(ကျမနှင့် Mrs Kim)ပိုဆိုးတာက သူတို့မိသားစုထဲမှာ လူစဉ်မမီ ဥာဏ်ရည်မမီတဲ့ သူတစ်ယောက်ပါလာတယ်... စစ်ရဲ့ဆိုးမွေပေါ့.... ဗီယက်နမ်မှာ အဲလိုမျိုး Agent Orange Victims တွေတော်တော်များပါတယ်.... အဲလိုမျိုး စာဝတ်နေရေး အဆင်မပြေတဲ့ကြားက ဒီလိုလူ မိသားစုထဲပါလာတဲ့အခါ စိတ်ရောလူရော ပိုပြီးပင်ပန်းကြရပါတယ်...အဲဒီအကြောင်းအကျယ်တဝင့်သိချင်ရင်(http://www.vn-angentorange.org/) မှာကြည့်နိုင်ပါတယ်... ဒါပေမဲ့ သူ(ကျမရဲ့အိမ်ဖော် အမျိုးသမီးကြီးMrs Kim)ကတော့ တခြားသူတွေလောက် မရိုင်းပါဘူး... ဆင်းရဲပေမဲ့ပညာကို မရ ရအောင် ကြိုးစားသင်ယူခဲ့လို့ ဗဟုသုတ လဲကြွယ်ဝပါတယ်.... အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောနိုင်ပါတယ်... အခုတော့ သူ့သားတွေလဲ ပညာတတ်တွေ ဖြစ် အိမ်ထောင်တွေကျကုန်လို့ မြေးတွေထိန်းရတော့မှာမို့ သူအလုပ်မလုပ်တော့ပါဘူး... ကျမဆီတော့ တခါတလေ လာလည်ပါတယ်...(သူ့အကြောင်းရေးရတာက ပေါက်ကရအတွေးများပိုင်ရှင် စည်သူကတောင်းဆိုထားလို့ပါ)
သူတို့လူမျိုးတွေက အင်္ဂလိပ်စကားပြောမှာ အားနည်းပါတယ်... အများအားဖြင့် ဒီမှာနေတဲ့နိုင်ငံခြားသားတွေဟာ သူတို့စကားကို အနည်းဆုံး ဈေးဝယ်ဖို့လောက်တော့ သင်ထားကြရပါတယ်... အင်္ဂလိပ်စကားပြောနိုင်ကြသူတွေရှိပေမဲ့ အများစုက အသံထွက်တော်တော် ညံ့တာမို့ သိပ်နားမလည်ပါဘူး... နေတာကြာသွားမှသာ သူတို့ရဲ့ အင်္ဂလိပ်စာအသံထွက်ကို ဘာပြောရင် ဘာကိုဆိုလိုတယ် ဆိုတာ မှန်းတတ်သွားမှဘဲ အဆင်ပြေပါတယ်... ဥပမာ Saigon Square ဆိုရင် ဆိုင်ဂုံကွဲ လို့အသံထွက်ကြတယ်... Lucky Plaza ဆိုရင် လူကီလာဇာလို့ အသံထွက်တယ်... Village ကိုဗီလာ လို့အသံထွက်တယ်... အဲလိုတွေသိသွားတဲ့အခါ သူတို့စကားမပြောနိုင်ပေမဲ့လဲ အဆင်ပြေသွားပါတယ်.... ကျမကတော့ အဲဒီ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းအထိ ရန်ကုန်နဲ့ ဗီယက်နမ်ကို သွားလိုက်ပြန်လိုက်ပါဘဲ... ဗီယက်နမ်မှာ အကြာကြီးလိုက်မနေနိုင်တာကြောင့် ရန်ကုန်မှာ စီးပွါးရေး တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပါသေးတယ်... ဒါပေမဲ့ တစ်နှစ်ပါဘဲ.... အကြောင်းကြောင်းကြောင့် ဆက်မလုပ်တော့ဘို့ဆုံးဖြတ်လိုက်တာပါ (အဲဒီအကြောင်းနောက်မှရေးပါမယ်) နောက်ဆုံးနှစ်စာမေးပွဲဖြေရတော့မဲ့၂၀၀၁ခုနှစ်မှာ ခလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်ပြီး ခင်ပွန်းသည်နဲ့ အတူ ဗီယက်နမ်မှာ လိုက်နေတယ်...