေးကတော့ အေးအေးဆေးဆေးပါဘဲ... ကျမကသာစိတ်တွေပူနေတာ... အဲဒီကျောင်းသာဝင်ခွင့်မရရင် တခြားကျောင်းတစ်ကျောင်းထပ်ရှာဘို့အချိန်မရှိတော့သလို ကြုံရာကျောင်းမှာလဲမထားချင်တာမို့ ဗီယက်နမ်မှာဘဲ ဆက်ထားလိုက်တော့မယ်လို့ကို ကြိုတင်စဉ်းစားထားလိုက်တော့တာ... သမီးလေးကျောင်းကနေ တခြားကျောင်းပြောင်းဘို့ ဝင်ခွင့်ဖြေထားတဲ့ခလေးတစ်ချို့ ဝင်ခွင့်အောင်တဲ့သတင်းရလို့ အတန်းထဲမှာ ထခုန်တယ်လို့ သမီးလေးပြန်ပြောပြတော့ သမီးလေးများစိုးရိမ်နေမလားလို့ ကျမကခဏစောင့်ဖို့ဖြောင်းဖျတော့ သူက ရပါတယ်လို့ဘဲပြန်ပြောတယ်....
ပြန်စာရပြီး နှစ်ပတ်အကြာ မိသားစုတွေအတူထိုင်စကားပြောနေတုန်း ဖုန်းသံမြည်လို့်ဖွင့်ကြည့်တဲ့အခါ ကျောင်းကအီးမေးလ်ဖြစ်နေတယ်... ဒါဟာ ဝင်ခွင့်ရလာဒ်ဆိုတာ တန်းသိလိုက်ပါတယ်... စာဖတ်အပြီးမှာ သမီးဝင်ခွင့်ရပြီ ကျောင်းအပ်လို့ရပြီလို့ ပြောလိုက်တော့ အိုကေ လို့ဘဲတခွန်းပြန်ပြောတယ်... ဒါနဲ့ကျမက သမီးသူငယ်ချင်းလိုလဲထမခုန်ပါလားဆိုတော့ သူကသိပြီးသားဆိုဘဲ... ပြီးတော့ ပြောလိုက်သေးတယ်...
"သမီးလိုလူကိုသူတို့လက်မခံဘူးဆိုရင်သူတို့အတွက်ဆုံးရှူံးမှူကြီးဖြစ်သွားမှာပေါ့" တဲ့ :D :D :D