Monday, April 30, 2012

ယုံကြည်ဆုတောင်း




သူ


လိုအင်ဆန္ဒတွေပြည့်ဝပါစေ

သူ

ဖြစ်ချင်တာတွေဖြစ်လာပါစေ

သူ

ဘဝလေးငြိမ်းချမ်းပါစေ

သူ

ပူလောင်ခြင်းတွေနဲ့ကင်းဝေးပါစေ

သူ

အရာရာအဆင်ပြေပါစေ

ထပ်ခါထပ်ခါသတိယတိုင်းဆုတောင်းပေးနေတယ်

စော်ကားတိုင်းလည်းသည်းခံခဲ့ပါတယ်

နောက်ကွယ်ကအတင်းစကားတွေကိုလည်း

ဥပေက္ခာပြုခဲ့ပါတယ်

နောက်ကျောကထိုးစိုက်ခဲ့တဲ့ ဓားဒဏ်ရာတွေ

နာကျင်နေသော်လည်း

အားယူပြုံးပြခဲ့ပါတယ်

အထင်လွဲကောင်းလွဲခဲ့မယ်

အမြင်တိမ်းစောင်းခဲ့လိမ့်မယ်

ဘာမှမစဉ်းစားဘဲမသိယောင်သာဆောင်ခဲ့ပါတယ်

ဆုတောင်းပေးရင်းကိုယ့်စိတ်ကိုဖြေသိမ့်တယ်

သူ့ဘဝအရာရာပြည့်စုံရင်

အရာရာကိုအကောင်းဘက်ကမြင်တတ်လာမယ်ယုံကြည်ရင်း

Tuesday, April 17, 2012

၂၀၁၂မြန်မာ့နှစ်သစ်အတာသင်္ကြန် ၁၃၇၄ (ဘင်ဂျွန်း၊ဗီယက်နမ်)

ဆရာတော်ဦးဓမ္မပါလနှင့်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်


/>

ကျမနှင့်မိတ်ဆွေများ



အစားအသောက်မီးလိုတောက်



သမီးနှင့်သားရေမစိုခင်



ပျော်ပျော်ရွှင်ရွှင်ရေကစားစဉ်


လက်မလည်အောင်အားပေးကြသောရွှေရင်အေးစားပွဲအနီးမှဘင်ဂျွန်းမြို့စားကြီး


ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့အနီးက ဘင်ဂျွန်းမြို့လေးမှာ ပထမအဆုံးအကြိမ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်လေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်…. ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ လိုအပ်ချက်တခုမှမရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တာက ဘင်ဂျွန်းမြို့ခံတွေရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်…. ကျမတို့ဟိုချီမင်းမြို့ပေါ်ကလူတွေက ဧည့်သည်သွားဧည့်သည်ပြန် ဖိတ်ထားတဲ့သူတွေကိုဧည့်ခံရုံလောက်ပါဘဲ… သူတို့တွေကတော့ ပွဲမလုပ်ခင်ထဲက ဆရာတော်ကျောင်းဝင်းထဲကခြံကိုရှင်းလင်းရတဲ့ အလုပ်ကြမ်းကအစ၊ အိပ်ရေးပျက်ခံပြီး အစားအသောက်အတွက် ချက်ပြုတ်ကြရတဲ့အပြင် အစကနေအဆုံး တတပ်တအားနဲ့ ပြင်ဆင်ပေးခဲ့ကြတာပါ…. အစီအစဉ်ဖြစ်မြောက်အောင် အလုပ်တဖက်နဲ့ မအားတဲ့ကြားကနေ စိတ်ပါကိုယ်ရောက်အပင်ပန်းခံပြီးဦးဆောင်ခဲ့တဲ့ ဘင်ဂျွန်းမြို့ခံမလီကို ဘင်ဂျွန်းမြို့စားကြီးလို့ ရာထူးတပ်ပေးလိုက်ပါတယ်….
တကယ်တော့ဒီပွဲလေးကို သူငယ်ချင်းတွေစကားထိုင်ပြောကြရင်း သင်္ကြန်ပွဲလေးလုပ်ရအောင်လို့ စကားစမိရာကနေ လုပ်ဖြစ်သွားတာပါ… အသေအချာ အစည်းအဝေးထိုင် ၊ အစီအစဉ်တွေဆွဲပြီး စီစဉ်ခဲ့ကြတာမဟုတ်ပါဘူး…. လုပ်ချင်တဲ့ဆန္ဒတခုဘဲရှိကြပေမဲ့ အားလုံးပါဝင်ဆင်နွှဲနိုင်ဘို့ နေရာအခက်အခဲကရှိနေတော့ ခြံအကျယ်ကြီးနဲ့ ဆရာတော့်ကျောင်းတော်ကို မျက်စောင်းထိုးခဲ့ကြတာပါ… ဆရာတော်က ဘင်ဂျွန်းမြို့မှာဆိုတော့ ဘင်ဂျွန်းမြို့ကမလီက ဆရာတော်ကိုလျှောက်ထားတဲ့အခါ ဆရာတော်ကလည်း မြန်မာတို့ရဲ့ရိုးရာပွဲတော်ကို ဗီယက်နမ်လူမျိုးဒကာတွေကို မြင်ဖူးစေချင်တာကြောင့် ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ ဒီပွဲလေးဖြစ်မြောက်ခဲ့ပါတယ်....