ကိုယ်ဝန်ရှိတယ်လို့ ကိုယ့်ကိုကိုယ် သံသယဝင်တဲ့ အချိန်မှာ ဗီယက်နမ်မှာ ခလေးမွေးရမှာကြောက်မိတယ်... ဒီလိုအချိန်မျိုးမှာ မြန်မာဆရာဝန်နဲ့ဘဲပြချင်တယ်... ဒါပေမဲ့ခင်ပွန်းသည် သဘောမတူမှာစိုးလို့ သူ့ကိုဖွင့်မပြောဘဲ ရန်ကုန်ပြန်ဘို့ ကိုယ့်ဟာကိုယ် စီစဉ်တယ်.... လေယာဉ်လက်မှတ်ဝယ်ပြီးတော့ မပြန်ခင် နှစ်ရက်အလိုမှာ မြန်မာသံရုံးကို အသွား လမ်းမှာ ဆိုင်ကယ်မှောက်တယ်... စိတ်ထဲမှာကိုယ်ဝန်ပျက်သွားရင်ဒုက္ခလို့ တွေးပြီးကြောက်လိုက်တာ... ယောင်္ကျားကို မပြောထားတော့ ကိုယ့်ဟာကိုယ်တိတ်တိတ်လေး လန့်နေမိတယ်.... ရန်ကုန်ရောက်ရောက်ခြင်း test လုပ်တော့ ကိုယ်ဝန်ရှိတာ သေချာသွားတယ်... ဆရာဝန်သွားပြတော့ bleeding ဖြစ်နေတာကို ဆရာဝန်အရင်မပြဘဲ ဒီတိုင်းပြန်ချလာတဲ့ ကိုယ် အဆူခံရတယ်... ဘုရားပေးတဲ့ခလေးမို့ သမီးလေးလူ့လောကထဲရောက်လာရတာ... ကျမရဲ့တဇွတ်ထိုး စိတ်ကို ပထမဆုံးအကြိမ်နောင်တရမိတယ်.... ဆေးထိုးဆေးသောက်နဲ့ ကိုယ်ဝန်မြဲအောင် အိပ်ရာပေါ်မှာ ၂လလောက် နားလိုက်ရတယ်.... ကိုယ်ဝန်တစ်ဖက်နဲ့ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်... ကြင်ယာစုံပြီးမှ ပညာစုံခဲ့တာပါ.... ၂၀၀၁ခုနှစ် ဒီဇင်င်္ဘာလ ၂၀ရက် ညသန်းခေါင် မှာကိုယ်ဝန် ၃၇ ပတ်နဲ့ ဗိုက်တွေနာလာတယ်...မနက်၆နာရီလောက်ဆေးရုံကိုရောက်သွားတယ်...သားအိမ်ပွင့်တာ 5cmနဲ့ရပ်သွားပြီး ဆက်မပွင့်တော့လို့ အရေးပေါ် ဗိုက်ခွဲပြီး မနက်၈နာရီ၁၆မိနစ်မှာ ကျမ်းမာ လှပတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်.... ကျမအတွက် ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားပေးတဲ့ဆုလေးပါ.... သမီးလေး ကာကွယ်ဆေးတွေ အကုန်ထိုးပြီးလို့ ၆လောက်ကျော်ကျော်လောက်မှာ ဗီယက်နမ် ကိုပြန်လာကြပါတယ်....
(ဆက်ရန်)
မရိုစ်.. အရမ်းချောတာပဲ
ReplyDeleteရှည်ရှည်လေး ရေးပါဗျိုး
ReplyDeleteကံကြီးပေတဲ့ သမီးလေး မို့ ပေါ့ ..
ReplyDeleteနောက်နောင် ဒီလို တဇွတ် မထိုး နဲ့တော့နော်..
နှစ်ဇွတ်သာ ထိုးပလိုက် ..
