Tuesday, April 17, 2012

၂၀၁၂မြန်မာ့နှစ်သစ်အတာသင်္ကြန် ၁၃၇၄ (ဘင်ဂျွန်း၊ဗီယက်နမ်)

ဆရာတော်ဦးဓမ္မပါလနှင့်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်


/>

ကျမနှင့်မိတ်ဆွေများ



အစားအသောက်မီးလိုတောက်



သမီးနှင့်သားရေမစိုခင်



ပျော်ပျော်ရွှင်ရွှင်ရေကစားစဉ်


လက်မလည်အောင်အားပေးကြသောရွှေရင်အေးစားပွဲအနီးမှဘင်ဂျွန်းမြို့စားကြီး


ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့အနီးက ဘင်ဂျွန်းမြို့လေးမှာ ပထမအဆုံးအကြိမ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်လေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်…. ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ လိုအပ်ချက်တခုမှမရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တာက ဘင်ဂျွန်းမြို့ခံတွေရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်…. ကျမတို့ဟိုချီမင်းမြို့ပေါ်ကလူတွေက ဧည့်သည်သွားဧည့်သည်ပြန် ဖိတ်ထားတဲ့သူတွေကိုဧည့်ခံရုံလောက်ပါဘဲ… သူတို့တွေကတော့ ပွဲမလုပ်ခင်ထဲက ဆရာတော်ကျောင်းဝင်းထဲကခြံကိုရှင်းလင်းရတဲ့ အလုပ်ကြမ်းကအစ၊ အိပ်ရေးပျက်ခံပြီး အစားအသောက်အတွက် ချက်ပြုတ်ကြရတဲ့အပြင် အစကနေအဆုံး တတပ်တအားနဲ့ ပြင်ဆင်ပေးခဲ့ကြတာပါ…. အစီအစဉ်ဖြစ်မြောက်အောင် အလုပ်တဖက်နဲ့ မအားတဲ့ကြားကနေ စိတ်ပါကိုယ်ရောက်အပင်ပန်းခံပြီးဦးဆောင်ခဲ့တဲ့ ဘင်ဂျွန်းမြို့ခံမလီကို ဘင်ဂျွန်းမြို့စားကြီးလို့ ရာထူးတပ်ပေးလိုက်ပါတယ်….
တကယ်တော့ဒီပွဲလေးကို သူငယ်ချင်းတွေစကားထိုင်ပြောကြရင်း သင်္ကြန်ပွဲလေးလုပ်ရအောင်လို့ စကားစမိရာကနေ လုပ်ဖြစ်သွားတာပါ… အသေအချာ အစည်းအဝေးထိုင် ၊ အစီအစဉ်တွေဆွဲပြီး စီစဉ်ခဲ့ကြတာမဟုတ်ပါဘူး…. လုပ်ချင်တဲ့ဆန္ဒတခုဘဲရှိကြပေမဲ့ အားလုံးပါဝင်ဆင်နွှဲနိုင်ဘို့ နေရာအခက်အခဲကရှိနေတော့ ခြံအကျယ်ကြီးနဲ့ ဆရာတော့်ကျောင်းတော်ကို မျက်စောင်းထိုးခဲ့ကြတာပါ… ဆရာတော်က ဘင်ဂျွန်းမြို့မှာဆိုတော့ ဘင်ဂျွန်းမြို့ကမလီက ဆရာတော်ကိုလျှောက်ထားတဲ့အခါ ဆရာတော်ကလည်း မြန်မာတို့ရဲ့ရိုးရာပွဲတော်ကို ဗီယက်နမ်လူမျိုးဒကာတွေကို မြင်ဖူးစေချင်တာကြောင့် ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ ဒီပွဲလေးဖြစ်မြောက်ခဲ့ပါတယ်....

10 comments:

  1. ပျော်စရာ နှစ်သစ်ကူးပွဲကို လာကြည့်သွားပါတယ်..း)
    Happy New Year!

    ReplyDelete
  2. မမနော် တို့ မိသားစုအားလုံး ပျော်ရွှင်စရာ မြန်မာနှစ်သစ်မင်္ဂလာ ဖြစ်ပါစေ

    ပိုးပိုး

    ReplyDelete
  3. အစ်မရေ... ဗီယက်နမ်မှာလည်း မြန်မာတွေများတယ်နော်.... ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်လေးဖြစ်ပါစေ.. ဆုတောင်းပေးပါတယ်..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. ပျော်စရာကြီး မင်္ဂလာနှစ်သစ်ပါဖောရေ....း)

    ReplyDelete
  5. ဓါတ်ပုံတွေ ကြည့်ရတာနဲ့တင် ပျော်စရာကြီး..၊ အောင်အောင်မြင်မြင် ပြီးသွားတာ ကြားရလို့ ဝမ်းသာပါတယ်ဗျာ...။

    ReplyDelete
  6. ပျော်စရာကြီးဗျား..ပျော်ရွှင်ဖွယ် နှစ်သစ်လေးဖြစ်ပါစေ..ဗွမ်း..ဗွမ်း..ဗွမ်း

    ReplyDelete
  7. ပျော်ရွှင်ဖွယ် သင်္ကြန်လေးပါဘဲ အစ်မရေ... ကလေးတွေအတွက် ပိုပျော်စရာကောင်းမယ်နော်...

    ReplyDelete
  8. ပျော်စရာပဲ..
    သားလေးနဲ့ သမီးလေးက ထွားလာလိုက်ကြတာ..
    သူတို့ ကြည့်ရတာ ပျော်နေပုံပဲ

    ဆက်ရေးနော်..

    စင်စင်

    ReplyDelete
  9. မ သမီးနဲ့သားပိုထွားလာသလို ပိုချစ်ဖို့ကောင်းလာတယ်
    မျက်နှာလေးတွေကကြည်နေတာပဲ

    ReplyDelete
  10. ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ညီမရေ သားနဲ့သမီး ကိုလည်း နှုတ်ဆက်ပါတယ်

    ချစ်တဲ့
    အမရွှေစင်

    ReplyDelete