Tuesday, April 10, 2012

သင်္ကြန်ပွဲတော် အတူနွှဲပျော်





ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ပထမဆုံး စလုပ်ဖြစ်တဲ့ သင်္ကြန်ပွဲလေးပါ…. ကျောင်းထိုင်ဆရာတော်ဦးဓမ္မပါလ သီတင်းသုံးရာကျောင်းတိုက်မှာကျင်းပမှာဖြစ်ပါတယ်… နန်းကြီးသုတ်၊မုန့်လုံးရေပေါ်၊ရွှေရင်အေး စတဲ့ အကျွေးအမွေး အစီအစဉ်များနဲ့အတူ ရေကစားကြမှာဖြစ်ပါတယ်… တခါမှမလုပ်ဖူးတာမို့ ဖိတ်စာတွေဘာတွေလဲမစီစဉ်မိပါဘူး… Facebook ကနေဘဲ Event invite ပို့ကြပါတယ်…. ဖိတ်စာကို အိမ်မှာစမ်းလုပ်ကြည့်တော့လည်း အိမ်ကprinter ကမင်ကုန်ခါနီးမို့(မြင်ကြတဲ့အတိုင်း) အရောင်မှိန်နေတာကို ဘာမှဆက်မလုပ်တော့ဘဲ ဒီတိုင်းဘဲထားလိုက်ပါတယ်….ပထမဆုံးအကြိမ်မို့ ဘယ်လိုလာမလဲမသိသေးပေမဲ့ ရင်ခုန်စွာ ကြိုတင်ပျော်နေမိပါတယ်… ဗီယက်နမ်နိုင်ငံသားတွေကို မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ပြသခွင့်ရမှာမို့လည်း စိတ်လှုပ်ရှားရပါတယ်… ခလေးတွေလည်း ရေကစားရမှာမို့ပျော်နေကြတယ်… အစီအစဉ်လေး အောင်မြင်ပါစေလို့ ဆုတောင်းမိပါတယ်….
ဘလော့ကိုလာလည်ကြတဲ့ ဟိုချီမင်းမြို့အနီးတဝိုက်မှာနေထိုင်ကြတဲ့ ရွှေမြန်မာများကိုလည်း ကျမတို့နဲ့အတူ သင်္ကြန်ပွဲတော်ကို လာရောက်ဆင်နွှဲကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်….

(ပထမပို့စ်ရဲ့အဆက်)

စီစဉ်ရင်းနဲ့တဖြည်းဖြည်း ပွဲကပိုကြီးလာတယ်...
ဗီယက်နမ်လူမျိုးဧည့်သည်တွေလာကြမှာဆိုတော့ ကျမတို့တွေ မြန်မာဝတ်စုံတွေရှိတာထုတ်ဝတ်ဖို့
ဆုံးဖြတ်ထားကြပါတယ်....

(ထပ်တိုးတဲ့အစားအသောက်စာရင်း)

အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း စတုဒီသာ ရသာစုံ
စားသောက်ဖွယ်ရာများနှင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်
...
နံနက်ပိုင်း (8:00 AM မှစ၍ နေ့လည် 14:00 PM ထိ)

1. အထူးရှယ် ဝက်သားပေါက်စီ
2. အထူးရှယ် ရသာစုံ PIZZA ပီဇာ
3. ကော်ဖီ အပူ/အအေး
4. အထူးရှယ် သတ်သတ်လွတ် ထမင်းကြော်
5. မြန်မာ့ရိုးရာ မန်ကျည်းဖျော်ရည်
6. အထူးရှယ် ရွေရင်အေး
7. အထူးရှယ် ရွေလက်ရာ မြန်မာ့ကြက်သားနန်းကြီးသုတ်
8. ရွေလက်ရာ ဆီထမင်း ငါးခြောက်ဖုတ်
9. ရွေလက်ရာ ရှယ်လ္ဘက်သုတ်
10. မြန်မာ့ရိုးရာ မုန်လုံးရေပေါ်
ပုံ /
စုပေါင်းအလှူရှင်များ Vietnam ( HO CHI MINH CITY) Binh Duong