မရို့ စ် ( ရှလွတ် နှင်းဆီ ) က အတော်ရှည်သားနော် .. (အရပ်) ရှည်တာ ကိုပြောပါတယ် ..
တော်သေးလို့ပေါ့..ဆိုင်ကယ်မှောက်ပြီးဘာမှမဖြစ်တာ...။
ReplyDeleteရုပ်တော်တော်ပြောင်းသွားလားလို့...။
တော်ပါသေးရဲ့ ....
ReplyDeleteဗီယက်နမ်တွေစကားမပီတာတော့...
တချို့ တွေပြောတာ ဘာမှနားမလည်ဘူး။ တချို့ တွေတော့ ပီကြပါတယ်။
အစ်မရေ အတွေ့ အကြုံလေး လာဖတ်သွားတယ် ဆက်ပါဦးဗျ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ် ဗဟုသုတလည်း ရတယ်
ReplyDeleteခင်တဲ့
ရန်ကုန်သား :))
ရို့စ်က အချောစားလေးပဲ။
ReplyDeleteဘာသာစကား မပီသကြတာ အလေ့အကျင့်နဲ့ ဆိုင်တယ်လို့ ဆိုတယ်။
တရုပ်လူမျိုးတွေလည်း စကားပြောရင် နှာခေါင်းသံ ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ ကြီးတယ်ဆိုရင် ဘိုဆရာနဲ့ စာသင်ခဲ့တယ်ဆိုရင် လုံးဝ ပီပီသသ ပြောနိုင်တယ်။
အရင်ကတော့ မအယ်က လူမျိုးနဲ့ ဆိုင်တယ် ထင်ခဲ့တာ။ စကားလုံးတွေကို ကျင့်တဲ့ ပုံစံစာရွက်လေးနဲ့ လိုက်ကျင့်ရင် နဂိုက ကိုယ်ပီပီသသ မထွက်နိုင်တာတွေလည်း ပီလာတယ်။
စာမတတ်တဲ့သူဆိုရင်တော့ မပြောတတ်ဘူး။ သင်တာကတော့ a b c တွေ နဲ့ အသံထွက် သင်ရတာပဲ။ ရေးရင်း ကိုယ်ဖာသာ ပြန် စဉ်းစားမိလို့ ပါ။
မအယ်
ဓာတ်ပုံလေးကိုလည်း ကလစ်ခေါက် အကြီးချဲ့ ကြည့်ပြီး...
ReplyDeleteပို့စ် ကိုလည်း ဖတ်ပြီး...
နောက်ရေးမှာတွေကိုလည်း မျှော်ရင်း...
ဒါနဲ့ Rose ရေ တို့များငယ်ငယ်က သွယ်လျလျလေးတွေပါနော်...
အခုမှ ဒီလို ဖစ်လာတာ မသီတာတော့ "နင်တို့ကို ဗိုက်ထဲ ထည့်ခဲ့ရလို့" လို့ သားနှစ်ယောက်ကို ပတ်ရမ်းတာပဲ...
အယ် တီတီရို့စ်ရေ profile photo နဲ့တခြားစီပဲ လှတယ် သိလား
ReplyDeleteပြောရဦးမယ် အိမ်မှာupdate မတက်တာလားဘာလားမသိဘူး ၂ က မပေါ်ဘူးလေ ဒါနဲ့ အခု ၃ တင်တော့ အယ် ၂ ရောဆိုပြီးတော့ပေါင်းဖတ်သွားတယ်သိလား အိမ်မှာ ဘာဖြစ်မှန်းမသိဘူး တခါတလေ အဲလိုပဲ ဟိဟိ
တော်သေးတာပေါ့ သမီးလေးကို ရလို့နော် မဟုတ်ရင် ရို့စ်တော့ ငိုမှာ ဟုတ်တယ်မလား ပထမဆုံး သမီးလေး ရတာ သဘောကျတယ် ညီမလဲ ကလေးဆိုရင် မိန်းကလေး ပိုချစ်တယ် ဘာလို့လဲမသိဘူး ဟိဟိ မွေးဖြစ်ရင်လဲ သမီးလေးပဲ အရင်မွေးမယ် ဟားဟားးးးးး အယ် သားလေးလဲ ချစ်ပါတယ်နော် တော်နေ မရို့စ်သားက သူ့ကျမချစ်ဘူး ဖြစ်နေဦးမယ် ပြောပေးဦးနော် ကလေးတွေကိုလဲ မေးပါတယ် လို့ သိလား ဘိုင် တာ့တာ အရှည်ကြီး မန့်သွားတယ် နော် ဟက်
ရို့စ် ချောချော.. တို့ရို့စ်က တကယ့်ကို ချစ်စရာလေးနော်..။
ReplyDeleteရို့စ်က တဇွတ်ထိုးလေးပေါ့လေ.။ .. :D
ဗီယက်နမ်အတွေ့အကြုံလေးတွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်တယ်။
ဆက်ရန်မျှော်နေသည်...... :)
ရို့ စ်က ချောတယ်...
ReplyDeleteတို့သူငယ်ချင်းတယောက်လည်း ကိုယ်ဝန်တလနဲ့ ကားတိုက်ခံရလို့
ခြေသလုံးကျိုးသွားတာနဲ့ ဆေးရုံမှာ ရက်ရှည်လများ အသားတွေဖြူဖွေးတဲ့ထိအောင် နေခဲ့ရပြီး ခလေးမွေးခဲ့ရတာ ( သားဦးခလေး ) ...ကားတိုက်ခံရပြီး ခလေးက ဘာမှဖြစ်မသွားဘဲ အကောင်းလေးဘဲ မွေးလာခဲ့တာပေါ့...
ဖတ်လို့ကောင်းတယ် မျှော်နေဦးမယ်...
mie nge
စာလာဖတ်တယ်
ReplyDeleteဓါတ်ပုံကို ပုံကြီးချဲ့ကြည့်သွားတယ်
ချောတယ်ဗျို့ အရပ်အမောင်းလည်း မိုက်တယ်
ဗီယက်နမ်တွေ စကားမပီတာ တရုတ်နဲ့ စပ်လို့နဲ့ တူတယ်ထင်တယ် စင်ကာပူတို့ မလေးတို့ တရုတ်တို့ လဲ သိပ်မပီပါဘူး ဒါတွေက professional မဟုတ်တဲ့ အညတရ တွေဘဲ ဖြစ်မယ်ထင်ပါတယ် ကျနော်တို့ မြန်မာတွေလဲ မပီတာ အများကြီးပါပဲ အခု အမေရိကားမှာ ရောက်လာမှ ကိုယ့်လဲ pronounciation တွေ အရမ်းအားနည်းတာ တွေ့ရပါတယ် ဒါတွေက မိခင်ဘာသာစကားတွေကို ပြောရင်းနဲ့ ဖြစ်လာတယ်လို့ ထင်ပါတယ် ...
ReplyDeleteမရေ........
ReplyDeleteကယ်အားလုံးကပြေားနေကြပြီ ချေားတယ်တဲ့
ရုံလေးလည်းပြေားမယ် မမကအရမ်းချေားတယ်
မုန့် ကျွေးသင့်ပြီနော်
မမရေ ဆိုင်ကယ်မှောက်တာ ဖတ်ရတာ အူယားလိုက်တာ
ReplyDeleteကံအလွန်ကောင်းတဲ့ ညီမလေးပဲနော်
သမီးအချော သားအချောလေးရဲ့ အမေဆိုတော့ မမက တော်တော်ချောတာပဲ အရပ်ရှည်ရှည်နဲ့ :)
မမရေ ဆက်ရန်တွေ မျှော်နေမယ်နော်
မရေ....ချောလိုက်တာ။ အဟုတ်ပြောတာ မုန့်ကျွေး ဟိဟိ။
ReplyDeleteတကယ်ချောတယ်။
အတွေ့ အကြုံလေးလဲ လာဖတ်သွားတယ်။
ဆက်မယ်ဆို စောင့်မယ်လေ။
မမရေ တကယ်အဟုတ်ကိုချောတာဘဲ
ReplyDeleteမောဒယ်ဘဲနော့
သမီးလေးက မေမေလောက်မချောဘူး
ဒါပေမဲ့ ချစ်စရာလေးနော်
ပျော်ရွှင်ပါစေနော်။
ဆက်ရန်မျှော်နေမယ် မမရေ
မရှယ်ရွန်က မိုက်တယ်ဗျို့။ မော်ဒယ်ဂဲလ်ပဲ။ အခုလဲ မ၀သေးပါဘူး။ အပျိုလေးအတိုင်းပဲဟာ။မျက်မှန်တပ်တယ်ထင်တယ်နော်။
ReplyDeleteအဟဲ..မျက်မှန်သမားမို့ အဖော်လိုက်ညှိတာ။
အဲဒီ orange agent ကို.. တော်တော် စိတ်ဝင်စားမိတာ.. ။ အမေရိကန် တွေလည်း..လူမဆန် ခဲ့တာပဲ။ တချို့ လူတွေကတော့..ဘာသာရေးရှုထောင့်က.. ထင်ကြတယ်တဲ့.. ဗီယက်နာမ် ..ကမ်ဘောဒီးယားမှာ..အဲဒီလို..လူစဉ်မမှီ ကလေးတွေ တအား များတာ.. အရင်ဘ၀ က..ခုတ်ကြ..ဖြတ်ကြ..သတ်ကြ လို့.. ၀ဋ္ဋ်လိုက်တာ လို့ ထင်တဲ့ သူတွေလဲ ရှိတယ် တဲ့..
ReplyDeleteအပေါ်က..မသီတာ ပြောတာ..သဘောကျလို့..ဟိ..
မသီတာရေ..မတန်ခူး ဆီမှာ..အေရိုးဘစ် သွားတက်လေ..း))
အစ်မ ကျနော် အဲလို အတွေ့အကြုံတွေ ဖတ်ရတာအားသန်တယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာဒေသအကြောင်းတွေ၊ ကိုယ် မတွေ့ဖူးတဲ့ အတွေ့အကြုံတွေသိရတယ်။
ReplyDeleteအမရေးထားတာလဲ ဖတ်လို့ချောလိုက်တာ။
သမီးလေးကလဲ ချောတယ်နော်။
ခင်တဲ့
ဂျူ
i think it would have been easier for you to understand their english accent if you spoke french.
ReplyDeletecomment လေးတွေအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်....
ReplyDeleteကဲအမရေ အာလုံးက ချောတယ်ဆိုမှတော. ... ကျွန်တော်တောင်
ReplyDeleteပြောစရာမလိုတော.ဘူးထင်တယ် ... အားလုံးကိုတော. မုန်.ကျွေးဖို.
လိုပြီထင်တယ် ၀င်ဖွသွားတာဟီးးးးးးးးး တော်သေးတယ်နော် အမ
တူမလေး အဆင်ပြေပြေ ချောချောမွေ.မွေ. ရောက်လာလို. မွေးခါးနီး
ဖွားခါနီး ဆိုက်ကယ်မှောက်တာဗျာ ကံကြီးလို.ပေါ. အစ်ကို အဲတုန်းက
သာသိရင်တော. မကြီးတော.မလွယ်ဘူး အဟတ် .... :D
i went to vietnam esp Hochiminh and Danang for a month.. i don't find the Vietnamese that bad.. they r quite friendly.. even though not as much as the thais.. but i was not even cheated once.. even though a taxi driver tried to cheat me once.. normally they run their taxi meter.. i was cheated in thailand and burma more..
ReplyDeleteဘာလို့အဲလို တိတ်တိတ်ကလေးလုပ်ရတာလဲ...
ReplyDeleteဆိုင်ကယ်မှောက်တယ်ဆိုတော့ တော်တော် အန္တရယ်ကြီးတဲ့ ကိစ္စကို...
ဆက်ရန်မျှော်နေပါတယ်ဗျာ...
းဝ)
ZawZaw..........It's depent on which year you came to Vietnam, If you read my post from the part one, you will understand well what I mean. Anyway ,thanks for visiting my blog.
ReplyDelete